Tuesday 6 January 2015

မြစ်ကြီးနား မနောပွဲကို ကချင်အဖွဲ့အချို့ သပိတ်မှောက်

Photo: မြစ်ကြီးနား မနောပွဲကို ကချင်အဖွဲ့အချို့ သပိတ်မှောက်
Tuesday, January 6, 2015

ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့် ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း၌ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပလိုက်ပြီဟု မနောပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ကန့်ကွက်ထားသည့် ကချင်လူမှုအဖွဲ့အစည်းများကမူ မတက်ရောက်ဟု ယင်းအဖွဲ့များထံက သိရသည်။

“ကျွန်မတို့ ကန့်ကွက်တဲ့လူတွေ အားလုံးက မသွားပါဘူး။ အခုအခြေအနေနဲ့ မနောပွဲလုပ်တာ မသင့်လျော်ဘူးပေါ့နော်။ ဒီနေ့ ဖွင့်ပွဲမှာလည်း ဒေသခံ လူထုတွေ မတက်တလောက်ပဲ။ အရင်တုန်းကဆိုရင် လမ်းမကြီးတွေ ကြပ်နေတာပဲ။ ကတဲ့လူနဲ့ ကြည့်တယ်။ အခုဆိုရင် ကျွန်မသွားသွားလာလာကြည့်ရင် လေဟာပြင်မှာ ဒေသခံတွေလည်း မလာဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကနေတဲ့ လူတွေက သူတို့ ဖိတ်ထားတဲ့လူတွေပေါ့။ အစိုးရက ကျောင်းသားတွေကို ခေါ်ပြီးတော့ ကကြတယ်”ဟု ယခုနှစ် မနောပွဲကျင်းပခြင်းကို ကန့်ကွက်သူ တစ်ဦးဖြစ်သည့် ဆရာမ လနန်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ပြည်နယ်အစိုးရက ပထမဆုံး အကြိမ်အဖြစ် ဦးစီးကျင်းပခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကမူ တက်ရောက်ခြင်း ရှိမရှိကို မသိရသော်လည်း၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်ကမူ မအားလပ်၍ တက်ရောက်ခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှေ့တွင် ဇန်နဝါရီ ၅ရက် နံနက် ၈ နာရီက ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များက မနောကွင်းကို ဖွင့်လှစ်သည့် အနေဖြင့် ဆုတောင်းဝတ်ပြုမှု ပြုလုပ်ခဲ့ပြီး လူထု ၄၀၀ခန့် တက်ရောက်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၈ရက်တွင်မူ မနောကမည်ဟု ဦးလခရိလအောင်က ဆိုသည်။ မနောပွဲကို ဇန်နဝါရီ ၅ရက်မှ ၁၀ရက်အထိ ၆ရက်တာ ကျင်းပမည်ဖြစ်သည်။

နေ့လည်ပိုင်းတွင် အားကစားပွဲများ ရှိမည်ဖြစ်ကာ ညပိုင်းတွင်မူ ကချင်ရိုးရာ အကပဒေသာများ၊ ဖျော်ဖြေပွဲများရှိမည်ဖြစ်ကာ မနောကွင်း အတွင်း ဈေးဆိုင်ခန်းပေါင်း ၂၀၀ ခန့်လည်း ရောင်းချနေသည်။

“ဒီမနောပွဲက အစိုးရက မဖြစ်မနေ လုပ်ခိုင်းတယ်ဆိုပြီး ပြောနေတယ်။ တကယ်မနောပွဲ လုပ်တယ်ဆိုတာ အရင်က ၂၀၁၁ ကနေ ၆၃ ကြိမ် ပွဲမြောက်ရေးကော်မတီက ဆက်လက် တာဝန်ယူပြီး ၆၇ ကြိမ်ဆက်လက် တာဝန်ယူတာ ဖြစ်တယ်။ ဘယ်သူမှ မဖြစ်မနေ လုပ်ရမယ်ဆိုပြီး လုပ်ခိုင်းတာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့အခါ ကချင်ပြည်နယ်နေ့ မနောပွဲလုပ်တဲ့အခါ မနောက ကတာကို လျော့ရအောင်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်”ဟု ဦးလခရိလအောင်က ပြောသည်။

ကချင်မနောပွဲသည် အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပေါင်းစည်းခြင်းဟူသော အဓိပ္ပါယ်ဆောင်သော်လည်း လက်ရှိပြည်နယ်အတွင်း အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် မနောပွဲ ကျင်းပရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလထိ ကချင်ဒေသခံ ပြည်သူလူထု တစ်သောင်းကျော် လက်မှတ်ရေးထိုး ကာ ပြည်နယ် အ စိုးရကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ကျင်းပနေခြင်း ဖြစ်သည်။

ယခုနှစ် မနောပွဲ ကျင်းပရေးအတွက် ကျပ်သိန်း ၄၀၀၀ ကုန်ကျရန် လျာထားသည်ဟု ဦးလခရိလအောင်က ပြောသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့သည် အဆိုပါ မနောပွဲကို ကျင်းပရန် ၂၀၁၁ ခုနှစ် မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ကို ပြည်နယ်အစိုးရရုံးတွင် တာဝန်ပေးခဲ့ရာ ကချင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၆ ခုနှင့် သဘောထားကွဲပြားမှု ဖြစ်ပွားခဲ့သေးသည်။

မနောပွဲကို ၂၀၁၀ ခုနှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ သဖြင့် လေးနှစ်ကြာ မနောပွဲ ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ယခုနှစ်တွင် ပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်း ဖြစ်သည်။

Mizzima - News in Burmese
ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့် ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနော ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း၌ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပလိုက်ပြီဟု မနောပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ကန့်ကွက်ထားသည့် ကချင်လူမှုအဖွဲ့အစည်းများကမူ မတက်ရောက်ဟု ယင်းအဖွဲ့များထံက သိရသည်။

“ကျွန်မတို့ ကန့်ကွက်တဲ့လူတွေ အားလုံးက မသွားပါဘူး။ အခုအခြေအနေနဲ့ မနောပွဲလုပ်တာ မသင့်လျော် ဘူးပေါ့နော်။ ဒီနေ့ ဖွင့်ပွဲမှာလည်း ဒေသခံ လူထုတွေ မတက်တလောက်ပဲ။ အရင်တုန်းကဆိုရင် လမ်းမ ကြီးတွေ ကြပ်နေတာပဲ။ ကတဲ့လူနဲ့ ကြည့်တယ်။ အခုဆိုရင် ကျွန်မသွားသွားလာလာကြည့်ရင် လေဟာ ပြင်မှာ ဒေသခံတွေလည်း မလာဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကနေတဲ့ လူတွေက သူတို့ ဖိတ်ထားတဲ့လူတွေပေါ့။ အစိုးရက ကျောင်းသားတွေကို ခေါ်ပြီးတော့ ကကြတယ်”ဟု ယခုနှစ် မနောပွဲကျင်းပခြင်းကို ကန့်ကွက်သူ တစ်ဦးဖြစ်သည့် ဆရာမ လနန်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ပြည်နယ်အစိုးရက ပထမဆုံး အကြိမ်အဖြစ် ဦးစီးကျင်းပခြင်းဖြစ်ပြီး ကချင်လွတ်မြောက် ရေးအဖွဲ့ (ကေအိုင်အို)ကမူ တက်ရောက်ခြင်း ရှိမရှိကို မသိရသော်လည်း၊ ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင် ဦးဆန်အောင်ကမူ မအားလပ်၍ တက်ရောက်ခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှေ့တွင် ဇန်နဝါရီ ၅ရက် နံနက် ၈ နာရီက ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များက မနောကွင်းကို ဖွင့်လှစ်သည့် အနေဖြင့် ဆုတောင်းဝတ်ပြုမှု ပြုလုပ်ခဲ့ပြီး လူထု ၄၀၀ခန့် တက်ရောက်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၈ရက်တွင်မူ မနောကမည်ဟု ဦးလခရိလအောင်က ဆိုသည်။ မနောပွဲကို ဇန်နဝါရီ ၅ရက်မှ ၁၀ရက်အထိ ၆ရက်တာ ကျင်းပမည်ဖြစ်သည်။

နေ့လည်ပိုင်းတွင် အားကစားပွဲများ ရှိမည်ဖြစ်ကာ ညပိုင်းတွင်မူ ကချင်ရိုးရာ အကပဒေသာများ၊ ဖျော်ဖြေပွဲများရှိမည်ဖြစ်ကာ မနောကွင်း အတွင်း ဈေးဆိုင်ခန်းပေါင်း ၂၀၀ ခန့်လည်း ရောင်းချနေသည်။

“ဒီမနောပွဲက အစိုးရက မဖြစ်မနေ လုပ်ခိုင်းတယ်ဆိုပြီး ပြောနေတယ်။ တကယ်မနောပွဲ လုပ်တယ်ဆိုတာ အရင်က ၂၀၁၁ ကနေ ၆၃ ကြိမ် ပွဲမြောက်ရေးကော်မတီက ဆက်လက် တာဝန်ယူပြီး ၆၇ ကြိမ်ဆက်လက် တာဝန်ယူတာ ဖြစ်တယ်။ ဘယ်သူမှ မဖြစ်မနေ လုပ်ရမယ်ဆိုပြီး လုပ်ခိုင်းတာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့အခါ ကချင်ပြည်နယ်နေ့ မနောပွဲလုပ်တဲ့အခါ မနောက ကတာကို လျော့ရအောင်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်”ဟု ဦးလခရိလအောင်က ပြောသည်။

ကချင်မနောပွဲသည် အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပေါင်းစည်းခြင်းဟူသော အဓိပ္ပါယ်ဆောင်သော်လည်း လက်ရှိပြည်နယ်အတွင်း အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် မနောပွဲ ကျင်းပရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလထိ ကချင်ဒေသခံ ပြည်သူလူထု တစ်သောင်းကျော် လက်မှတ်ရေးထိုး ကာ ပြည်နယ် အ စိုးရကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ကျင်းပနေခြင်း ဖြစ်သည်။

ယခုနှစ် မနောပွဲ ကျင်းပရေးအတွက် ကျပ်သိန်း ၄၀၀၀ ကုန်ကျရန် လျာထားသည်ဟု ဦးလခရိလအောင်က ပြောသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့သည် အဆိုပါ မနောပွဲကို ကျင်းပရန် ၂၀၁၁ ခုနှစ် မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ကို ပြည်နယ်အစိုးရရုံးတွင် တာဝန်ပေးခဲ့ရာ ကချင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၆ ခုနှင့် သဘောထားကွဲပြားမှု ဖြစ်ပွားခဲ့သေးသည်။

မနောပွဲကို ၂၀၁၀ ခုနှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ သဖြင့် လေးနှစ်ကြာ မနောပွဲ ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ယခုနှစ်တွင် ပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment