Tuesday 6 January 2015

ရန်ကုန်တက္ကသိုလ်အတွင်း နိုင်ငံတကာအဆင့်မီပန်းဥယျာဉ်ကြီးတစ်ခု ပေါ်ပေါက် လာစေရေး Landscaping လုပ်ငန်းများကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ခန့် အသုံးပြုဆောင်ရွက်သွားမည်ဟုဆို

ရန်ကုန်တက္ကသိုလ်အတွင်း နိုင်ငံတကာအဆင့်မီ ပန်းဥယျာဉ်ကြီးတစ်ခုပေါ်ပေါက်လာစေရေး Landscaping လုပ်ငန်းများကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ခန့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ၏ ပါမောက္ခ ချုပ် ဒေါက်တာအောင်သူက ပြောသည်။

အဆိုပါလုပ်ငန်းကို ယခုနှစ် ဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်သွား မည်ဖြစ်ကာ၊ ပြည်တွင်းကုမ္ပဏီ သုံးခုမှ တင်ဒါရရှိထားပြီဖြစ်ကြောင်း၊ Landscaping ကို ဦးစားပေးလုပ် ကိုင်ပြီး ပန်းဥယျာဉ်လုပ်ငန်းနှင့် အကျွမ်းတဝင်ရှိသော လုပ်ငန်းရှင်များကို အဓိကရွေးချယ်ခေါ်ယူထားပြီး တက္ကသိုလ်ကြီးအား အရှေ့တောင် ထောင့်ဇုန်၊ အရှေ့မြောက်ထောင့်ဇုန်၊ အနောက်တောင်ထောင့် ဇုန်၊ အနောက်မြောက်ထောင့်ဇုန်အဖြစ် အတိအကျ ဇုန်လေးဇုန်ပိုင်းခြားကာ Landscaping ကို နိုင်ငံတကာ အဆင့်မီ ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

''နောက်နှစ်လလောက်မှာ လာကြည့်ရင် နေရာတိုင်းမှာ ဥယျာဉ်တစ်ခုလို ဖြစ်နေမယ်။ ဘယ်နှစ်နှစ် စီမံကိန်း လို့တော့ မဟုတ်ဘူး။ ဘတ်ဂျက်မပိတ်ခင် ပြီးအောင် လုပ်မယ်။တင်ဒါက လုပ်ငန်းရှင်တွေကို ခေါ် ရတာပေါ့။ အများဆုံး ကတော့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဝင်လာကြတာပေါ့။ လုပ်ငန်း အတွေ့ အကြုံရှိ ပြီးတော့ ဝါရင့်တဲ့သူ၊ ပန်းဥယျာဉ်ရှိတဲ့သူတွေကို အဓိ ကခေါ်ရတာပေါ့။ တကယ်လုပ်နေတဲ့ လူတွေကိုပဲ မူ တစ်ခုနဲ့ ရွေးချယ် တာပါ''ဟု ဒေါက် တာအောင်သူက ပြောသည်။

ယင်းသို့ ရန်ကုန်တက္ကသိုလ်အတွင်း နိုင်ငံတကာအဆင့်မီ ဥယျာဉ်ကြီးတစ်ခု အဖြစ် ဖြစ်လာနိုင်ရန်အတွက် လုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူသောအခါတွင် မြို့နယ်ဖွံ့ဖြိုး ရေးဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေးမှူးများလည်း ပါဝင်ပြီး၊ လုပ်ငန်းရှင်များ ၏ သမိုင်းကြောင်းများကို သေချာ စိစစ်ပြီးမှသာ တက္ကသိုလ်နှင့် လိုက်ဖက်မည့် သူများကို ရွေးချယ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်းပြီး ဗိသုကာပညာရှင် ဦးစည်သူမြင့်ဆွေက ''ခေတ်မီတဲ့ ပစ္စည်းတွေသုံး လိုက်လို့ ကျောင်းရဲ့ရင့်ကျက်တဲ့ အငွေ့အသက်တွေ ထိခိုက်တာ လည်း မဖြစ်သင့်ဘူး။ ဧရိယာ၊ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ Setting တွေ မပျောက် မပျက်ရအောင် ထိန်းသိမ်းရမယ်။ အကောင်းစားတွေ သုံးတိုင်းလဲ မဖြစ်ဘူး။ အဲဒီလို မျိုးမလုပ်နိုင်ရင် ကျောင်းရဲ့ ဂုဏ်သိက္ခာကိုထိခိုက်နိုင်တယ်။ မကောင်း တာတွေနဲ့ ဈေးပေါ ပေါတွေနဲ့ လုပ်ရင်ပိုဆိုးတာပေါ့။ဥပမာ သစ်ပုတ်ပင်ကြီးကို လူတွေ လက်ဆော့မှာစိုးလို့ ခြံခတ်ထားရ တာဟာ အရမ်းအမြင်ဆိုးတယ်။ လူ တွေကြောင့် ပျက်စီးမှာစိုးရိမ်လို့ လုပ်တာဖြစ်ပေမယ့် ဗိသုကာပညာ ရပ်နဲ့ မထိခိုက်ရအောင် ဖန်တီးထား လို့ရတယ်။ လူတွေကိုလဲ အသိပညာတွေ ပေး ထားဖို့လိုတယ်။နောက် တစ်ခုက တင်ဒါခေါ်တဲ့အခါလဲ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ကျွန် တော်တို့ဆို အခုမှသိရတယ်။ ပွင့်လင်း မြင်သာမှ၊ အများကို ချပြနိုင်မှ တ ကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေ ပါဝင်လာမယ်''ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်သည် သမိုင်းအစဉ်အလာမှာ ကြီးမားပြီး National Culture Heritageတစ်ခုလည်း ဖြစ်ခြင်းကြောင့် ပြုပြင် ခြင်းနှင့် ပြန်လည်ထိန်းသိမ်းခြင်း များ ဆောင်ရွက်ပါက အရည်အသွေး ကောင်းမွန် သော ပစ္စည်းများနှင့် ကျွမ်းကျင် ပညာရှင်များကို ရွေးချယ် သင့်ပြီး၊ နဂိုမူလမပျောက်ပျက်ရန် အဓိက လုပ်ဆောင် ရမည် ဖြစ်ကာ ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင် အောင်လည်း အစီအစဉ်များ ဆွဲထား သင့်ကြောင်း ယင်းကဆက်လက်ပြောသည်။

''ဖွင့်ပွဲလုပ်တဲ့အခါ လှနေရုံနဲ့ မပြီးဘူး။ ရေရှည်တည်တံ့ဖို့လိုတယ် နေရာအနှံ့ ပန်းတွေဖြစ်ရအောင်လဲ ပန်းခြံ မဟုတ်ဘူး။ ခေတ်မီတဲ့ မော်ဒယ်ပစ္စည်းတွေ သုံးလိုက်လို့ လဲ ရင်ကျင့်တဲ့ အငွေ့အသက်တွေ မပျောက်ဆုံး သင့်ဘူး''ဟု ယင်းက ထပ်မံပြောသည်။

ရန်ကုန်တက္ကသိုလ်ကြီး အတွက် တင်ဒါကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ခေါ် ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းလ တွင်ပင် တင်ဒါဖွင့်ပေးခဲ့ကြောင်း၊ တက္ကသိုလ်၏ အကျယ်အဝန်းကြောင့် တင်ဒါသုံးခုကို ရွေးချယ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

''နိုင်ငံတကာ အဆင့်မီချင်တယ် ဆိုရင် အသွင်သဏ္ဌာန်လဲ ပြောင်းသွားဖို့ လိုတယ်။ စိတ်ဓာတ်ဆိုတာက ပတ်ဝန်းကျင်ကနေ ပြုပြင်ပြောင်းလဲနိုင်တယ်။ ဒီလိုပဲ ပတ်ဝန်းကျင်လေးတစ်ခုကို ထိန်းသိမ်းပြီး သန့်ရှင်းပြီး လှပသာယာ တဲ့နေရာမှာ သူတို့ရဲ့ လှပသာယာတဲ့ နေရာမှာ စိတ်ဓာတ်တွေကို ပြောင်း လဲပေးလိုက် တာပဲ။ အဆောင်တွေရဲ့ အရှေ့ပန်း ရုံတွေကို အဓိကလုပ်မယ်။ အခုဆိုရင် မလှမပ မြင်ရတယ်။ နောက်ဆိုရင် လှလှပပမြင်ရမှာပေါ့။ ပန်းတွေဘာ တွေနဲ့ပေါ့''ဟု ဒေါက်တာအောင်သူ ကပြောသည်။

ရန်ကုန်တက္ကသိုလ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ ဧက ၁၃၀ ရှိကြောင်း သိရသည်။

MMA
Democracy today

No comments:

Post a Comment