Tuesday 6 January 2015

၂၀၁၅ခုနှစ်တွင်အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများ ကားပါကင် ထောက်ခံချက် မလိုဆိုသည့် သတင်းမဟုတ်မှန်

၂၀၁၅ ခုနှစ်တွင် အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများ ကားပါကင်ထောက်ခံ ချက်မလိုဆိုသည့် သတင်းမှာ မဟုတ်မှန်ဟု စီး ပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၁၄ ခုနှစ်အတွင်း အပ်နှံသည့် ယာဉ်အိုယာဉ်ဟောင်းများကိုသာ ကားပါကင်ထောက်ခံချက် ကင်းလွှတ်ခွင့်ပေးသွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများအနေဖြင့် ကားပါကင် ထောက်ခံတင်ပြရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအကြံပေး ဒေါက် တာမောင်အောင်က '' ၂၀၁၄ မှာ အပ်ထားတဲ့ စလစ်ဆိုရင် ကားပါကင် မလိုဘူး။ ၂၀၁၅ ဇန်နဝါရီ ၁ရက် ကစပြီးတော့ အပ်တဲ့ကား ဆိုရင်တော့ ကားပါ ကင်ထောက်ခံချက်လိုတယ်။ ဒါကတော့ Fair ဖြစ်အောင်လုပ်ပေးတာ။ ရန်ကုန်ကို အဓိကထား ထိန်းနေရတယ်။ ပြည်သူတွေဝယ်စီးမယ်ဆိုရင် အရင်က သွင်းထား တဲ့ ကားတွေ အများကြီးရှိသေး တယ် အဲဒါတွေ ဝယ်စီးလို့ရသေး တယ်'' ဟုဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ပါမစ်ရယူထားသည့် ယာဉ်အိုယာဉ်ဟောင်း များအနေဖြင့် ကားတင်သွင်းရာတွင် ကား ပါကင် ထောက်ခံချက်အပြင် သတ်မှတ်ထားသည့် ရာခိုင်နှုန်းအ လိုက်အခွန်သက်သာခွင့်ကို မတ်လအထိ ခံစားခွင့်ရရှိနိုင် မည်ဖြစ် ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိ မော်တော်ယာဉ်ဈေး ကွက်အတွင်း ၂၀၁၄ အတွင်းအပ်နှံသည့် ယာဉ်အိုယာဉ်ဟောင်းစလစ် များ အနေဖြင့် ကျပ် ၄၂သိန်းဝန်းကျင်မှ ကျပ် ၅၂ သိန်းအထိ ပြန် လည်မြင့်တက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် အတွင်း အပ်နှံသည့် စလစ်များ ပါ ကားပါကင် ထောက်ခံချက်မလို ဟူသော သတင်းများကြောင့် စလစ် ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်ဝယ်ရောင်းကို ဇော်လင်းက '' တကယ်ဆိုရင်ယာဉ်အို ယာဉ်ဟောင်းပါမစ်နဲ့ ကားသွင်း တာ တွေကို ကားပါကင်ထောက်ခံချက် ကင်းလွတ်ခွင့်က အားလုံးကို ပေးသင့်တယ်။ ရှိပြီးသားကားကို အပ်ပြီး အသစ်သွင်းတာဖြစ်တဲ့အတွက် ကားပါကင်ထောက်ခံချက်တောင်းတယ်ဆိုတာ လုံးဝမဖြစ်သင့် ဘူး''ဟု ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ပါမစ်ရယူထားရသည့် ယာဉ်အိုယာဉ် ဟောင်းစလစ်များ အနေဖြင့် ကားပါကင် မလို ဟူသော သတင်းများထွက်ပေါ်နေသော်လည်း နေပြည်တော်ရှိ ကားပါမစ်ဌာနသို့ ကားပါကင် ထောက်ခံ ချက် တောင်းခံမှု များရှိနေသေးကြောင်း ကားတင် သွင်းသူအချို့၏ ပြောကြားချက်အရ သိရသည်။

AK
‪Democracytoday‬

No comments:

Post a Comment