Tuesday 6 January 2015

၂၀၁၅ ကိုယ်စားလှယ်လောင်းများစာရင်း ရခိုင်အမျိုးသားပါတီ လာမည့်ဇွန်လတွင် ထုတ်ပြန်မည်

၂၀၁၅အထွေထွေရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသားပါ တီကိုယ်စားပြု ၀င်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စား လှယ်လောင်း များစာရင်းများကိုလာမည့်ဇွန် လတွင် ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း သတင်းရရှိသည်။ လာမည့် အထွေထွေရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးအပြင်အခြား သော ဒေသများရှိ ရခိုင်တိုင်းရင်း သားအများစုနေထိုင်ရာမဲဆန္ဒ နယ်များတွင် လည်း ပါတီက ၀င် ရောက်ယှဉ်ပြိုင် သွားမည်ဖြစ် သည်ဟု ရခိုင်အမျိုးသား ပါတီအ ထွေထွေအတွင်းရေးမှူးဦးထွန်း အောင်ကျော်ကဆိုသည်။

‘‘ကျွန်တော်တို့ ဗဟိုကော်မ တီအစည်းအဝေးကို ဇွန်လမတိုင် မီခေါ်ဖို့ရှိပါတယ်။ အဲဒီမှာရွေး ကောက်ပွဲ ၀င်ပြိုင်ကြမယ့် ကိုယ် စားလှယ်လောင်းတွေကို ရွေးကြ မယ်။ ပြီးရင် ဇွန်လလောက်မှာ စာရင်းထုတ်ပြန် မယ်’’ဟု ဦးထွန်း အောင်ကျော် ကပြောသည်။

ပါတီကို ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ် လောင်းများ ကို ရွေးချယ် ရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ဒေသခံပြည်သူများ ကြည်ညိုလေးစားထောက်ခံသည့် သူများကိုသာ အဓိကထားရွေး ချယ်မည်ဟု လည်း ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ၁၉၉၀အထွေထွေရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ သော တိုင်းရင်း သားပါတီ တစ်ခုဖြစ် သည့် ဦးအေး သာအောင် ခေါင်းဆောင် သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာအေးမောင် ခေါင်း ဆောင်သည့် ရခိုင်တိုင်းရင်း သား များတိုးတက်ရေးပါတီတို့ ပူးပေါင်းထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်အ မျိုးသားပါတီသည် ပြည်သူ့လွှတ် တော်တွင် လွှတ် တော် ကိုယ်စား လှယ် ခုနစ်ဦး၊ အမျိုးသားလွှတ် တော်တွင် ခြောက်ဦးနှင့် ပြည်နယ် လွှတ်တော်တွင် ၁၈ဦးတို့ရှိသည်။

ရခိုင် အမျိုးသားပါတီကို ၂၀၁၄ မတ်လ ၆ရက်တွင် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံ တင်ခွင့်ပြုခဲ့သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယင်းနှစ်အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပပေး မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment