Tuesday 6 January 2015

နယ်စပ်တွင် အိန္ဒိယ-ပါကစ္စတန်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ငါးဦးသေ

Photo: နယ်စပ်တွင် အိန္ဒိယ-ပါကစ္စတန်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ငါးဦးသေ
Tuesday, January 6, 2015

တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။

နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားထားခဲ့ရာ အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

ဇန်န၀ါရီ ၅ ရက်က ပါကစ္စတန် အရှေ့ခြမ်းရှိ ဆီအယ်လ်ကော့မြို့အနီးတွင် အိန္ဒိယဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်မှုကြောင့် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား လေးဦး သေဆုံး ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

“အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ BSF က ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးယောက် သေဆုံးခဲ့ရပါတယ်၊ အခုလို ပစ်ခတ်ခဲ့တာကို ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ကလည်း ပြန်လည် တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုနေ့အစောပိုင်းကလည်း နှစ်နိုင်ငံ နယ်စပ်အကြား နှစ်ဘက် ပစ်ခတ်မှုများကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ဒေသရှိ ဆရီနာဂါ မြို့တောင်ဘက် ကီလိုမီတာ ၃၅၀ အကွာသို့ ပါကစ္စတန် ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့မှုကို ပြန်လည် လက်စားချေ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ အုပ်ချုပ်နေသော ကက်ရှ်မီးယား ဒေသမှ ရဲချုပ် ရာဂျက်ကူမာ ကပြောသည်။

နှစ်နိုင်ငံအကြား တင်းမာနေကြသော အဆိုပါ နယ်စပ်ဒေသတစ်လျောက်တွင် မကြာသေးသည့် ကာလများကတည်းက အပြန်အလှန် ပစ်ခတ်မှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးထားခဲ့ပြီး ထောင်ပေါင်းများစွာတို့သည်လည်း နေအိမ်များမှ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

Ref: AFP
Mizzima - News in Burmese
တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သား တစ်ဦး သေဆုံးခဲ့သည်။

နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ် ကလည်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားထားခဲ့ရာ အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

ဇန်န၀ါရီ ၅ ရက်က ပါကစ္စတန် အရှေ့ခြမ်းရှိ ဆီအယ်လ်ကော့မြို့အနီးတွင် အိန္ဒိယဘက်ခြမ်းမှ ပစ်ခတ် လိုက် သော လက်နက်ကြီး ကျရောက်မှုကြောင့် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးနှင့် အမျိုးသမီး တစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား လေးဦး သေဆုံး ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

“အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ BSF က ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးယောက် သေဆုံးခဲ့ရပါတယ်၊ အခုလို ပစ်ခတ်ခဲ့တာကို ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ကလည်း ပြန်လည် တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုနေ့အစောပိုင်းကလည်း နှစ်နိုင်ငံ နယ်စပ်အကြား နှစ်ဘက် ပစ်ခတ်မှုများကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ဒေသရှိ ဆရီနာဂါ မြို့တောင်ဘက် ကီလိုမီတာ ၃၅၀ အကွာသို့ ပါကစ္စတန် ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့မှုကို ပြန်လည် လက်စားချေ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ အုပ်ချုပ်နေသော ကက်ရှ်မီးယား ဒေသမှ ရဲချုပ် ရာဂျက်ကူမာ ကပြောသည်။

နှစ်နိုင်ငံအကြား တင်းမာနေကြသော အဆိုပါ နယ်စပ်ဒေသတစ်လျောက်တွင် မကြာသေးသည့် ကာလများ ကတည်းက အပြန်အလှန် ပစ်ခတ်မှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးထားခဲ့ပြီး ထောင်ပေါင်း များစွာတို့သည်လည်း နေအိမ်များမှ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment