Tuesday 6 January 2015

ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ

Photo: ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ
Tuesday, January 6, 2015

ပုပ်ရဟန်းမင်းကြီး ရာထူး အတွက် အဆိုပြုတင်မြှောက်ခွင့် ရှိသည့် ကက်သလစ် ဘုန်းတော် ကြီးအဖွဲ့ဝင်အဖြစ် အသစ်ရွေး ချယ် တင်မြှောက်ခံရသူများအ နက် မြန်မာနိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်း ရရှိသည်။

အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများ အပါ အဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သက် တော် (၈၀) အောက် ဘုန်းတော်ကြီး ၁၅ ပါးကို ပုပ်ရဟန်းမင်း ကြီးက ဖြည့်စွက်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဗာတီကန်နန်းတော်က အတည်ပြုကြေညာသည်။

National Catholic သတင်း ဌာန၏အဆိုအရ ပုပ်ရဟန်းမင်း ရာထူးအတွက် အဆိုပြုတင် မြှောက်ခွင့်ရဘုန်းတော်ကြီးအဖွဲ့ တွင် ယခင်က လုံးဝမပါဝင်ဖူး သည့် နိုင်ငံသုံးခုမှ ဘုန်းတော်ကြီး တစ်ပါးစီကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတို့မှာ ကိပ်ဗာဒီမှ ဘုန်းတော် ကြီး အာလင်ဒို ဂိုမက်စ်ဗာတာဒို၊ တွန်ဂါမှ ဘုန်းတော်ကြီးဆိုယာနီ ပါတီတာပိုင်နီမာဖီနှင့် မြန်မာ နိုင်ငံမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘိုတို့ ဖြစ်ကြ ကြောင်း သိရှိရသည်။

ပုပ်ရဟန်းမင်းကြီး ရွေးချယ် သော အခြားအဖွဲ့ဝင် ဘုန်းတော် ကြီးများမှာ ပေါ်တူဂီ၊ အီတလီ၊ မက္ကဆီကို၊ ဥရုဂွေး၊ စပိန်၊ ပနား မား၊ နယူးဇီလန်၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီယိုးပီးယားနိုင်ငံများမှ ဖြစ်သည်။ ရွေးချယ်ခံဘုန်းတော် ကြီးများအနက် ဗာတီကန်နန်း တော်၏ လုပ်ထုံးလုပ်နည်းများ နှင့် အကျွမ်းတဝင် အတွေ့အကြုံ ရှိသူဟူ၍ မော်ရိုကိုမှ ဒေါမနစ် မမ်ဘာတီတစ်ဦးတည်းသာ ပါဝင် လာခဲ့သည်။

နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံး(ကာဒီနယ်)အတိုင်ပင်ခံရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်မောင်ဘို ရွေး ချယ်ခံရကြောင်း ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် အမှု ဆောင်အတွင်းရေးမှူး Morisညွန့် ဝေကမိန့်သည်။

‘‘အင်မတန်မှ ဂုဏ်ယူပါ တယ်။ မြန်မာနိုင်ငံသားရွေးချယ် ခံရတာ။ ဟိုအရင်သတင်းတွေ ထွက်တာရှိတယ်။ ကာဒီနယ်ဆို တာ ကက်သလစ်ဂိုဏ်းမှာ အဆင့် မြင့်ပိုင်းမှာရှိတယ်။ မြန်မာတစ်ပြည်လုံးတင်မကဘူး။ ကမ္ဘာတစ်ခုလုံးမှာအရေးပါတဲ့တာဝန်ရှိသူဖြစ် သွားတာ’’ဟု မြန်မာနိုင်ငံဓမ္မတက္က သိုလ် ပါမောက္ခ နှစ်ခြင်းဆရာ တော်စောလှိုင်ဘွားက ၀မ်းမြောက်စကားဆိုသည်။

 ဆရာတော်ကြီး ချားလ် မောင်ဘိုသည် ၁၉၄၈ခုနှစ်က မန္တ လေးတိုင်း ရွှေဘိုခရိုင်၊မုံလာရွာ တွင် မွေးဖွားခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ရဟန်းဖြစ်ကာ ၂၀၀၃ခုနှစ်မှစ၍ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခြင်းဖြစ်သည်။

