Tuesday 6 January 2015

ဗိုလ်ချုပ်ရာပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအောင်ဆန်းဦးပါ မိန့်ခွန်းပြောကြားရန် စီစဉ်ပေးထား

Photo: ဗိုလ်ချုပ်ရာပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအောင်ဆန်းဦးပါ မိန့်ခွန်းပြောကြားရန် စီစဉ်ပေးထား
Tuesday, January 6, 2015

နတ်မောက်မြို့တွင် ပြု လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့် အခမ်းအနား၌ သမီးငယ် ဒေါ်အောင်ဆန်းစုကြည်အပြင် သားကြီး ဦးအောင်ဆန်းဦးပါမိန့် ခွန်းပြောကြားမည့် အစီအစဉ် ထည့်သွင်းထားကြောင်း သတင်း ရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာ တိနတ်မောက်မြို့တွင် ဖေဖော်ဝါ ရီ ၇ ရက်မှ စတင်ပြုလုပ်မည့် ရာပြည့်အခမ်းအနား၌ ဗိုလ်ချုပ် အောင်ဆန်း၏ သွေးသားရင်းများ ကိုယ်တိုင် အမှတ်တရ တက် ရောက်မိန့်ခွန်းပြောရန် အခမ်းအ နားဖြစ်မြောက်ရေး ကော်မတီက အစီအစဉ် ရေးဆွဲထားပြီးဖြစ် သည်ဟု အဆိုပါ ကော်မတီအ တွင်းရေးမှူး ဒေါက်တာစိုးမင်းက ပြောသည်။

‘‘ဦးအောင်ဆန်းဦး တက် ရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ထည့်ထားပါတယ်။ မောင်နှမနှစ်ယောက်မှာ သူက အကြီးဖြစ်တာကြောင့် သူ့ကိုအ ရင်ပေးပြောပြီးနောက်မှ အငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောဖို့ အစီအစဉ်ဆွဲထားတယ်’’ ဟု ဒေါက်တာ စိုးမင်းက ပြောသည်။

ဗိုလ်ချုပ် အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦးမှာ နိုင်ငံရေးလောကနှင့် ကင်းကွာ ပြီး လူထုနှင့်ဝေးကွာနေသူ ဖြစ်သည်။ ၎င်းကို နိုင်ငံတော်က ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားများတွင်သာ ရံဖန်ရံခါတက် ရောက်လာသည်ကိုတွေ့ရသည်။

ဦးအောင်ဆန်းဦးအနေဖြင့် အဆိုပါ အခမ်းအနားသို့ တက် ရောက်၍ အမှတ်တရ မိန့်ခွန်း ပြောကြားပါက ၎င်းအတွက် လူ ထုနှင့် ပထမဆုံးနီးစပ်စွာ တွေ့ဆုံမှုလည်း ဖြစ်လာဖွယ်ရှိသည်။

နတ်မောက်မြို့သူမြို့သား များဦးဆောင် ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားသို့ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်နိုင်ရန် ကော်မတီအဖွဲ့က ကြိုးစားနေသော်လည်း ယနေ့အထိ နှစ်ဦးစလုံးကတက်၊မတက်အတည် ပြုထားခြင်း မရှိသေးကြောင်း သ တင်းရရှိသည်။

‘‘ဦးအောင်ဆန်းဦးက ဒီအခမ်းအနားကို နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အခမ်းအနားတစ်ခုလို့ မြင်နေပုံရတယ်။ ဒီပွဲလုပ်တာ အင်န်အယ်လ်ဒီနဲ့ ဘာမှမဆိုင်ဘူးလို့လည်း ကျွန်တော်တို့ ရှင်းပြထားတယ်’’ဟု ဒေါက်တာစိုးမင်းက ပြောသည်။

ယခုအခါ ဦးအောင်ဆန်းဦး သည်အမေရိကန်နိုင်ငံသို့ ခေတ္တ ပြန်သွားပြီး အချိန်မီပြန်လည် တက်ရောက်ပေးနိုင်ရန် ၎င်း၏ ဆွေမျိုးများမှတစ်ဆင့် ဆက်သွယ် အကြောင်းကြားထားသည်ဟု ဆိုသည်။

‘‘ဒီလိုပွဲမျိုးက နောက်ထပ် ကျင်းပဖို့ မလွယ်ပါဘူး။ မှတ်မှတ် ရရ နှစ်(၁၀၀)ပြည့်မှာ သက်ရှိ ထင်ရှားရှိနေသေးတဲ့ ဗိုလ်ချုပ် မျိုးဆက်နှစ်ဦးစလုံး တက်ရောက် စေချင်ပါတယ်။ မောင်နှမနှစ် ယောက်စလုံးပြောတဲ့ မိန့်ခွန်းအမှတ်တရ စကားကြားချင်တယ်’’ဟု နတ်မောက်မြို့ခံတစ်ဦးက ပြောသည်။

7Day DAILY
နတ်မောက်မြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနား၌ သမီးငယ်ဒေါ်အောင်ဆန်း စုကြည်အပြင် သားကြီး ဦးအောင်ဆန်းဦးပါမိန့် ခွန်းပြောကြားမည့် အစီအစဉ် ထည့်သွင်းထားကြောင်း သတင်း ရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိနတ်မောက်မြို့တွင် ဖေဖော်ဝါ ရီ ၇ ရက်မှ စတင်ပြုလုပ်မည့် ရာပြည့် အခမ်း အနား၌ ဗိုလ်ချုပ် အောင်ဆန်း၏ သွေးသားရင်းများ ကိုယ်တိုင် အမှတ်တရ တက် ရောက်မိန့်ခွန်းပြောရန် အခမ်းအ နားဖြစ်မြောက်ရေး ကော်မတီက အစီအစဉ် ရေးဆွဲထားပြီးဖြစ် သည်ဟု အဆိုပါ ကော်မတီအ တွင်းရေးမှူး ဒေါက်တာစိုးမင်းက ပြောသည်။

‘‘ဦးအောင်ဆန်းဦး တက် ရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ထည့်ထားပါတယ်။ မောင်နှမနှစ်ယောက်မှာ သူက အကြီးဖြစ်တာကြောင့် သူ့ကိုအ ရင်ပေးပြောပြီးနောက်မှ အငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောဖို့ အစီအစဉ်ဆွဲထားတယ်’’ ဟု ဒေါက်တာ စိုးမင်းက ပြောသည်။

ဗိုလ်ချုပ် အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦးမှာ နိုင်ငံရေးလောကနှင့် ကင်းကွာ ပြီး လူထုနှင့်ဝေးကွာ နေသူ ဖြစ်သည်။ ၎င်းကို နိုင်ငံတော်က ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားများတွင်သာ ရံဖန်ရံခါ တက် ရောက်လာသည်ကိုတွေ့ရသည်။

ဦးအောင်ဆန်းဦးအနေဖြင့် အဆိုပါ အခမ်းအနားသို့ တက် ရောက်၍ အမှတ်တရ မိန့်ခွန်း ပြောကြားပါက ၎င်းအတွက် လူ ထုနှင့် ပထမဆုံးနီးစပ်စွာ တွေ့ဆုံမှုလည်း ဖြစ်လာဖွယ်ရှိသည်။

နတ်မောက်မြို့သူမြို့သား များဦးဆောင် ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားသို့ ၎င်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်နိုင်ရန် ကော်မတီအဖွဲ့က ကြိုးစားနေသော်လည်း ယနေ့အထိ နှစ်ဦးစလုံးကတက်၊မတက်အတည် ပြုထားခြင်း မရှိသေးကြောင်း သ တင်းရရှိသည်။

‘‘ဦးအောင်ဆန်းဦးက ဒီအခမ်းအနားကို နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အခမ်းအနားတစ်ခုလို့ မြင်နေပုံရတယ်။ ဒီပွဲလုပ်တာ အင်န်အယ်လ်ဒီနဲ့ ဘာမှမဆိုင်ဘူးလို့လည်း ကျွန်တော်တို့ ရှင်းပြထားတယ်’’ဟု ဒေါက်တာစိုးမင်းက ပြောသည်။

ယခုအခါ ဦးအောင်ဆန်းဦး သည်အမေရိကန်နိုင်ငံသို့ ခေတ္တ ပြန်သွားပြီး အချိန်မီပြန်လည် တက်ရောက် ပေးနိုင်ရန် ၎င်း၏ ဆွေမျိုးများမှတစ်ဆင့် ဆက်သွယ် အကြောင်းကြားထားသည်ဟု ဆိုသည်။

‘‘ဒီလိုပွဲမျိုးက နောက်ထပ် ကျင်းပဖို့ မလွယ်ပါဘူး။ မှတ်မှတ်ရရနှစ်(၁၀၀)ပြည့်မှာ သက်ရှိထင်ရှား ရှိနေ သေးတဲ့ ဗိုလ်ချုပ် မျိုးဆက်နှစ်ဦးစလုံး တက်ရောက် စေချင်ပါတယ်။ မောင်နှမနှစ် ယောက်စလုံးပြောတဲ့ မိန့်ခွန်းအမှတ်တရ စကားကြားချင်တယ်’’ဟု နတ်မောက်မြို့ခံတစ်ဦးက ပြောသည်။

7Day DAILY 

No comments:

Post a Comment