Tuesday 6 January 2015

နိုင်ငံတော် ကာ ကွယ် ရေးနှင့် နယ် မြေ ဒေ သ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပေးဆပ်မှု၊ တာဝန် ထမ်းဆောင်မှုများကိုလည်း များစွာ တန်ဖိုးထား ဂုဏ်ယူ

ကမ္ဘာ့နိုင်ငံများသည် မိမိနိုင်ငံ၏ စည်းလုံး ညီညွတ်မှုနှင့် စွမ်းရည်၊ စွမ်းပကားတို့အား နိုင်ငံသူ၊ နိုင်ငံသားများ သိရှိစေရန်၊ ကမ္ဘာက သိရှိစေရန် ထုတ်ဖော်ပြသ လေ့ရှိပါ ကြောင်း၊ မိမိနိုင်ငံ တွင်လည်း ယခင်က ဗိုလ်ရှုခံ အခမ်းအနားများကို ကျင်းပ ခဲ့ကြောင်း၊ ၁၉၆၂ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၅ဝကျော် အကြောင်း အမျိုးမျိုးကြောင့် ပြုလုပ် နိုင်ခြင်း မရှိခဲ့သည့် ဗိုလ်ရှုသဘင် အခမ်းအနားကြီးအား ၂ဝ၁၅ ခုနှစ်၊ (၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့တွင် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ခဲ့ကြပါကြောင်း၊ နိုင်ငံတော်၏ ဦးသျှောင် သမ္မတကြီးအား တပ်မတော်နှင့် ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ ဝန်ထမ်းများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ ကိုယ်စား လှယ်များ၊ လူမှုရေးအသင်း အဖွဲ့များမှ ဂါရဝပြုသည့် အခမ်းအနားသို့ တပ်မတော် နှင့်အတူ ကိုယ်ပွား အဖွဲ့အစည်းများ ဖြစ်သည့် Border Guard Force များ၊ ပြည်သူ့စစ် ကိုယ်စားလှယ်များ အတူ တက်ရောက်ကြခြင်း အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ညနေ ၃နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ (၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် နယ်ခြားစောင့် တပ်များမှ ဂုဏ်ထူးဆောင် အရာရှိကြီး များနှင့် ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်များအား တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများအတွင်းရှိ နယ်ခြားစောင့်တပ်များမှ ဂုဏ်ထူးဆောင် အရာရှိကြီးများ ဖြစ်သော ဗိုလ်မှူးကြီး ဝေဆန်း၊ ဗိုလ်မှူးကြီး ထွန်းကျော်၊ ဗိုလ်မှူးကြီး စောထွန်းလှိုင်၊ ဒုတိယဗိုလ်မှူးကြီး စောဒေါဒေါနှင့် ပြည်သူ့စစ် အဖွဲ့များမှ ခေါင်းဆောင် ၂၆ဦးတို့ တက်ရောက်ကြသည်။ 

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် အစဉ်အလာ ကောင်းရှိသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် သစ္စာရှိစွာ အတူ လက်တွဲ ထမ်းဆောင်ခဲ့သည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ နိုင်ငံတော် ကာကွယ်ရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပေးဆပ်မှု၊ တာဝန် ထမ်းဆောင်မှုများကိုလည်း များစွာ တန်ဖိုးထား ဂုဏ်ယူပါကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် တပ်မတော် သားများ သည် ကျင့်ဝတ်များ၊ စည်းကမ်း ဥပဒေများကို တိကျစွာလိုက်နာ ရသကဲ့သို့ ပြည်သူ့စစ်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင် များသည်လည်း လိုက်နာစောင့်ထိန်း ကြရမည် ဖြစ်ကြောင်း၊ သတိနှင့် ယှဉ်ပြီး နေထိုင် လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ တိုက်ရိုက် အထောက်အကူပြု သကဲ့သို့ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက်လည်း သွယ်ဝိုက်သော အားဖြင့် အထောက်အကူပြု ပါကြောင်း၊ မူးယစ် ဆေးဝါးနှင့် တရားမဝင် မှောင်ခိုစီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မရှိစေရန် ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်ရန် လိုကြောင်းဖြင့် မှာကြားသည်။ 

ထို့နောက် Border Guard Force များမှ ဂုဏ်ထူးဆောင် အရာရှိကြီးများနှင့် ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် များက မိမိအဖွဲ့ အစည်း၏ နယ်မြေဒေသ အခြေအနေများ၊ နိုင်ငံတော်၏ လမ်းညွှန်မှု၊ တပ်မတော်၏ ဦးဆောင်မှုတို့ဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူလက်တွဲ ဆောင်ရွက်မှု အခြေအနေ များအား ရင်းနှီး ပွင့်လင်းစွာ တင်ပြကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူး ဆောင် အရာရှိကြီးများနှင့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်များ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြသည်။

Credit to Senior General Min Aung Hlaing 

No comments:

Post a Comment