Tuesday 6 January 2015

ရဝမ်လူမျိုးများတည်ထောင်သည့် ဖုန်ကန်အက်ဖ်စီ မြန်မာလိဂ်-၂ တွင် ဝင်ပြိုင်ရန်စီစဉ်

လာမည့် ၂၀၁၅ ရာသီ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ရဝမ်လူမျိုးများ တည်ထောင်ထားသည့် ဖုန်ကန်အက်ဖ်စီ အ သင်းပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘မြန်မာလိဂ်-၂ ပြိုင်ပွဲမှာ ရဝမ်လူမျိုးတွေ တည်ထောင်ထား တဲ့ ဖုန်ကန်အက်ဖ်စီ အသင်းပါဝင် ယှဉ်ပြိုင်ဖို့ စီစဉ်နေပါတယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ သဘောတူညီပြီးပါပြီ။ အဖွဲ့ချုပ်နဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့အချက် အလက်တွေ အတွက် ထပ်မံဆွေး နွေးဖို့တော့ လုပ်ရပါဦးမယ်’’ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

ကချင်တိုင်းရင်းသားမျိုးနွယ် ဖြစ်သည့် ရဝမ်လူမျိုးများတည် ထောင်ထားသည့် ဖုန်ကန်အက်ဖ် စီအသင်းသာ မြန်မာလိဂ်-၂ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဆိုပါက လက်ရှိမြန်မာလိဂ်-၁ ပြိုင်ပွဲဝင် မနောမြေ အသင်းနှင့် အတူ ကချင်ပြည်နယ်ကိုယ်စား ပြုကလပ်အသင်းမှာ နှစ်သင်းဖြစ် လာမည်ဖြစ်သည်။

အသင်းစုစုပေါင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြီးခဲ့ သည့် ၂၀၁၄ မြန်မာ လိဂ်-၂ အမှတ်ပေး ပြိုင်ပွဲတွင် ဟံသာဝတီအသင်း က ဗိုလ်စွဲခဲ့ပြီး ဒုတိယ ရရှိသည့် ရခိုင် ယူနိုက်တက်အသင်းနှင့် အတူ ၂၀၁၅ ရာသီမြန်မာလိဂ်-၁ ပြိုင်ပွဲ သို့ တက်ရောက်ယှဉ်ပြိုင် ခွင့်ရရှိထားသည်။

၂၀၁၄ မြန်မာလိဂ်-၁ ပြိုင်ပွဲ အမှတ်ပေးဇယား အောက်ဆုံး ရပ်တည်ခဲ့သည့် ဆောက်သမ်း မြန်မာ အသင်း နှင့် GFA အသင်း တို့မှာ ၂၀၁၅ ရာသီတွင် မြန်မာ လိဂ်-၂ ပြိုင်ပွဲသို့ တန်းဆင်းယှဉ် ပြိုင်ရမည် ဖြစ်သည်။

‘‘ပြီးခဲ့တဲ့ရာသီမှာ မြန်မာ လိဂ်-၂ မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၁၉ အသင်းက တော့ ဒီနှစ်မှာပါဝင် ယှဉ်ပြိုင်မှာမဟုတ်တော့ပါဘူး။ လိဂ်-၂ ပြိုင်ပွဲမှာ မြန်မာယူ-၁၆ အသင်းဝင်ရောက် ယှဉ်ပြိုင်ဖို့က မသေချာ သေးပါဘူး’’ဟု အဖွဲ့ချုပ် တာဝန် ရှိသူက ဆိုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် အသင်း ၁၂ သင်းပါဝင် ယှဉ်ပြိုင်ကြမည့် ၂၀၁၅ မြန်မာ လိဂ်-၁ ပြိုင်ပွဲ ကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်မည်ဖြစ်သော်လည်း မြန်မာလိဂ်-၂ ပြိုင်ပွဲကျင်း ပမည့်ရက်ကို ထုတ်ပြန် ကြေညာ ခြင်းမရှိသေး ပေ။

7Day DAILY 

No comments:

Post a Comment