Tuesday 6 January 2015

ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုများ ပေါ်ပေါက်

Photo: ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုများ ပေါ်ပေါက်
Tuesday, January 6, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အငြင်း ပွားဖွယ်ရွေးကောက်ပွဲတစ်နှစ်ပြည့် သည့် တနင်္လာနေ့တွင် နိုင်ငံတွင်း လမ်းများ၌ ဆိုးဆိုးရွားရွား ပဋိပက္ခ များပေါ်ပေါက်ခဲ့ကြောင်း AFP သတင်းအရ သိရသည်။

နိုင်ငံမြောက်ပိုင်းရှိ နာတိုရီမြို့ တွင် အာဏာရပါတီကို ထောက်ခံသူ များနှင့် အတိုက်အခံ BNP ပါတီကို ထောက်ခံသူများ ပဋိပက္ခဖြစ်ခဲ့ပြီး အတိုက်အခံနှစ်ဦး ပစ်သတ်ခံခဲ့ရသည် ဟု ရဲတပ်ဖွဲ့ကပြောသည်။

တနင်္လာ နေ့သည် BNP ပါတီက နိုင်ငံတွင်း၌ ''ဒီမိုကရေစီသေဆုံးသောနေ့'' ဟု ကြေညာခဲ့သောနေ့လည်း ဖြစ်သည်။ BNP ပါတီခေါင်းဆောင်သည် မြို့ တော်ရှိ သူမ၏ရုံးခန်းတွင် စနေနေ့ ညမှ ယခုအထိ ရဲတပ်ဖွဲ့၏ ဝန်းရံခြင်း ကို ခံနေရသည်။

သို့သော်သူမက ရုံးခန်းအတွင်းမှပင် တနင်္လာနေ့တွင် လက်ရှိဝန်ကြီးချုပ် ဟာစီနာအား ပါတီစုံပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုရန် အတွက် လမ်းပေါ်ထွက်ဆန္ဒပြရန် သူမ အားထောက်ခံသူများကို ဆော်သြ ခဲ့သည်။ ယင်းကြောင့် BNP ပါတီ အား ထောက်ခံသူများကလမ်းမပေါ် ထွက်ဆန္ဒပြခဲ့ကြပြီး ၄င်းတို့သည် ရဲများ၊ အာဏာရ Awami League ပါတီအား ထောက်ခံသူများနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

ပြိုင်ဘက်ပါတီနှစ်ခုကို ထောက် ခံသူများအကြားမှ အကြမ်းဖက်မှုများ သည် မြို့တော်ဒါကာတွင်သာမက ကျန်မြို့များတွင် ဖြစ်ပွားနေသည်ဟု ဒေသတွင်း ရုပ်သံလိုင်းများကဆို သည်။

BNP ပါတီခေါင်းဆောင် ဇီယာသည် ရဲတပ်ဖွဲ့၏ပိတ်ဆို့ထားမှု ကြောင့် သူမကိုယ်တိုင်ဆန္ဒပြပွဲများ တွင် မပါဝင်နိုင်သော်လည်း သူမအား ထောက်ခံသူများအား စည်းရုံးနိုင်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာစီနာသည် လွန်ခဲ့သော နှစ်ဇန်နဝါရီ ၅ ရက်တွင် ထပ်မံရွေး ချယ်ခံခဲ့ရသူဖြစ်သည်။ သို့သော် BNP အပါအဝင် ကျန်အတိုက်အခံ ပါတီများက အာဏာရပါတီသည် ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ် နိုင်သည်ဟု ဆိုကာရွေးကောက်ပွဲမှ နုတ်ထွက်သွားခြင်းကြောင့် ပြိုင်ဘက် မရှိ အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

Ref: AFP
Democracytoday
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အငြင်းပွားဖွယ်ရွေးကောက်ပွဲတစ်နှစ်ပြည့်သည့် တနင်္လာနေ့တွင် နိုင်ငံတွင်း လမ်းများ ၌ ဆိုးဆိုးရွားရွား ပဋိပက္ခများပေါ်ပေါက်ခဲ့ကြောင်း AFP သတင်းအရသိရသည်။

နိုင်ငံမြောက်ပိုင်းရှိ နာတိုရီမြို့ တွင် အာဏာရပါတီကို ထောက်ခံသူ များနှင့် အတိုက်အခံ BNP ပါတီကို ထောက်ခံသူများ ပဋိပက္ခဖြစ်ခဲ့ပြီး အတိုက်အခံနှစ်ဦး ပစ်သတ်ခံခဲ့ရသည် ဟု ရဲတပ်ဖွဲ့ကပြောသည်။

တနင်္လာ နေ့သည် BNP ပါတီက နိုင်ငံတွင်း၌ ''ဒီမိုကရေစီသေဆုံးသောနေ့'' ဟု ကြေညာခဲ့သောနေ့လည်း ဖြစ်သည်။ BNP ပါတီခေါင်းဆောင်သည် မြို့ တော်ရှိ သူမ၏ရုံးခန်းတွင် စနေနေ့ ညမှ ယခုအထိ ရဲတပ်ဖွဲ့၏ ဝန်းရံခြင်း ကို ခံနေရသည်။

သို့သော်သူမက ရုံးခန်းအတွင်းမှပင် တနင်္လာနေ့တွင် လက်ရှိဝန်ကြီးချုပ် ဟာစီနာအား ပါတီစုံပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုရန် အတွက် လမ်းပေါ်ထွက်ဆန္ဒပြရန် သူမ အားထောက်ခံသူ များကို ဆော်သြ ခဲ့သည်။ ယင်းကြောင့် BNP ပါတီ အား ထောက်ခံသူများကလမ်းမပေါ် ထွက်ဆန္ဒပြခဲ့ကြပြီး ၄င်းတို့သည် ရဲများ၊ အာဏာရ Awami League ပါတီအား ထောက်ခံသူများနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး နှစ်ဦးသေ ဆုံး ကာ ၁၅ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

ပြိုင်ဘက်ပါတီနှစ်ခုကို ထောက် ခံသူများအကြားမှ အကြမ်းဖက်မှုများ သည် မြို့တော်ဒါကာတွင်သာမက ကျန်မြို့များတွင် ဖြစ်ပွားနေသည်ဟု ဒေသတွင်း ရုပ်သံလိုင်းများကဆို သည်။

BNP ပါတီခေါင်းဆောင် ဇီယာသည် ရဲတပ်ဖွဲ့၏ပိတ်ဆို့ထားမှု ကြောင့် သူမကိုယ်တိုင်ဆန္ဒပြပွဲများတွင် မပါဝင်နိုင်သော်လည်း သူမအား ထောက်ခံသူများအား စည်းရုံးနိုင်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာစီနာသည် လွန်ခဲ့သော နှစ်ဇန်နဝါရီ ၅ ရက်တွင် ထပ်မံရွေး ချယ်ခံခဲ့ ရသူဖြစ်သည်။ သို့သော် BNP အပါအဝင် ကျန်အတိုက်အခံ ပါတီများက အာဏာရပါတီသည် ရွေးကောက်ပွဲ တွင် မဲမသမာမှုပြုလုပ် နိုင်သည်ဟု ဆိုကာရွေးကောက်ပွဲမှ နုတ်ထွက်သွားခြင်းကြောင့် ပြိုင်ဘက် မရှိ အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

Ref: AFP
Democracytoday

No comments:

Post a Comment