Tuesday 6 January 2015

အပစ်ရပ်မလား သို့မဟုတ် ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား KIA ?

Photo: အပစ်ရပ်မလား သို့မဟုတ် ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား KIA ?
Tuesday, January 6, 2015

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်း ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် KIA ဘက်မှ အကောင် အထည်ဖော်ဆောင် ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိုအကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

အစိုးရတပ်မတော်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု KIA ဘက်မှ ပြောဆိုထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လမ်းပြင်နေသော အစိုးရစစ်ကြောင်းများအား KIA အဖွဲ့မှ နှောင့်ယှက်ပစ် ခတ်ခြင်းကြောင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ပြောဆိုထားပါသည်။ ထိုဖြစ်စဉ်တွင် ဘယ်သူမှန်၍ ဘယ်သူမှားသလဲဆိုတာ တိကျရေရာသည့် အဖြေမရှိဘဲ နှစ်ဖက်စလုံး အကြောင်းပြချက်ကိုယ်စီ ရှိနေသည်။

ထိုဖြစ်စဉ်နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သော UNFC က ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ပြောကြားလာခဲ့သည်။ သို့သော် တပ်မတော်ဘက်ကယခုလက်ရှိမြန်မာ့တပ်တော်သည် ပြည်ထောင်စုတပ်မတော်သာဖြစ်ကြောင်း၊ စင်ပြိုင် တပ်မတော်နှစ်ခုသုံးခု ဖွဲ့စည်းတာ မည်သည့်နိုင်ငံ တွင်မှ မရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။

တစ်ဖန် FUA နှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့က လက်မခံကြောင်း သဘောထားရှိသလို တောင်ပိုင်း ဖက်ဒရယ်တပ်မတော်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က လုံးဝလက်မ ခံကြောင်း ပြော ဆိုထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် KIA ဦးဆောင်နေသော FUA၊ UNFC ၏ ရပ်တည်ချက်များသည် အများသဘောထားနှင့် ဆန့်ကျင်နေသည် ကို တွေ့နိုင် ပါသည်။

ထို့ပြင် KIA အဖွဲ၏ လူသစ်စုဆောင်းမှုနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကလည်း အမေရိကန်လူ့အခွင့် အရေး ဒုတိယအတွင်း ၀န်နှင့် မြစ်ကြီးနား မှာတွေ့ဆုံစဉ် တိုင်ကြားစာများ ပေးလိုက်ပြီဟု သိရပါသည်။ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အမေရိကန်က ယုံကြည်ခဲ့မည်ဆိုပါက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ တောင်းဆိုမှု များအတိုင်း ဆောင်ရွက်မှုများ ရှိလာနိုင်ပါသည်။

KIA အနေဖြင့် ကိုယ့်နိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့ကို ပခုံးယှဉ်နေသော လုပ်ရပ်က အန္တရာယ်ကြီးလွန်းသည်။ ကချင်ပြည်နယ်မှာ နေထိုင်သော ရှမ်းမျိုးနွယ်စုများကလည်း နည်းလမ်းပေါင်းစုံဖြင့် KIA ကို တိုက်ခိုက်နေပြီဖြစ် ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း KIA ဦးဆောင်နေသော UNFC ၊ FUA မှာ မပါဝင် ဘဲ ဝေးဝေးက ရှောင်နေကြပြီ ဖြစ်ပါသည်။ အကယ်၍ KIA အနေဖြင့် ငြိမ်းချမ်းရေးမယူဘဲ အချိန်ဆွဲထားမည်ဆိုပါက မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပါသည်။ ထိပ်တိုက်ရင်ဆိုင် မလား သို့မဟုတ် ငြိမ်းချမ်းရေးယူမလား တစ်ခုခုကိုတော့ ရွေးချယ်ရပါတော့မည်။

အပစ်ရပ်မလား ဒါမှမဟုတ် တိုက်ပွဲများကို ဖန်တီးပြီး ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား ဟူသော အဖြေနှစ်မျိုးအနက် KIA အနေဖြင့် တစ်ခုကို ရွေးချယ်ရမည် ဖြစ်ပါသည်။ KIA ရွေးချယ်သော အဖြေသည် အပြုသဘောလား၊ အပျက်ဆီသို့ ဦးတည်မလားဆို တာ စောင့်ကြည့် သွားရမည် ဖြစ်ပါသည်။

နေ၀န်းသစ်
Credit to KDN
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်းရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်း ကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် KIA ဘက်မှ အကောင် အထည်ဖော်ဆောင် ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိုအကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးခြင်း ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

အစိုးရတပ်မတော်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု KIA ဘက်မှ ပြောဆိုထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လမ်းပြင်နေသော အစိုးရစစ်ကြောင်းများအား KIA အဖွဲ့မှ နှောင့် ယှက်ပစ် ခတ်ခြင်းကြောင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ပြောဆိုထားပါသည်။ ထိုဖြစ်စဉ် တွင် ဘယ်သူမှန်၍ ဘယ်သူမှားသလဲဆိုတာ တိကျရေရာသည့် အဖြေမရှိဘဲ နှစ်ဖက်စလုံး အကြောင်းပြချက်ကိုယ်စီ ရှိနေသည်။

ထိုဖြစ်စဉ်နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သော UNFC က ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ပြောကြားလာခဲ့သည်။ သို့သော် တပ်မတော်ဘက်ကယခုလက်ရှိမြန်မာ့တပ်တော်သည် ပြည်ထောင်စုတပ်မတော်သာဖြစ်ကြောင်း၊ စင်ပြိုင် တပ်မတော်နှစ်ခုသုံးခု ဖွဲ့စည်းတာ မည်သည့်နိုင်ငံ တွင်မှ မရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။

တစ်ဖန် FUA နှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့က လက်မခံကြောင်း သဘောထားရှိသလို တောင်ပိုင်း ဖက်ဒရယ်တပ်မတော်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က လုံးဝလက်မ ခံကြောင်း ပြောဆိုထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် KIA ဦးဆောင်နေသော FUA၊ UNFC ၏ ရပ်တည် ချက်များသည် အများသဘောထားနှင့် ဆန့်ကျင်နေသည် ကို တွေ့နိုင် ပါသည်။

ထို့ပြင် KIA အဖွဲ၏ လူသစ်စုဆောင်းမှုနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကလည်း အမေရိကန် လူ့အခွင့် အရေး ဒုတိယအတွင်း ၀န်နှင့် မြစ်ကြီးနား မှာတွေ့ဆုံစဉ် တိုင်ကြားစာများ ပေးလိုက်ပြီဟု သိရပါသည်။ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အမေရိကန်က ယုံကြည်ခဲ့မည်ဆိုပါက ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့၏ တောင်းဆိုမှု များအတိုင်း ဆောင်ရွက်မှုများ ရှိလာနိုင်ပါသည်။

KIA အနေဖြင့် ကိုယ့်နိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့ကို ပခုံးယှဉ်နေသော လုပ်ရပ်က အန္တရာယ်ကြီး လွန်းသည်။ ကချင်ပြည်နယ်မှာ နေထိုင်သော ရှမ်းမျိုးနွယ်စုများကလည်း နည်းလမ်းပေါင်းစုံဖြင့် KIA ကို တိုက်ခိုက်နေပြီဖြစ် ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကလည်း KIA ဦးဆောင်နေသော UNFC ၊ FUA မှာ မပါဝင် ဘဲ ဝေးဝေးက ရှောင်နေကြပြီ ဖြစ်ပါသည်။ အကယ်၍ KIA အနေဖြင့် ငြိမ်းချမ်းရေးမယူဘဲ အချိန်ဆွဲထားမည်ဆိုပါက မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပါသည်။ ထိပ်တိုက်ရင်ဆိုင် မလား သို့မဟုတ် ငြိမ်းချမ်းရေးယူမလား တစ်ခုခုကိုတော့ ရွေးချယ်ရပါတော့မည်။

အပစ်ရပ်မလား ဒါမှမဟုတ် တိုက်ပွဲများကို ဖန်တီးပြီး ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား ဟူသော အဖြေ နှစ်မျိုးအနက် KIA အနေဖြင့် တစ်ခုကို ရွေးချယ်ရမည် ဖြစ်ပါသည်။ KIA ရွေးချယ်သော အဖြေသည် အပြု သဘောလား၊ အပျက်ဆီသို့ ဦးတည်မလားဆို တာ စောင့်ကြည့် သွားရမည် ဖြစ်ပါသည်။

နေ၀န်းသစ်
Credit to KDN 

No comments:

Post a Comment