Tuesday 6 January 2015

တောင်ကိုရီးယားသို့ အလုပ်သမား တရားမ၀င်စေလွှတ်ရန် စည်းရုံးမှုများရှိ

တောင်ကိုရီးယားသို့ အလုပ်သမား တရားမ၀င်စေလွှတ်ရန် ကုမ္ပဏီအချို့က ဆွဲဆောင်မှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကို အစိုးရကသာ တရားဝင်ပို့ဆောင်ပေး နေခြင်းဖြစ် သော်လည်း ကိုရီးယား ဘာသာသင်တန်းကျောင်းအချို့ နှင့် ခရီးသွားလုပ်ငန်းအချို့က မသမာသော နည်းဖြင့် လုပ်သားစေ လွှတ်မှုလုပ်ရန် စည်းရုံးကြေညာ မှုများပြုလုပ်နေကြခြင်းဖြစ် ကြောင်း ကိုရီးယား အလုပ် ခေါ်စာ စောင့်ဆိုင်းနေသူများကပြော သည်။

‘‘တချို့က အလည်အပတ် ဗီဇာနဲ့ လွှတ်ပြီး ဟိုမှာ အလုပ်ဖန် တီးပေးမယ့် သဘောမျိုးနဲ့ မလိမ့် တပတ် ကြေညာ လာကြတာပါ။ အာမခံချက်တွေ ဘာတွေမရှိဘူး’’ ဟု ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင် ရန် EPS စာမေး ပွဲဖြေဆိုထားသူ ကိုအောင်ကျော် သူကပြောသည်။

လက်ရှိအစိုးရက စေလွှတ် နေသော EPS စနစ်နှင့် မတူဘဲ အ ခြားသောနည်းလမ်းဖြင့် ကိုရီး ယားသို့ အမြန်ဆုံးသွားရောက်ခွင့် ရှိမည်ဟုဆိုကာ အွန်လိုင်းမှတစ် ဆင့်ကြေညာမှုများပြုလုပ်လာကြ ခြင်းဖြစ်သည်။

‘‘သွားလုပ်ချင်တဲ့ သူများနေ တာကို ကြည့်ပြီး ကုမ္ပဏီတွေက တစ်ဖက်လှည့်နဲ့ ပို့နိုင်အောင် လုပ်လာတဲ့ သဘောဖြစ်နေတယ်။ အစိုးရက လွှတ်တာတောင် ပြဿနာပေါင်းစုံဖြစ်နေတာ ကုမ္ပဏီက တရားမ၀င် ပို့တာကို ယုံကြည်လို့မရဘူး’’ဟု ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးဖြစ်သူ ကိုသူရက မှတ်ချက်ပြု သည်။

အဆိုပါကုမ္ပဏီများအနေ ဖြင့် သုံးလသက်တမ်းဗီဇာဖြင့် စေလွှတ်ကာ ဗီဇာသက်တမ်းတိုး နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ရန် စီမံပေးမည်ဆိုပြီး ၀န်ဆောင် ခ  ကျပ် ၁၀ သိန်းနှင့်အထက် တောင်းဆိုထားသည်ဟု  ကိုယ် တိုင်  သွားရောက်စုံစမ်းခဲ့သော ကြည့်မြင်တိုင်မြို့နယ်မှ ကိုညီညီ ၀င်းကပြောသည်။

ကိုရီးယားနိုင်ငံသို့ အစိုးရ ချင်းသဘောတူညီချက်ဖြင့် လွန်ခဲ့ သည့် ငါးနှစ်ကျော်ကပင် အစိုးရ ပြည်ပ  အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ယူပို့ဆောင်ခဲ့ကာ ယနေ့အချိန်ထိ လုပ်သား သုံးထောင် ကျော်ပို့ဆောင်ပေး ထားခဲ့ပြီးလည်းဖြစ်သည်။

သို့သော်လည်း သွားရောက် လုပ်ကိုင်လိုသည့်ဦးရေမှာ သောင်းနှင့် ချီရှိနေပြီး လုပ်သားခေါ်ယူမှု ပမာဏ နည်းပါးနေသေးသော ကြောင့် အရည်အချင်းစစ် စာမေးပွဲအောင်မြင်ပြီး ထွက်ခွာ ခွင့်မရရှိသေးသူ ဦးရေများစွာ ကျန်ရှိနေခြင်းအပေါ် ကုမ္ပဏီအချို့က စေလွှတ်ခွင့်ရရှိရန် စိတ်ဝင်စားနေ သည်။

‘‘ကိုရီးယားကို အလုပ်ခွင် ၀င်ရောက်မှုနဲ့ ပတ်သက်လို့ ဘယ် လိုပုံစံမျိုးနဲ့မှ ကုမ္ပဏီတွေကို စေ လွှတ်ခွင့် မပေးထားဘူး။ အလုပ်သမားတွေအနေနဲ့လည်း သေ သေချာချာလေ့လာစုံစမ်းမှုတွေ လုပ်သင့်တယ်။ တရား မ၀င်စည်း ရုံးဆွဲဆောင်နေကြသူတွေကို စုံစမ်းဖော်ထုတ်သွားဖို့ရှိတယ်’’ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

ဆက်လက်၍လည်း ယင်း နိုင်ငံသို့ လုပ်သားစေလွှတ်မှုကို အစိုးရကသာ တာဝန်ယူသွားမည် ဖြစ်ပြီး ပြင်ပ အေဂျင်စီများကို လုပ်ကိုင်ခွင့်ပေးသွားဦးမည် မဟုတ် ဟု သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment