Tuesday 6 January 2015

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။

အီးယူနိုင်ငံများက တင်သွင်း သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်း စုများကို နိုင်ငံသားဖြစ် ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။

‘‘EU ဆုံးဖြတ်ချက်မှာတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူညီမျှပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ် မှတ်ပေးဖို့ မည်သူတစ်ဦးတစ် ယောက်ကမျှ မြန်မာနိုင်ငံအစိုးရ ကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံ သားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ် မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရ မယ်လို့ မြန်မာကိုယ်စားလှယ် အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံး ကုလတွင် အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းနှင့် စီး ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင် ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံ သားပြုခွင့်ရသူနှင့် နိုင်ငံသား အဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်း က ဆိုသည်။

‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ် ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီ အစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှ မရှိတဲ့ နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ် မှာ မလိုလားအပ်တဲ့ပြဿနာတွေ ကိုဖြစ်ပေါ်စေတယ် လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးကို အမှန်တကယ်လို လားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက် ပြခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အာဆီယံထိပ် သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့ သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။

ယခု EU ကတင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင် ရာဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန် အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ် သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ်ပြုထောက် ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေ များကိုသာမူတည်၍ ဖြေရှင်းခဲ့ ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment