Tuesday 6 January 2015

အစိုးရ၀န်ထမ်းနိုင်ငံခြားပညာတော်သင်များ ပြန်မလာပါက လျော်ကြေးပေးရသည့်စနစ် တစ်နှစ်ပယ်ဖျက်

နိုင်ငံခြားသို့ ပညာတော် သင်စေလွှတ်ခံရသော အစိုးရ၀န်ထမ်းများ ပြန်လာရန်ပျက်ကွက်ပါက လျော်ကြေး ပေးရမည့် ကတိခံဝန်ချက်ကို ၂၀၁၅ ဇန်န၀ါရီမှစ၍ လက်မှတ်ရေးထိုးရန်မလိုတော့ကြောင်း သတင်းရရှိ သည်။

ပြည်ပပညာတော်သင်သွား သော နိုင်ငံ့ဝန်ထမ်းများမိခင်နိုင်ငံ သို့ ပြန်လာရန်ပျက်ကွက်ပါက ပ ညာသင် အာမခံလျော်ကြေးငွေ ကျပ်သိန်းငါးဆယ်ကို ကာယကံ ရှင်ဝန်ထမ်းဖြစ်စေ၊ ၎င်း၏မိဘ ဆွေမျိုးများကဖြစ်စေ ပေးလျော် ရမည့် ကတိခံဝန်ချက်လက်မှတ် ရေးထိုးရသည့်အစဉ်အလာကို ၂၀၀၂ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။‘‘၂၀၁၄နှစ်ကုန် နိုဝင်ဘာလ လောက်ကတည်းက အဲဒီသတင်း ကြားထား တာပါ။ တရားဝင်က တော့ ဒီဇန်န၀ါရီမှာဌာနတိုင်းကို အကြောင်းကြားပါတယ်။ ၀န်ထမ်းတွေအပေါ် ဒီ ကန့်သတ်ချက် ကို ဖျက်လိုက်တာဝမ်းသာပါ တယ်။ ဌာနအတွက်ရော ၀န်ထမ်း အတွက်ပါ Fairဖြစ်ပါတယ်။ ၀န် ထမ်းတွေကလည်း လွယ်လွယ်ကူ ကူနဲ့ ပြည်ပကိုသွားနိုင်လာနိုင်နေ ပြီပဲ။ ဥပဒေချိုးဖောက်ပြီးသွား မယ့်သူလည်းမရှိလောက်ပါဘူး’’ ဟု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေး မှူးတစ်ဦးက ပြောသည်။

ဝန်ထမ်းများ ပညာသင်အ ခွင့်အလမ်းတိုးတက်ရေးကိုအား ပေးသည့်အနေဖြင့် သမ္မတညွှန် ကြားချက်ဖြင့် ကတိခံဝန်ချက် လက်မှတ်ရေးထိုးရခြင်းကို ၂၀၁၅ တစ်နှစ်လုံးစမ်းသပ် ကာလအဖြစ် သတ်မှတ်၍ လက်မှတ် ရေးထိုးရန် မလိုအပ်တော့ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‘‘စမ်းသပ်ကာလဆိုပေမယ့် လည်း နောက်နှစ်တွေမှာလည်း လက်မှတ်ထိုးဖို့မလိုအပ်တော့ပါဘူး။ ၀န်ထမ်း အနေနဲ့လည်း မိခင် ဌာနကိုပဲ ပြန်ပြီးအမှုထမ်းချင်တဲ့ သူများပါတယ်’’ဟု အဆိုပါအရာ ရှိကြီးကပြောသည်။

လျော်ကြေးပေးရမည့် အစီအစဉ်မရှိတော့သော်လည်း မိခင်ဌာနတွင် နှစ်ပေါင်းမည်မျှပြန် လည်တာဝန် ထမ်းဆောင် ရမည် ဆိုသည့်အချက်မှာ သွားသည့်နိုင် ငံနှင့် ကာလအပေါ်မူတည်၍ ရှိ နေသေးကြောင်း ပူတာအိုသိပ္ပံနှင့် နည်းပညာကျောင်းအုပ်ကြီးဦး ၀င်းမင်းဆန်းကပြောသည်။

၂၀၁၄ ဇန်န၀ါရီမှ ဒီဇင်ဘာအထိ ပါရဂူဘွဲ့၊ မဟာသိပ္ပံ၊ ၀ိဇ္ဇာဘွဲ့ဒီဂရီ၊ ဒီပလိုမာသင်တန်းသို့ပညာသင် ၃၁၁ ဦးနှင့် ဘွဲ့မယူသောသင်တန်း(Training) သို့ပညာသင် ၂၅၄၀ ဦး စုစုပေါင်းပညာသင် ၂၈၅၁ ဦးကို ပြည်ပ နိုင်ငံ ၄၉နိုင်ငံသို့ ပညာသင်ဆည်းပူးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment