Tuesday 6 January 2015

အသန့်ရှင်းဆုံး မြို့နယ်ဆု ဇန်နဝါရီ ၇ ရက်တွင် ကြေညာမည်

ရန်ကုန်မြို့တွင် ပထမဆုံးပေးအပ်သည့် အသန့်ရှင်းဆုံး မြို့နယ်ဆုကို ဇန်နဝါရီ ၇ ရက် ၌ကြေညာကာ ရန်ကုန်မြို့ တော်ခန်းမ၌ ချီးမြှင့်မည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ    သတင်း ရရှိသည်။

YCDC နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှ အသန့်ရှင်းဆုံးမြို့နယ်ဆု ရွေးချယ်ရန် ဒီဇင်ဘာက စစ်ဆေးအကဲဖြတ်ခဲ့ပြီး နောက်ဆုံးအဆင့်ထုတ်ပြန်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး (စီမံ) ဦးကိုကို ကျော်စွာက ပြောသည်။

‘‘အသန့်ရှင်းဆုံးမြို့နယ်ဆု တစ်ဆုနဲ့ ခရိုင်သုံးခုက မြို့နယ်သုံး မြို့နယ်ကို သန့်ရှင်းရေးစွမ်း ဆောင်ရည် ဂုဏ်ပြုဆုပေးအပ် သွားမှာပါ’’ဟု ဦးကိုကိုကျော်စွာ က ပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆု အတွက် ကျပ် ၂၅ သိန်းနှင့် ဂုဏ် ပြုဆုတံဆိပ်ချီးမြှင့် မည် ဖြစ်ပြီး သန့်ရှင်းရေး စွမ်းဆောင်ရည်ဂုဏ် ပြုဆုအတွက် ကျပ်ငါးသိန်းစီနှင့် ဆုတံဆိပ်များပေးအပ်မည်ဖြစ် သည်။

ဆုရွေးချယ်ချီးမြှင့်နိုင်ရန် YCDC က နိုဝင်ဘာမှစတင်ပြင် ဆင်မှုများပြုလုပ်ခဲ့ပြီး မြို့နယ် တစ်ခုလျှင် သုံး ရက်ခန့် အချိန်ယူ စစ်ဆေးအကဲဖြတ်သည်ဟု ဆို သည်။

ရန်ကုန်မြို့တော် ပိုမိုသန့် ရှင်းလာစေရန်၊ သန့်ရှင်းရေး ဆောင်ရွက်မှုတွင် ပြည်သူများ ပိုမိုသိရှိပါဝင် လာစေ ရန်နှင့် အမှိုက်စွန့်ပစ်မှုများ စနစ်တကျ ဖြစ်စေရန် ရည်ရွယ်ကာ ဆုချီးမြှင့် ခြင်းဖြစ်ပြီး သုံးလတစ်ကြိမ်ပြု လုပ်မည်ဟု သိရသည်။

အသန့်ရှင်းဆုံးမြို့နယ် ဆုရွေးချယ်ချီးမြှင့်ခြင်းကို မြို့ခံလူထု သိရှိမှုနည်းပြီး နယ်မြေခံစည်ပင် သာယာ ဝန် ထမ်းများလည်း စိတ်ဝင်စားမှု   လျော့နည်းနေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။

‘‘စစ်ဆေးတယ်ဆိုတဲ့ရက်ကတော့ သန့်ရှင်းရေးတွေတော် တော်လုပ်ကြတာ တွေ့ရတယ်။ နောက်ပိုင်း ပုံမှန်လုပ်နေကျ အတိုင်းထက်တော့ ပိုထူးလာတာ မတွေ့ဘူး’’ဟု အင်းစိန်မြို့နယ်နေ အငြိမ်းစား ကျောင်း ဆရာ ဦးလှမောင်က ပြောသည်။

7Day DAILY

No comments:

Post a Comment