Tuesday 6 January 2015

KIA မှ အတင်းအကြပ် စစ်သင်တန်းတက်ခိုင်းသော ဒေသခံများ တာဝန် ထမ်းဆောင်လိုစိတ် မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်

Photo: KIA မှ အတင်းအကြပ် စစ်သင်တန်းတက်ခိုင်းသော ဒေသခံများ တာဝန် ထမ်းဆောင်လိုစိတ် မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်
Tuesday, January 6, 2015

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ အတွင်း ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ အတင်းအကြပ်စစ်သင် တန်း တက်ခိုင်းထားသော ဒေသခံများ သည် KIA အဖွဲ့ အတွင်း တာဝန် ထမ်းဆောင် လိုစိတ်မရှိသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ မှော်နယ်မြေ/ကျေးရွာ/ရပ်ကွက်များအတွင်းနှင့် ကံဆီး၊ ကျောက်မှော်၊ မြစ်မှော်၊ လေးအိမ်စု၊ ပန်ဂျာကျေးရွာများတွင်ရှိသော KIA စစ်သင်တန်းတက်ရောက်ပြီးသော ရွာသားများ အား KIA အဖွဲ့မှ လိုက်လံဖမ်းဆီး ခေါ်ဆောင်နေကြောင်း ကျောက်မှော် ရွာသားတစ်ဦးထံမှ သိရသည်။

ယခုကဲ့သို့ လိုက်လံဖမ်းဆီးနေသော ဒေသခံများသည် ၎င်းတို့ ဆန္ဒအရ KIA မှဖွင့်လှစ်သော စစ်သင်တန်းကို တက်ရောက်ခြင်းမဟုတ်ဘဲ KIA အဖွဲ့မှ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သောကြောင့် တက်ခဲ့ ရခြင်း ဖြစ် ကြောင်း KIA အဖွဲ့အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိသောကြောင့် ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် နေရ ခြင်းဖြစ်ကြောင်း ထွက်ပြေးနေသော ကံဆီးဒေသခံတစ်ဦး ၏ ပြောပြချက် အရ သိရ သည်။

KIA အဖွဲ့မှ ယခုကဲ့သို့ လူအင်အားများ ပြန်လည် စုဆောင်းနေခြင်းကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ် မိကြောင်းနှင့် မြစ်ကြီးနားမြို့တွင် မနေ့က စတင်ကျင်းပနေသော ကချင်ရိုးရာ မနောပွဲအား KIA အဖွဲ့လာရောက် နှောင့်ယှက်မည် ဆိုသောသတင်းနှင့် ဆက်စပ်နေသောကြောင့် မဖြစ်လာ ပါစေနဲ့လို့ ဆုတောင်းနေမိကြောင်း ဖားကန့်မြို့ခံ ကချင်အမျိုးသမီးတစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။

ဇော်လတ်(ဖားကန့်)
Credit to KDN
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ ကချင် လွတ်မြောက် ရေး တပ်မတော်(KIA) အဖွဲ့မှ အတင်းအကြပ်စစ်သင် တန်း တက်ခိုင်းထားသော ဒေသခံများ သည် KIA အဖွဲ့အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူး တစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ မှော်နယ်မြေ/ကျေးရွာ/ရပ်ကွက်များအတွင်းနှင့် ကံဆီး၊ ကျောက်မှော်၊ မြစ်မှော်၊ လေးအိမ်စု၊ ပန်ဂျာကျေးရွာများတွင်ရှိသော KIA စစ်သင်တန်းတက်ရောက်ပြီးသော ရွာသားများ အား KIA အဖွဲ့မှ လိုက်လံဖမ်းဆီး ခေါ်ဆောင်နေကြောင်း ကျောက်မှော် ရွာသားတစ်ဦးထံမှ သိရသည်။

ယခုကဲ့သို့ လိုက်လံဖမ်းဆီးနေသော ဒေသခံများသည် ၎င်းတို့ ဆန္ဒအရ KIA မှဖွင့်လှစ်သော စစ်သင် တန်းကို တက်ရောက်ခြင်းမဟုတ်ဘဲ KIA အဖွဲ့မှ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သောကြောင့် တက်ခဲ့ ရခြင်း ဖြစ် ကြောင်း KIA အဖွဲ့အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိသောကြောင့် ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် နေရခြင်းဖြစ်ကြောင်း ထွက်ပြေးနေသော ကံဆီးဒေသခံတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

KIA အဖွဲ့မှ ယခုကဲ့သို့ လူအင်အားများ ပြန်လည် စုဆောင်းနေခြင်းကြောင့် ကချင်ပြည်နယ်အတွင်း တိုက် ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ် မိကြောင်းနှင့် မြစ်ကြီးနားမြို့တွင် မနေ့က စတင်ကျင်းပနေသော ကချင်ရိုးရာ မနောပွဲအား KIA အဖွဲ့လာရောက် နှောင့်ယှက်မည် ဆိုသောသတင်းနှင့် ဆက်စပ်နေ သော ကြောင့် မဖြစ်လာ ပါစေနဲ့လို့ ဆုတောင်းနေမိကြောင်း ဖားကန့်မြို့ခံ ကချင်အမျိုးသမီးတစ်ဦး မှလည်း ပြောကြားခဲ့ပါသည်။

ဇော်လတ်(ဖားကန့်)
Credit to KDN 

No comments:

Post a Comment