Tuesday 6 January 2015

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးကွက်တွင် လျှပ်စစ်ပစ္စည်းများ အရောင်းရဆုံး ဖြစ်

မြန်မာ နိုင်ငံရှိ အွန်လိုင်းဈေးကွက်တွင် အရောင်းရဆုံး ပစ္စည်းများအဖြစ် လျှပ်စစ်ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများမှာ ရပ်တည် လျက်ရှိကြောင်း အွန်လိုင်းအခြေပြု ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်များမှ သိရသည်။

၂၀၁၄ခုနှစ် တစ်နှစ်လုံးရောင်းအားစာရင်းအရ လျှပ်စစ်ပစ္စည်းမှာ အွန်လိုင်းဈေးကွက်တွင် ပထမအရောင်း ရဆုံး နေရာတွင်ရှိပြီး ရောင်းရနှုန်းများမှာ လျှပ်စစ်ပစ္စည်းရောင်း အား ၅ဝရာခိုင်နှုန်းရှိပြီး မိုဘိုင်းဖုန်း ရောင်းအား ၃၆ ရာခိုင်နှုန်းနီးပါး၊ ကွန်ပျူတာ ၁ဝရာခိုင်နှုန်းနှင့်အခြားလျှပ်စစ်ပစ္စည်းရောင်း အား လေးရာ ခိုင်နှုန်း တို့ရှိကြောင်း အွန်လိုင်းအခြေပြု ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် Kaymu.co.mm ၏ နှစ်ကုန် စစ်တမ်း ကောက်ယူချက် များအရသိရသည်။

''နာရီ၊ မိုဘိုင်းဆက်စပ်ပစ္စည်း၊ ဖန်စီပစ္စည်း၊ နားကြပ်၊ ဖိနပ်စတဲ့ ပစ္စည်းတွေကိုလဲ ဝယ်ယူကြတယ်။ အဓိကကတော့ ဈေးလဲသက်သာတယ်။ နေ့စဉ်သုံးစွဲနေတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ဆွဲဆောင်မှုလဲ ကောင်းတော့ တခြားပစ္စည်းတွေ ထက်ရောင်းအားကောင်းတယ်'' ဟုအွန်လိုင်း အခြေပြုရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် Kaymu.co.mmrS Head of Customer Service မှ မလင်းပပကဆိုသည်။

အွန်လိုင်းဈေးကွက်တွင် လျှပ်စစ်ပစ္စည်းများ၊ အလှကုန် ပစ္စည်းရောင်းချမှုမှာ အရောင်းရဆုံး နေရာ၌ ရပ်တည် လျက် ရှိသော ကြောင့် အွန်လိုင်းရှော့ပင်းဖွင့်လှစ် မည့်သူများစွာပေါ်ထွက်လာကာ လက်ရှိ အချိန်တွင်လည်း အွန်လိုင်း ရှော့ပင်း များစွာရှိကြောင်းသိရသည်။

အွန်လိုင်းရှော့ပင်းများနှင့်ပတ်သက်ပြီး ကုမ္ပဏီဝန်ထမ်းဖြစ်သူမဖြူ က ''အွန်လိုင်း ရှော့ပင်းကိုစိတ်ဝင်စား တယ်။ ဒါပေ မဲ့ တချို့တွေကအွန်လိုင်းမှာ တင်တာနဲ့တကယ်လာပို့တဲ့ အခါကျတော့ ကွဲလွဲတာတွေ့ရတယ်။ ဒါမျိုးတွေ မဖြစ်အောင်လဲလုပ်သင့် တယ်။ ဈေးနှုန်းဆိုရင်လဲ အသင့်အတင့်လောက် ပဲဖြစ်စေချင်တယ်။ အပြင်မှာဝယ်တာနဲ့အွန်လိုင်းမှာဈေးဝယ်တာ အရည် အသွေးချင်းရော၊ ဈေးနှုန်းပါ အတူတူပဲဆိုရင် အွန် လိုင်း မှာပဲ ဝယ်ဖြစ်မှာ ပါ''ဟုဆိုသည်။

TGT
‪‎Democracytoday‬

No comments:

Post a Comment