Wednesday 21 January 2015

အမျိုးသားပညာရေး ဥပဒေပါ အချက်များအား ပြန်လည် သုံးသပ် ပြင်ဆင် ပေးနိုင် ရန် သမ္မတ က ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ 

ပြည်ထောင်စုလွှတ်တော် မှ အတည်ပြု ပြဌာန်းပေးခဲ့သည့် အမျိုးသားပညာရေး ဥပဒေပါ အချက်များအား ပြန်လည်သုံးသပ် ပြင်ဆင်ပေးနိုင်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၁၉ ရက်နေ့ ရက်စွဲဖြင့် သ၀ဏ်လွှာ တစ်စောင်ပေးပို့ ခဲ့သည်။

လွှတ်တော် မှ အတည်ပြု ပြဌာန်းပေးပြိးဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေအား ပညာရေးဝန်ကြိး ဌာနမှ နည်းဥပဒေ နှင့် ဆက်စပ်ဥပဒေမူကြမ်း များရေးဆွဲ လျက်ရှိပြိး လက်ရှိဆောင်ရွက်ဆဲ ကာလအတွင်း အမျိုး သား ပညာရေး ဥပဒေပါ ပြဌာန်းချက်အချို့ အား အကြာင်းပြုပြိး ပြင်ဆင်ပေးရန်တောင်း ဆိုမှုများ ရှိလာခဲ့သည်ဟု သ၀ဏ်လွှာတွင် ပါရှိသည်။

အဆိုပါ ဥပဒေမှ ပြင်ဆင်ပေးရန် တောင်းဆိုမှုများမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချပေးရန် အမျိုးသားပညာရေး ကော်မရှင်မလိုအပ်ကြောင်း တောင်းဆိုမှု နှင့် အလားတူ အဆင့်မြင့်ပညာပေါင်းစပ်ညိုနှိုင်းရေး ကော်မတီ မလို အပ်ကြောင်း တောင်းဆိုမှု ၊ ကျောင်းသားအဖွဲ့ အစည်းများ ဆရာအဖွဲ့ အစည်းများ ဖွဲ့ စည်းနိုင်ရေး အတွက် အမျိုးသားပညာရေး ဥပဒေတွင်ထည့်သွင်းပေးရန်တောင်းဆိုမှု ၊ လူတိုင်း အကျုံးဝင်ပညာရေးကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပေးရန်တောင်းဆိုမှု ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုမှု ဖြစ်ကြောင်း သ၀ဏ်လွှာတွင်ပါရှိကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်သို့  တင်သွင်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကြမ်း တွင် လူတိုင်း အကျုံးဝင် ပညာရေးကို ပုဒ်မ ၂ ၊ ပုဒ်မခွဲ ( ၇ ) ၊ ပုဒ်မ ၁၆ ၊ ပုဒ်မ ( ၂၄ ) တို့ တွင် ထည့်သွင်း ဖော်ပြ ခဲ့ပြိး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းရာတွင် ပါဝင်ခြင်း မရှိခြင်း မကြာမီက ပြဌာန်း ခဲ့ပြိး လက်တွေ့ မကျင့်သုံးရသေးသည့် ဥပဒေကို ပြန်လည်ပြင်ငဆ်တောင်းဆို မှုနှင့် စပ်လျဉ်းပြိး ပညာရေး ၀န်ကြိးဌာနက ဆောင်ရွက်ပေးနိုင်သည့် ဥပဒေမူဘောင်အတွင်း မရှိသည့်အတွက် ဥပဒေပြုရေးအပိုင်းက ပြန်လည် စဉ်းစား သုံးသပ်ရန်လိုအပ်ပါ သည်ဟု သ၀ဏ်လွှာ တွင်ပါရှိသည်။

The Street View 

No comments:

Post a Comment