Tuesday 6 January 2015

မန်း-ဗန်းမော် ရေကြောင်း ကုန်စည်စီးဆင်းမှု သုံးပုံတစ်ပုံခန့် ကျဆင်း

Photo: မန်း-ဗန်းမော် ရေကြောင်း ကုန်စည်စီးဆင်းမှု သုံးပုံတစ်ပုံခန့် ကျဆင်း
Tuesday, January 6, 2015

မန္တလေး-ဗန်းမော် ရေကြောင်းကုန်စည်များ တရားမ၀င် အခွန်မဲ့ကုန်စည် စစ်ဆေးသည့် ကာလမတိုင်မီ အချိန်ထက် သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်စည်စီးဆင်းမှု ကျဆင်းခြင်းမှာ တရားမဝင် အခွန်မဲ့ကုန်စည်များ စစ်ဆေးသည့်ကာလနှင့် ရေကြောင်း ကျပ်သည့်အချိန် တိုက်ဆိုင်သောကြောင့်လည်း ဖြစ်သည်။

“ဗန်းမော် ဆိပ်ကမ်းကလည်း ရေနည်း နေတယ်၊ ပြီးတော့ မိုဘိုင်းတင်း စစ်ဆေးတာလည်း ရှိတော့ အမှန်တကယ် ဂျုတီဆောင်တဲ့ကုန်တွေပဲ တင်ကြတော့ သုံးပုံတစ်ပုံလောက် ကုန်နည်းသွားတယ်” ၎င်းက ပြောသည်။

မန္တလေးမြစ်ဆိပ် ဂေါဝိန်ဆိပ်ကမ်းတွင် တရားမဝင်ကုန်သွယ်မှု တားဆီးစစ်ဆေးရေးအဖွဲ့ (မိုဘိုင်းတင်း) က ကုန်တင်ရေယာဉ်များတွင် အခွန်ရှောင်ပစ္စည်းများနှင့် ဥပဒေအရ တားမြစ်ကုန်စည်များ သယ်ဆောင်ခြင်းရှိ၊ မရှိကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ ပညာပေးကာလအဖြစ် တစ်လ သတ်မှတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ အခွန်မဲ့ ကုန်စည်များ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေ ခြင်း ဖြစ်သည်။

ယခင်နှစ်များတွင် ဆောင်းရာသီ၌ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းကျပ်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်လောက် ကုန်စည်စီးဆင်းမှု လျော့နည်းခြင်းမရှိဟု တာဝန်ရှိသူက ဆိုသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲ လက်အောက်တွင် မန္တလေး-ဗန်းမော်၊ ကသာနှင့် မန္တလေး-ညောင်ဦး ရေကြောင်းခရီး စဉ်များ ပြေးဆွဲပေးလျက် ရှိသည်။ ဗန်းမော်လိုင်းသည် ကုန်စည်ပို့ဆောင်ရေး အဓိကဖြစ်ပြီး ညောင်ဦးလိုင်းသည် နိုင်ငံခြားသား ခရီးသွားများ သွားရောက် လည်ပတ်မှုများသည့် ခရီးသည်တင် ရေယာဉ်လိုင်းများ ဖြစ်သည်။

Mizzima - News in Burmese 

ဧရာဝတီမြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ဧရာဝတီမြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
မန္တလေး-ဗန်းမော် ရေကြောင်းကုန်စည်များ တရားမ၀င် အခွန်မဲ့ကုန်စည် စစ်ဆေးသည့် ကာလမတိုင်မီ အချိန်ထက် သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်စည်စီးဆင်းမှု ကျဆင်းခြင်းမှာ တရားမဝင် အခွန်မဲ့ကုန်စည်များ စစ်ဆေးသည့်ကာလနှင့် ရေကြောင်း ကျပ်သည့်အချိန် တိုက်ဆိုင်သောကြောင့်လည်း ဖြစ်သည်။

“ဗန်းမော် ဆိပ်ကမ်းကလည်း ရေနည်းနေတယ်၊ ပြီးတော့ မိုဘိုင်းတင်း စစ်ဆေးတာလည်း ရှိတော့ အမှန်တကယ် ဂျုတီဆောင်တဲ့ကုန်တွေပဲ တင်ကြတော့ သုံးပုံတစ်ပုံလောက် ကုန်နည်းသွားတယ်” ၎င်းက ပြောသည်။

မန္တလေးမြစ်ဆိပ် ဂေါဝိန်ဆိပ်ကမ်းတွင် တရားမဝင်ကုန်သွယ်မှု တားဆီးစစ်ဆေးရေးအဖွဲ့ (မိုဘိုင်းတင်း) က ကုန်တင်ရေယာဉ်များတွင် အခွန်ရှောင်ပစ္စည်းများနှင့် ဥပဒေအရ တားမြစ်ကုန်စည်များ သယ်ဆောင်ခြင်းရှိ၊ မရှိကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ ပညာပေးကာလအဖြစ် တစ်လ သတ်မှတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ အခွန်မဲ့ ကုန်စည်များ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေ ခြင်း ဖြစ်သည်။

ယခင်နှစ်များတွင် ဆောင်းရာသီ၌ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းကျပ်မှုများ ဖြစ်ပွားခဲ့ သော်လည်း ယခုနှစ်လောက် ကုန်စည်စီးဆင်းမှု လျော့နည်းခြင်းမရှိဟု တာဝန်ရှိသူက ဆိုသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲ လက်အောက်တွင် မန္တလေး-ဗန်းမော်၊ ကသာနှင့် မန္တလေး- ညောင်ဦး ရေကြောင်းခရီး စဉ်များ ပြေးဆွဲပေးလျက် ရှိသည်။ ဗန်းမော်လိုင်းသည် ကုန်စည် ပို့ဆောင်ရေး အဓိကဖြစ်ပြီး ညောင်ဦးလိုင်းသည် နိုင်ငံခြားသား ခရီးသွားများ သွားရောက် လည်ပတ်မှု များသည့် ခရီးသည်တင် ရေယာဉ်လိုင်းများ ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment