Tuesday 6 January 2015

မြန်မာဘောလုံးအကြောင်းနှင့်ပတ်သက်၍ အေဗရာမိုဗစ်ထံမှသိရှိထားဟု ရန်ကုန်နည်းပြသစ်ပြော

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ်သစ် ဆားဗီး ယားလူမျိုး ဂျက်ဆစ်က မြန်မာ လိဂ်ပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်အလိုမှ ရောက်လာသော်လည်း လက်ရွေးစင်နည်းပြအေဗ ရာမိုဗစ်ထံမှ အကူအညီများရရှိ ထားမှုကြောင့် ခက်ခဲမည်မထင် ကြောင်း ပြောကြားသည်။

၂၀၁၅ ရာသီ မြန်မာလိဂ် အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်မည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းသည် နည်းပြသစ်မီဒရက်ဂျက်ဆစ်ကို ပြိုင်ပွဲစတင်ရန် တစ်ပတ်အလို ဇန်နဝါရီ ၂ ရက်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့်အနေနဲ့ ပြိုင်ပွဲ နီးမှ ရန်ကုန်အသင်းကို ရောက် လာတယ်ဆိုပေမယ့် အခက်အခဲ အများကြီး မရှိနိုင်ဘူးလို့ထင်ပါ တယ်။ မြန်မာ့လက်ရွေးစင်နည်း ပြချုပ် အေဗရာမိုဗစ်နဲ့ ကျွန်တော် နဲ့က အလွန်ရင်းနှီး ပါတယ်။ သူ့ ဆီက လိုအပ်တဲ့အကူအညီတွေ တောင်းထားပြီးဖြစ်ပါတယ်။ မြန်မာ့ဘောလုံးလောကနဲ့ ပတ်သက်ပြီးတော့လည်း လက်ရွေးစင်နည်းပြဆီက အကြံဉာဏ်ကောင်းတွေ ရယူထားပါတယ်’’ ဟု နည်းပြချုပ် သစ်ဂျက်ဆစ်က ဇန်နဝါရီ ၅ ရက်တွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ကျင်းပခဲ့သည့် ရန်ကုန်အသင်း၏ ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အသက် (၅၆)နှစ်အရွယ်ရှိ နည်းပြဂျက်ဆစ်သည် ယူဂို ဆလားဗီးယား လက်ရွေးစင် ဟောင်းတစ်ဦးဖြစ်ပြီး နည်းပြဘဝ ကို ၁၉၉၂ တွင် စတင်ခဲ့သူဖြစ် သည်။ ၎င်းသည် နည်းပြဘဝတစ် လျှောက်တွင် ဥရောပကလပ် အသင်းများစွာကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဥရောပချန်ပီယံလိဂ်နှင့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွေ့ အကြုံရှိသူဖြစ်သည်။

နည်းပြ ဂျက်ဆစ်သည် ၂၀၁၄ တွင် ဘူဂေးရီးယား ဘော လုံးကလပ်အသင်းတစ်သင်းဖြစ် သော လီတက်စ်လိုဗက်အသင်းကို ကိုင်တွယ်ခဲ့ပြီး ယင်းအသင်းသည် ရာသီကုန်၌ အမှတ်ပေး ဇယားတတိယ နေရာ ရရှိခဲ့သည်။

နည်းပြချုပ်ဂျက်ဆစ်က ရန်ကုန် အသင်း ချန်ပီယံဆု အ တွက် အာမခံပြောကြားခြင်းမရှိ ခဲ့သော်လည်း စိန် ခေါ်မှုများကို အကောင်းဆုံးဖြတ်ကျော်သွား မည်ဖြစ်ကြောင်းနှင့် လက်ရှိနည်း ပြအဖွဲ့ ကစားသမား အင်အားနှင့် ပံ့ပိုးမှုနှင့်ဆိုပါက ချန်ပီယံဖြစ်ရန် အလားအလာကောင်းကြောင်း ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်း သည် မြန်မာလိဂ်အမှတ်ပေးချန် ပီယံဆုကို သုံးကြိမ်ရရှိထားပြီဖြစ် သည်။

7Day DAILY 

No comments:

Post a Comment