Tuesday 6 January 2015

တောင်ကိုရီးယား မြားပစ်အသင်း မြန်မာအသင်းနှင့်ပူးတွဲလာရောက်လေ့ကျင့်

အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ပါဝင်သည့် တောင်ကိုရီးယား နိုင်ငံဂါဝန်ဒိုပြည်နယ် မြားပစ်အဖွဲ့ သည် စင်ကာပူ ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့် မြန်မာမြားပစ်အဖွဲ့နှင့်နေပြည် တော်၌ပူးတွဲလာရောက် လေ့ကျင့် လျက်ရှိကြောင်းသတင်းရရှိသည်။

ဂါဝန်ဒို မြားပစ်အဖွဲ့တွင် အားကစားသမားခြောက်ဦးပါဝင်ပြီး ဇန်နဝါရီ ၅ ရက်မှ ၁၇ ရက်အထိ ပဏာမ မြန်မာ့လက်ရွေးစင်မြားပစ် အားကစားသမားများနှင့်ပူးတွဲလေ့ကျင့်မှုများအပြင်လက်ရည်စစ်ပြိုင်ပွဲများ ယှဉ်ပြိုင် သွား မည်ဖြစ်သည်။

‘‘ဂါဝန်ဒိုမြားပစ်အဖွဲ့မှာ အမျိုးသမီးအားကစားသမား ခြောက်ဦးပါဝင်ပြီး တစ်ဦးက အာရှအားကစားပြိုင်ပွဲ မှာ ရွှေတံဆိပ်ရရှိထားတဲ့သူပါ။ ကိုယ့်ထက် အဆင့်မြင့်တဲ့ ကစားသမားတွေနဲ့ ပူးတွဲလေ့ကျင့်ရတဲ့အတွက် မြန်မာအားကစားသမားတွေအတွက် အလွန်အကျိုးရှိစေမှာဖြစ်ပါတယ်’’ဟု အဖွဲ့ချုပ်တာဝန်ရှိသူကဆို သည်။

ဂါဝန်ဒိုပြည်နယ် မြားပစ် အဖွဲ့အနေဖြင့် ယခင်နှစ်များက လည်း မြန်မာမြားပစ် အဖွဲ့များနှင့် ရန်ကုန်မြို့တွင် နှစ်ကြိမ်လာရောက်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး နေပြည်တော်၌မူ ပထမဆုံးအကြိမ်လာရောက် လေ့ကျင့်မှုပြု လုပ်ခြင်းဖြစ်သည်။

လက်ရှိတွင် လာမည့် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင် နေသည့် မြန်မာမြားပစ် အဖွဲ့တွင် ပဏာမလက်ရွေးစင် ၁၉ ဦးပါဝင် လျက်ရှိပြီး တောင်ကိုရီးယားနည်းပြဆရာဖြင့် လေ့ကျင့် လျက်ရှိ သည်။

မြန်မာမြားပစ်အဖွဲ့သည် စင်ကာပူဆီးဂိမ်းမတိုင်မီ တောင်ကိုရီးယားနိုင်ငံ၌ ပူးတွဲလေ့ကျင့်မှု သွားရောက်ပြု လုပ်ရန်စီစဉ်လျက် ရှိကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူ ကပြောသည်။

7Day DAILY 

No comments:

Post a Comment