ဗာတီကန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဘုန်းတော်ကြီး ဖက်ဒရေကို လွမ်ဘာဒီက ပုပ်ရဟန်းမင်း ကြီးသည် ယခုရွေးချယ်မှုတွင် အာရှနှင့် အာဖရိကဒေသမှ ဘုန်း တော်ကြီးများကို အဓိကဦးစား ပေးခဲ့ပြီး ကက်သလစ်ခရစ်ယာန် ဘာသာ ကောင်းစွာပျံ့နှံ့ထွန်းကား ပြီးဖြစ်သည့် မြောက်အမေရိက ဒေသကို ချန်လှပ်ထားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဘုန်းတော်ကြီး ၁၅ ပါးအပြင် သက်တော်(၈၀)အထက် ဘုန်းတော်ကြီးငါးပါးကို လည်း တင်မြှောက်ရေးအဖွဲ့ဝင် များအဖြစ် သီးခြားရွေးချယ်ခဲ့ရာ အာဂျင်တီးနား၊ ကိုလံဘီယာနှင့် မိုဇင်ဘစ်နိုင်ငံများမှ ပါဝင်ခဲ့ကြ သည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးများမှာမူ ပုပ်ရ ဟန်းမင်း ရွေးကောက်တင် မြှောက်မှုတွင် အသက်ကန့်သတ် ချက်ကြောင့် မဲပေးခွင့်ရမည် မဟုတ်ချေ။

အသစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီးများသည် ဖေဖော် ဝါရီ ၁၄ ရက်တွင် ဗာတီကန်ရှိ ပုပ်ရဟန်းမင်းရွေးချယ်ရေး အဖွဲ့ဝင်များနှင့် စတင်ပူးပေါင်း တာဝန်ထမ်းဆောင်မည်ဖြစ် သည်။

၎င်းတို့သည် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၏ နေရာကို ဆက်ခံမည့် ပုဂ္ဂိုလ်အတွက် မဲပေး တင်မြှောက်ခွင့်ရှိမည်ဟု သိရ သည်။

ပုပ်ရဟန်းမင်း ရာထူးရွေး ချယ်တင်မြှောက်ရေးအဖွဲ့တွင် မဲပေးခွင့်ရဘုန်းတော်ကြီး အပါး ၁၂၀ ပါဝင်ပြီး ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ၂၄ ရာခိုင် နှုန်းရှိနေသည့် ဥရောပတိုက်မှ ၅၇ ပါးနှင့် ကမ္ဘာ့ကက်သလစ် ဘာသာဝင်စုစုပေါင်း၏ ထက် ဝက်မျှရှိနေသည့် လက်တင်အမေ ရိကမှ ၂၁ ပါးတို့လည်း ပါဝင်ကြ သည်။   Ref: The Irish Times     

(ထားထားမြင့်၊ ဇွဲရဲဝင့်၊ ဇေနွေထွန်း)
7Day DAILY 

မြန်မာနိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘို(ထိုင်နေသူ) (ဓာတ်ပုံ − အေပီ)
မြန်မာနိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘို(ထိုင်နေသူ) (ဓာတ်ပုံ − အေပီ) 
ပုပ်ရဟန်းမင်းကြီးရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသည့် ကက်သလစ် ဘုန်းတော် ကြီးအဖွဲ့ဝင် အဖြစ် အသစ်ရွေး ချယ် တင်မြှောက်ခံရသူများအ နက် မြန်မာနိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်း ရရှိသည်။

အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများ အပါ အဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သက် တော် (၈၀) အောက် ဘုန်းတော်ကြီး ၁၅ ပါးကို ပုပ်ရဟန်းမင်းကြီးက ဖြည့်စွက်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဗာတီကန် နန်းတော် က အတည်ပြုကြေညာသည်။

National Catholic သတင်း ဌာန၏အဆိုအရ ပုပ်ရဟန်းမင်း ရာထူးအတွက် အဆိုပြုတင် မြှောက်ခွင့် ရဘုန်းတော်ကြီးအဖွဲ့ တွင် ယခင်က လုံးဝမပါဝင်ဖူး သည့် နိုင်ငံသုံးခုမှ ဘုန်းတော်ကြီး တစ်ပါးစီကို ရွေးချယ် ခဲ့ကြောင်း၊ ယင်းတို့မှာ ကိပ်ဗာဒီမှ ဘုန်းတော် ကြီး အာလင်ဒို ဂိုမက်စ်ဗာတာဒို၊ တွန်ဂါမှ ဘုန်းတော်ကြီးဆိုယာနီ ပါတီတာပိုင်နီမာဖီနှင့် မြန်မာ နိုင်ငံမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘို တို့ ဖြစ်ကြ ကြောင်း သိရှိရသည်။

ပုပ်ရဟန်းမင်းကြီး ရွေးချယ် သော အခြားအဖွဲ့ဝင် ဘုန်းတော် ကြီးများမှာ ပေါ်တူဂီ၊ အီတလီ၊ မက္ကဆီကို၊ ဥရုဂွေး၊ စပိန်၊ ပနား မား၊ နယူးဇီလန်၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီယိုးပီးယားနိုင်ငံများမှ ဖြစ်သည်။ ရွေး ချယ်ခံ ဘုန်းတော် ကြီးများအနက် ဗာတီကန်နန်း တော်၏ လုပ်ထုံးလုပ်နည်းများ နှင့် အကျွမ်းတဝင် အတွေ့ အကြုံ ရှိသူဟူ၍ မော်ရိုကိုမှ ဒေါမနစ် မမ်ဘာတီတစ်ဦးတည်းသာ ပါဝင် လာခဲ့သည်။

နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံး(ကာဒီနယ်)အတိုင်ပင်ခံရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်မောင်ဘို ရွေး ချယ်ခံရကြောင်း ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် အမှု ဆောင်အတွင်းရေးမှူး Morisညွန့် ဝေကမိန့်သည်။

‘‘အင်မတန်မှ ဂုဏ်ယူပါ တယ်။ မြန်မာနိုင်ငံသားရွေးချယ် ခံရတာ။ ဟိုအရင်သတင်းတွေ ထွက်တာရှိတယ်။ ကာဒီနယ်ဆို တာ ကက်သလစ်ဂိုဏ်းမှာ အဆင့် မြင့်ပိုင်းမှာရှိတယ်။ မြန်မာတစ်ပြည်လုံးတင်မကဘူး။ ကမ္ဘာတစ်ခုလုံးမှာအရေးပါတဲ့တာဝန်ရှိသူဖြစ် သွားတာ’’ဟု မြန်မာနိုင်ငံဓမ္မတက္က သိုလ် ပါမောက္ခ နှစ်ခြင်းဆရာ တော်စောလှိုင်ဘွားက ၀မ်းမြောက်စကားဆိုသည်။

 ဆရာတော်ကြီး ချားလ် မောင်ဘိုသည် ၁၉၄၈ခုနှစ်က မန္တ လေးတိုင်း ရွှေဘိုခရိုင်၊မုံလာရွာတွင် မွေးဖွား ခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ရဟန်းဖြစ်ကာ ၂၀၀၃ခုနှစ်မှစ၍ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ဖြစ်လာခြင်းဖြစ်သည်။

ဗာတီကန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဘုန်းတော်ကြီး ဖက်ဒရေကို လွမ်ဘာဒီက ပုပ်ရဟန်းမင်း ကြီးသည် ယခု ရွေးချယ်မှုတွင် အာရှနှင့် အာဖရိကဒေသမှ ဘုန်း တော်ကြီးများကို အဓိကဦးစား ပေးခဲ့ပြီး ကက်သလစ် ခရစ်ယာန် ဘာသာ ကောင်းစွာပျံ့နှံ့ထွန်းကား ပြီးဖြစ်သည့် မြောက်အမေရိက ဒေသကို ချန်လှပ်ထား ခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဘုန်းတော်ကြီး ၁၅ ပါးအပြင် သက်တော်(၈၀)အထက် ဘုန်းတော်ကြီးငါးပါးကို လည်း တင်မြှောက် ရေး အဖွဲ့ဝင်များအဖြစ် သီးခြားရွေးချယ်ခဲ့ရာ အာဂျင်တီးနား၊ ကိုလံဘီယာနှင့် မိုဇင်ဘစ်နိုင်ငံများမှ ပါဝင် ခဲ့ကြသည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးများမှာမူ ပုပ်ရ ဟန်းမင်း ရွေးကောက်တင် မြှောက်မှုတွင် အသက်ကန့်သတ် ချက်ကြောင့် မဲပေးခွင့်ရမည် မဟုတ်ချေ။

အသစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီးများသည် ဖေဖော် ဝါရီ ၁၄ ရက်တွင် ဗာတီကန်ရှိ ပုပ်ရဟန်းမင်း ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် စတင်ပူးပေါင်း တာဝန်ထမ်းဆောင်မည်ဖြစ် သည်။

၎င်းတို့သည် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၏ နေရာကို ဆက်ခံမည့် ပုဂ္ဂိုလ်အတွက် မဲပေး တင်မြှောက်ခွင့် ရှိမည်ဟု သိရ သည်။

ပုပ်ရဟန်းမင်း ရာထူးရွေး ချယ်တင်မြှောက်ရေးအဖွဲ့တွင် မဲပေးခွင့်ရဘုန်းတော်ကြီး အပါး ၁၂၀ ပါဝင်ပြီး ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ၂၄ ရာခိုင် နှုန်းရှိနေသည့် ဥရောပတိုက်မှ ၅၇ ပါးနှင့် ကမ္ဘာ့ကက်သလစ် ဘာသာဝင်စုစုပေါင်း၏ ထက် ဝက်မျှရှိနေသည့် လက်တင်အမေ ရိကမှ ၂၁ ပါးတို့လည်း ပါဝင်ကြ သည်။   Ref: The Irish Times     

(ထားထားမြင့်၊ ဇွဲရဲဝင့်၊ ဇေနွေထွန်း)
7Day DAILY 

No comments:

Post a Comment