Tuesday 6 January 2015

ကျပ်၂၅သိန်းချီးမြှင့်မည့် ရန်ကုန်တိုင်းဒေသကြီး၏ အသန့်ရှင်းဆုံးမြို့နယ်ဆုကို ဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်မည်

Photo: ကျပ်၂၅သိန်းချီးမြှင့်မည့် ရန်ကုန်တိုင်းဒေသကြီး၏ အသန့်ရှင်းဆုံးမြို့နယ်ဆုကို ဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်မည်
Tuesday, January 6, 2015

ရန်ကုန်၊ ဇန်နဝါရီ ၅- ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ အသန့်ရှင်းမြို့နယ်ဆုကိုဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပထမဆုံးပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ဆုပေးပွဲကိုလည်း မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီးဆုကြေး ကို ကျပ်၂၅သိန်းထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ယခုချီးမြှင့်မည့် ဆုငွေ၂၅သိန်းကိုလည်း ဆုရရှိမည့်မြို့နယ်မှစည်ပင် ဝန်ထမ်း များကို ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆုပေးရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှတာဝန်ရှိသူတစ်ဦးက ''အမှတ်ပေးစနစ်အချက် ၃ဝနဲ့ အဓိကထားပြီး အမှတ်ပေးထားတာဖြစ်ပါ တယ်။ နောက်ဆိုရင်အသန့် ရှင်းမြို့နယ်ဆုကို သုံးလတစ်ကြိမ် ချီးမြှင့်ပေး သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။

အသန့်ရှင်းမြို့နယ် ဆုပေးရသည့် ရည်ရွယ်ချက်မှာ ရန်ကုန်မြို့တော် နယ်နိမိတ် အတွင်းတွင်မြို့နယ်တစ်ခုချင်းအလိုက် အမှိုက်များကို စနစ်တကျနဲ့ စိစစ်ပြီး စွန့်ပစ်အမှိုက် ပုံတွေသန့်ရှင်းလာစေရန်အတွက် ယခုလို ဆုကိုချီးမြှင့်ရခြင်း
ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆပ်ကော်မတီမှမြို့နယ်များတွင် ဒီဇင်ဘာ ၁ဝရက်မှ စတင်၍ စစ်ဆေးကာ ပြည်သူလူထု ၏ သဘောထားကိုယူပြီး အမှတ်ဇယားဖြင့် အမှတ်ပေးထားကြောင်း သိရသည်။

TST
Democracytoday
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ အသန့်ရှင်းမြို့နယ်ဆုကို ဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပထမဆုံးပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ဆုပေးပွဲကိုလည်း မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီးဆုကြေး ကို ကျပ်၂၅သိန်းထိ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

ယခုချီးမြှင့်မည့် ဆုငွေ၂၅သိန်းကိုလည်း ဆုရရှိမည့်မြို့နယ်မှစည်ပင် ဝန်ထမ်းများကို ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆုပေးရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှတာဝန်ရှိသူတစ်ဦးက ''အမှတ်ပေးစနစ်အချက် ၃ဝနဲ့ အဓိကထားပြီး အမှတ်ပေး ထားတာဖြစ်ပါတယ်။ နောက်ဆိုရင်အသန့် ရှင်းမြို့နယ်ဆုကို သုံးလတစ်ကြိမ် ချီးမြှင့်ပေး သွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။

အသန့်ရှင်းမြို့နယ် ဆုပေးရသည့် ရည်ရွယ်ချက်မှာ ရန်ကုန်မြို့တော် နယ်နိမိတ် အတွင်းတွင်မြို့နယ် တစ်ခု ချင်းအလိုက် အမှိုက်များကို စနစ်တကျနဲ့ စိစစ်ပြီး စွန့်ပစ်အမှိုက် ပုံတွေသန့်ရှင်းလာစေရန်အတွက် ယခုလို ဆုကိုချီးမြှင့်ရခြင်း ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆပ်ကော်မတီမှမြို့နယ်များတွင် ဒီဇင်ဘာ ၁ဝရက်မှ စတင်၍ စစ်ဆေးကာ ပြည်သူလူထု၏ သဘောထားကိုယူပြီး အမှတ်ဇယားဖြင့် အမှတ်ပေးထားကြောင်း သိရသည်။

TST
Democracytoday

No comments:

Post a Comment