Tuesday 6 January 2015

ပိတ်ဆို့အရေးယူမှု ထပ်လုပ်မည်ဆိုပါက ရုရှအခြေအနေဆိုးရွားနိုင်ဟု ဂျာမနီ သတိပေး

Photo: ပိတ်ဆို့အရေးယူမှု ထပ်လုပ်မည်ဆိုပါက ရုရှအခြေအနေဆိုးရွားနိုင်ဟု ဂျာမနီ သတိပေး 
Tuesday, January 6, 2015

ရုရှအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများသည် ရုရှ၏ အခြေအနေကို ပိုမိုမတည်မငြိမ် ဖြစ်သွားစေနိုင်ကာ ရုရှနိုင်ငံအား ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ဖော်ပြထားသော သတင်း စာ အင်တာဗျူးတစ်ခုထဲတွင် ဒုတိယအဓိပတိ ဆစ်ဂ်မာဂါ ဘရီယယ်လ် (Sigmar Gabriel)က သတိပေးထားသည်။

“အဲဒါကို ဘယ်သူကပဲ အလိုရှိနေရှိနေ အဲဒါဟာ ဥရောပမှာရှိကြတဲ့ ကျွန်တော် တို့ အားလုံးအတွက် အများကြီး ပိုအန္တရာယ်ရှိမယ့် အခြေအနေ ဖြစ်လာစေပါ လိမ့်မယ်”ဟု ၎င်းက ဆိုခဲ့ပြီး ရုရှမှာ နူကလီးယား အင်အားကြီးနိုင်ငံဖြစ်ကြောင်း လည်း ထောက်ပြခဲ့သည်။ ရုရှအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြ ခြင်း ၏ ရည်ရွယ်ချက်မှာ ရုရှသည်ဆွေးနွေးမှု စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိ လာစေရန် ဖြစ်သည်။

“ရုရှအနေနဲ့ စီးပွားရေးအရနဲ့ နိုင်ငံရေးအရ အခုထက်တောင် ပိုပြီးတော့ မတည် မငြိမ်ဖြစ်လာအောင် လုပ်ချင်ကြသူတွေဟာ လုံးဝကွဲပြားခြားနားတဲ့ အကျိုးဆက် ကို ရည်ရွယ်ပြီး ဆက်လုပ်နေကြတာပါ” ဟု ဂျာမနီ၏ စီးပွားရေး ၀န်ကြီး လည်းဖြစ် သူ ဂါဘရီယယ်လ်က ဆိုသည်။

ဥရောပနှင့်အမေရိကန်မှ အချို့သူများသည် ၎င်းတို့၏ပြိုင်ဘက်ဟောင်း ရုရှနိုင်ငံက ဒူးထောက်အညံ့ခံလာ သည်ကို မြင်လို ကြသော်လည်း “အဲဒီလို လုပ်တာဟာ ဂျာမနီနဲ့ ဥရောပအတွက်လည်း အကျိုးကျေးဇူး မရှိပါဘူး” ဟု ဂျာမနီ ဒုတိယ အဓိပတိက ပြောခဲ့သည်။

“ကျွန်တော်တို့က ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးမှာ ကူညီချင်တာပါ။ ရုရှ ဒူးထောက်လာအောင် ဖိအားပေးချင်တာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောခဲ့သည်။

ယူကရိန်းအကျပ်အတည်း ပိုမိုကြီးထွား ပြင်းထန်လာရန် ရုရှသည် ယူကရိန်း သူပုန် များအား လက်နက်များနှင့် တပ်ဖွဲ့များ ပံ့ပိုးပေးခြင်းအားဖြင့် ဆွပေးနေ ကြောင်း အနောက်နိုင်ငံများက အကြိမ်ကြိမ် စွပ်စွဲထားကြသော်လည်း ထိုစွပ်စွဲ ချက် များကို ရုရှက ငြင်းဆန်ထားသည်။

ရုရှအပေါ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းနှင့် ရေနံဈေးများ ထိုးကျသွားခြင်းတို့ကြောင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ရုရှရူဘယ်ငွေတန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ရုရှအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများသည် ရုရှ၏ အခြေအနေကို ပိုမိုမတည်မငြိမ် ဖြစ်သွား စေနိုင်ကာ ရုရှနိုင်ငံအား ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ဖော်ပြထားသော သတင်းစာ အင်တာဗျူးတစ်ခုထဲတွင် ဒုတိယအဓိပတိ ဆစ်ဂ်မာဂါ ဘရီယယ်လ် (Sigmar Gabriel)က သတိပေးထားသည်။

“အဲဒါကို ဘယ်သူကပဲ အလိုရှိနေရှိနေ အဲဒါဟာ ဥရောပမှာရှိကြတဲ့ ကျွန်တော် တို့ အားလုံးအတွက် အများကြီး ပိုအန္တရာယ်ရှိမယ့် အခြေအနေ ဖြစ်လာစေပါ လိမ့်မယ်”ဟု ၎င်းက ဆိုခဲ့ပြီး ရုရှမှာ နူကလီးယား အင်အားကြီးနိုင်ငံဖြစ်ကြောင်း လည်း ထောက်ပြခဲ့သည်။ ရုရှအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြ ခြင်း ၏ ရည်ရွယ်ချက်မှာ ရုရှသည်ဆွေးနွေးမှု စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိ လာစေရန် ဖြစ်သည်။

“ရုရှအနေနဲ့ စီးပွားရေးအရနဲ့ နိုင်ငံရေးအရ အခုထက်တောင် ပိုပြီးတော့ မတည် မငြိမ်ဖြစ်လာအောင် လုပ်ချင်ကြသူတွေဟာ လုံးဝကွဲပြားခြားနားတဲ့ အကျိုးဆက် ကို ရည်ရွယ်ပြီး ဆက်လုပ်နေကြတာပါ” ဟု ဂျာမနီ၏ စီးပွားရေး ၀န်ကြီး လည်းဖြစ် သူ ဂါဘရီယယ်လ်က ဆိုသည်။

ဥရောပနှင့်အမေရိကန်မှ အချို့သူများသည် ၎င်းတို့၏ပြိုင်ဘက်ဟောင်း ရုရှနိုင်ငံက ဒူးထောက်အညံ့ခံလာ သည်ကို မြင်လို ကြသော်လည်း “အဲဒီလို လုပ်တာဟာ ဂျာမနီနဲ့ ဥရောပအတွက်လည်း အကျိုးကျေးဇူး မရှိပါဘူး” ဟု ဂျာမနီ ဒုတိယ အဓိပတိက ပြောခဲ့သည်။

“ကျွန်တော်တို့က ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးမှာ ကူညီချင်တာပါ။ ရုရှ ဒူးထောက်လာအောင် ဖိအားပေး ချင်တာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောခဲ့သည်။

ယူကရိန်းအကျပ်အတည်း ပိုမိုကြီးထွား ပြင်းထန်လာရန် ရုရှသည် ယူကရိန်း သူပုန် များအား လက်နက်များ နှင့် တပ်ဖွဲ့များ ပံ့ပိုးပေးခြင်းအားဖြင့် ဆွပေးနေ ကြောင်း အနောက်နိုင်ငံများက အကြိမ်ကြိမ် စွပ်စွဲထားကြ သော်လည်း ထိုစွပ်စွဲ ချက် များကို ရုရှက ငြင်းဆန်ထားသည်။

ရုရှအပေါ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းနှင့် ရေနံဈေးများ ထိုးကျသွားခြင်းတို့ကြောင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ရုရှရူဘယ်ငွေတန်ဖိုးသည် ဒေါ်လာနှင့် နှိုင်း ယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment