Wednesday 21 January 2015

ကေအိုင်အေ အဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူ ဒုရဲအုပ်မြင့်စိုး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် အဖွဲ့သည် ဖားကန့်နှင့် အင်းတော်ကြီးကြားတွင်ရှိသည့် ဖားကန့်-ဝှခေါ-ညောင်ပင်-လုံးတုံ-ဟိုပင်လမ်းပိုင်းများ ကိုစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင် သုံးဦးပါဝင်လျက် ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ က သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စစ်ဆေးစဉ် ဟွေလုံတောင်အရောက်တွင် KIA အဖွဲ့နှင့် တွေဆုံ ခဲ့သည်။ ထိုသို့ တွဆေုံ့ စဉ် KIA အဖွဲ့မှ အဖွဲ့ဝင် ၄ဝခန့်က လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့်အဖွဲ့ကို စစ်ဆေးမေး မြန်းပြီး အဖွဲ့နှင့်အတူပါလာသော ရဲတပ် ဖွဲ့ဝင် သုံးဦး ကို KIA အဖွဲ့က ခြောက်ရက်ကြာ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ပြန်လည် လွတ်မြောက်လာ သည့် ဒုရဲအုပ်မြင့်စိုးကို ဒီမိုကရေစီတူဒေးသတင်းစာက ဆက်သွယ် မေးမြန်း ခဲ့ ခြင်းဖြစ်ပါ သည်။

ကျွန်တော်ဝန်ထမ်းသက်တမ်းတစ် လျှောက်မှာ ဒီလိုမျိုးဖြစ်စဉ် တစ် ခါမှမကြုံတွခေဲ့ဖူးပါဘူး။ ဒါပထ မဆုံးကြုံတွလေို့က်ရတာပါ။ ကိုယ့် ကိုယ်ကိုယ့်လဲ သေပြီလို့သက်ပြင်းချခဲ့မိပါတယ်။

မမျှော်လင့်ဘဲ ကြုံတွလေို့က်ရတာဆိုတော့ အရမ်းစိတ်ပူသွား တယ်။ ပါလာတဲ့ တပည့်နှစ်ယောက်ရဲ့ အျေခအေန တြေ ရယ္၊ က်န္ခဲ့တဲ့မိသားစုတြေရဲ့ အျေခအေနတြေကိုပါ တြေးပူခဲ့ရပါတယ္။ ဘယ်မှာများ အသတ် ခံရ ပါမလဲဆို တာမျိုးထိကိုပေါ့''ဟု ဝမ်သာဝမ်းနည်းဖြင့် ပြောဆိုနေ သည့်သူမှာ ယခုရက်ပိုင်း အတွင်းက ကေအိုင်အေ၏ ဖမ်း ဆီးခေါ်ဆောင်ခြင်း မှ လွတ်မြောက်လာသူ ဒုရဲအုပ် မြင့်စိုး ပင်ဖြစ် သည်။

ဒုရဲအုပ်မြင့်စိုး သည် လွန်ခဲ့သည့်ဇန်နဝါရီ ၁၅ရက်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်ရှိသော လမ်းများ ကို စစ်ဆေးမည့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးအဖွဲ့၏လုံခြုံရေးကိုရယူပေးရန် အထက်မှ တာဝန်ပေး ချက်အရ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်နှင့်အတူ လိုက်ပါ လာခဲ့ခြင်းဖြစ် သည်။ ထိုသို့လိုက်ပါလိုက်ရာ လမ်း တစ်ဝက် အရောက် တွင် ကေအိုင်အေအဖွဲ့နှင့် ထိပ်တိုက်တွကော့ ထိုအဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ကေအိုင်အေ တပ်စခန်းချ ရာ တောတွင်းတစ်နေရာတွင် ခြောက်ရက် ခန့်နေထိုင်ခဲ့ရပြီး မှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ် သည်။

ထိုသို့ ဖမ်းဆီးခံရခြင်းမပြုမီအချိန်တွင် တစ်ဖက် နှင့်တစ်ဖက် ကြုံတွခေဲ့ရပုံကို သူက ''ကျွန်တော်တို့ က တော့ လမ်းကြောင်းနဲ့လိုက် တဲ့အတွက် မီးထိုးပြီး ကားမောင်း လာကြတယ်။ ဝှလုံ ကျေးရွာ အနီးရောက် တော့ ကေအိုင် အေတွစောင့်နေ ကြတာ ကို လှမ်းတွေ့ လိုက်တယ်။ တွေ့ တဲ့အခါကျတော့ ကျွန်တော် တို့က ပစ်ခတ်လိုက်လို့ရှိရင် လဲ ထိခိုက် မှုတွေဖြစ်နိုင်တယ်။ ကျွန်တော် တို့ဘက် ကလဲ သေဆုံးမှုတွဖြေစ် လာ နိုင်တယ်။ သူတို့ဘက်မှာလဲ သေဆုံး မှုတွရှေိလာနိုင်တယ်။ နောက်ပြီး ကျွန်တော်တို့ဝန်ကြီး ပါ သေဆုံး နိုင် တဲ့အတွက် ကျွန်တော်တို့က ဘာမှမလုပ်ခဲ့ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအချိန်ကလဲ ငြိမ်းချမ်း ရေး ကို ဖော်ဆောင်နေတဲ့ ကာလမို့ ဒီလိုအချိန်မျိုးမှာ သမိုင်း တရားခံလဲ မဖြစ်စေချင်ပါဘူး၊ ငြိမ်းချမ်းရေးကိုပျက်ပြား အောင် လုပ်တဲ့သူ တစ်ယောက် အဖြစ်တော့ ကျွန်တော် တို့လဲ အရောက် မခံနိုင် တဲ့ အတွက် ကျွန်တော်တို့က ဒီအ တိုင်း ဘာမှမလုပ်ဘဲ သူတို့ရှိတဲ့နေရာကို ကောင်းကောင်း မွန်မွန်ပြော ဆိုပြီး မောင်းသွားမယ်ဆိုပြီး ကားကို မောင်း ခဲ့ကြပါတယ်။ 

အဲဒီအခါမှာ သူတို့ကသေန တ်တွဖောက် ပြီး တားပါတယ်။ သူတို့ရပ်နေတဲ့ နေရာကိုရောက်တော့ ကျွန်တော် ကိုယ်တိုင်ဆင်းပြီး သူတို့ရဲ့တာဝန်ရှိတဲ့သူတစ် ယောက်နဲ့ စကားပြော ပါတယ်။ ကျွန်တော် က လူကြီးလမ်း ကြောင်း နဲ့ ပါလာရတာဖြစ်ပါတယ်ဆိုပြီး ပြောတယ်။ အဲ ဒီအခါမှာ သူတို့အထဲက တစ်ယောက်က ဘာလို့သေနတ် တွယေူလာတာလဲ ဆိုပြီး သေနတ်ဖောက်ပြီး ကျွန်တော် တို့ကို ထိုင်ခိုင်း ပါ တယ်။ အဲဒီမှာ ကျွန်တော်အပါအဝင် တပည့်နှစ်ဦးပေါ့။ ကျွန်တော်တို့သုံးဦးမှာ လက်နက်တွေ ပါတော့ သူတို့က ကျွန်တော်တို့သုံးဦးကို ဖမ်းဆီးလိုက်ပါ တယ်။ ကျန်တဲ့ ဝန်ကြီးအပါအဝင် တခြားလူတွအေား လုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ကိုတော့ ကြိုးချည်ပြီး တောထဲ ကိုခေါ်သွားပါတယ်။ ဒါကတော့ သူတို့မဖမ်းဆီး ခင်ထိ ဖြစ်ခဲ့တဲ့အခြေအနေပါ'' ဟု သူကိုယ် တိုင်တွေ့ကြုံတွခေဲ့ရပုံကို ပြောပြသည်။

နိုင်ငံ့တာဝန် ကိုထမ်းဆောင်နေရသည့် ဝန်ထမ်းတိုင်း သည် အထက်အမိန့်ကို နာခံရစမြဲဖြစ်သည့်နည်းတူ အ ထက်မှပေးအပ်သည့် တာဝန်များကိုလည်း ကျပွေန်စွာ ထမ်းဆောင်ရလေ့ရှိသည်။ ထို့သို့ထမ်း ဆောင်ရာတွင်လည်း အချို့သောဝန်ထမ်းများက မြို့ကြီးပြကြီး များတွင် တာဝန်ထမ်းဆောင်နေ ရလေ့ရှိသည့်နည်းတူ အချို့ကလည်း မြို့ကြီးပြကြီးနှင့် ဝေးကွာပြီး လူသူအရောက် နည်းပါး သည့် ဒေသ များတွင်လည်း တာဝန်ထမ်းဆောင်နေရသည့် ဝန် ထမ်းများလည်းရှိသည်။ အထူးသဖြင့် ထိုအထဲတွင် တာ ဝန်ထမ်းဆောင်ရင်း ယခုကဲ့သို့ အသက်အန်တရာယ်နှင့် ကြုံ တွရေ့သူ များလည်း ရှိသကဲ့သို့ တချို့ဆိုလျှင် အသက် ကိုပါပေးဆပ်ခဲ့ရသည့် ဖြစ်စဉ်များကလည်း ဝန်ထမ်း ဘဝ တွင် ကြုံရလေ့ရှိနေသည်ကို ကြားသိနေရသည်။ ထို့သို့ ကြုံတွလော့လျှင်ပင် အချို့ဝန်ထမ်းများသည် မိမိ၏အ သက်ကိုပင် ပဓာနမထားဘဲ မိမိ၏လက်အောက်ငယ် သားများအတွက် အနစ်နာခံကာ ပေးဆပ်ခဲ့ကြသူများ လည်း ရှိနေသည်ကို အဆိုပါဖြစ်စဉ်က သက်သေပြလျက်ရှိနေ သည်။ တပည့်များနှင့်ပတ်သက်ပြီး ဒုရဲအုပ်မြင့်စိုးကြုံတွေ့ ခဲ့ရသည်က လည်း လေးစားစရာေ ကာင်းလှပေသည်။

''အဲဒီလိုမျိုးကြုံနေရတဲ့အခါမှာ ကျွန်တော့်တပည့် တွေအတွက် တော်တော် စိတ်ပူသွားတယ်။ တပည့်နှစ် ယောက်မှာ တစ်ယောက်ဆိုရင် အခုမှအိမ်ထောင် ကျခါ စပါ။ နောက်တစ် ယောက် ကတော့ သားသမီး နှစ်ယောက် ရှိတယ်။ ကျွန်တော့်မှာတော့ တစ်လသား အရွယ်သာ ရှိ သေးတဲ့ သားလေးတစ်ယောက် ကျန်ခဲ့တာဆိုတော့ ကိုယ့် မိသားစုကိုလဲ ပူရတာပေါ့လေ။ ဒါပေမဲ့ ကိုယ်က လူကြီး ဖြစ်နေတော့ တပည့်တွကေို နှစ်သိမ့်ရတာပေါ့။ ဝမ်း နည်းရတာမှန်ပေမယ့် ဒီအချိန်မှာကိုယ်က ပိုဝမ်းနည်း နေရင် ကိုယ့်တပည့် နှစ်ယောက်က ပိုဝမ်းနည်းမယ်ဆို ပြီး မနည်း စိတ်ကို ထိန်းခဲ့ရတာပေါ့လေ။ အဲဒီအချိန်မှာ တကယ်လို့ အဆိုးဆုံးအခြေအနေတစ်ခုကို ရောက်လာ ခဲ့ရင်လဲ ကျွန်တော်တပည့်တွကေို မသတ်ဖို့နဲ့ သတ်ချင် ရင်တောင် ကျွန်တော့်ကို သတ်ပါလို့ သူတို့ကိုတောင်း ဆိုဖို့ ဆုံးဖြတ်ချက်ကို ကျွန်တော်ချထားခဲ့ပြီး တပည့်တွေ ကို ဘာမှအားငယ်ဝမ်းမနည်းကြဖို့ အားပေးရင်း ကျွန် တော်တို့တွေ အတူတူဒီခြောက် ရက်လောက် ကို ဖြတ်ခဲ့ရ တာဖြစ်ပါတယ်''ဟု သူကြုံတွခေဲ့ရပုံကို ပြောကြားသည်။

သူတို့ကိုစတင်ခေါ်ဆောင်သွားချိန်တွင်လည်း မည် သည့်နေရာ ကို ခေါ်ဆောင် သွားသည်ကိုပင် သူတို့အနေ ဖြင့် သိရှိခဲ့ခြင်းမရှိခဲ့ပေ။ အထူးသဖြင့် သူတို့ဖမ်းဆီး ခံ ထားရသည့်အချိန်တွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပေါ်နေ သည်ကိုပင် သူတို့အနေဖြင့် သိရှိခဲ့ခြ င်းမရှိခဲ့ပေ။ ဖမ်း ဆီးခေါ်ဆောင်စဉ် တွင်လည်း တစ်ဖက်မှတာဝန်ရှိသူ များက တစ်စုံတစ်ရာသောနာကျင်မှု ကို ပြုလုပ်ခဲ့ခြင်းမရှိ ခဲ့ကြောင်း၊ ဖမ်း ဆီးခေါ်ဆောင် ထားချိန်တွင် သူတို့ကိုက်ြေး မြေးထားရွိပုံကိုသူက ''ဘယ်နေရာကို ခေါ်သွားသလဲဆို တာကို ကျွန်တော်တို့ အတိအ ကျမသိခဲ့ရသလို ဘယ်နှ နာရီရှိနေပြီ ဆိုတာလဲ မသိခဲ့ရပါဘူး။ ခေါ်တဲ့အခါမှာတော့ သူတို့က ကျွန်တော်တို့ကို ဘာမှမလုပ်ခဲ့ ပါဘူး။ ရေဆာရင် လဲ ရေတိုက်ပါတယ်။ စားတာကတော့ သူတို့စားတာနဲ့ပဲ ပေါ့လေ။ နည်းနည်းနေ မကောင်း ဖြစ်လာ တဲ့အခါမှာလဲ အကိုက်အခဲပျောက်ဆေး ပါရာစီတမောတွပေးပါတယ်။ ရိုက်တာနှက်တာတွဘောမှမရှိခဲ့ပါဘူး။ လုံခြုံရေး ကို တော့ တော်တော် လဲဆောင်ရွက်ထားပါတယ်။ ဘယ် နေရာရောက်နေပြီဆို တာကိုတော့ မေးလို့ မရခဲ့ပါဘူး။ ခေါ်ဆောင်ခြင်းခံခဲ့ရတာက ဗုဒ်ဓဟူးနေ့ပေါ့ ။ တောထဲမှာ တစ်ညအိပ်ခဲ့ရတယ်။ ဖမ်းဆီးခံထားရတဲ့အချိန်မှာ တိုက်ပွဲဖြစ်နေတာ ကိုတောင် မသိခဲ့ရပါဘူး။ ဘယ်မှာဖြစ် နေ တယ်ဆိုတာ ကိုပေါ့။

ဒါပေမဲ့ သေနတ်သံတွတော့ ကြားရပါတယ်။ တောထဲမှာနေခဲ့ရတဲ့အချိန်မှာ တိုက် ခိုက်မှုတွရေတယ်ဆိုတဲ့ စကားအချို့တော့ ကြား တယ်။ ပြန် လွတ်လာမှ တိုက်ပွဲတွဖြေစ်နေတယ်ဆိုတာသိရတာပါ။ ဖမ်းခံထားခဲ့ရတာကတော့ ငါးညအိပ်ခြောက် ရက်ထိနေ ခဲ့ရတာပေါ့။ နေခဲ့ရတဲ့အချိန်မှာ သူတို့က ဘာမှဆိုးဆိုး ရွားရွား တော့ မလုပ်ခဲ့ပါဘူ။း တစ်ခါတစ်ခါစခန်းပြောင်း တဲ့အခါမှာ ကြိုးချည်ပြီး ခေါ်သွားတာတွတော့ရှိတာ ပေါ့။

သူတို့တွကေလူမှုရေးပိုင်းမှာတော့ ကောင်းပါ တယ်။ လုံခြုံရေးပိုင်းမှာတော့ နည်း နည်းတင်း ကျပ်တာ တွတော့ ရှိပါတယ်''ဟု ယင်းကဆက်လက်ပြောသည်။ 

ယခုကဲ့သို့ဖဖ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ဒုရဲအုပ် မြင့်စိုးသည် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရ စဉ် ကောင်းထက်စံ(ခ) စင်ထရယ်အောင် ဆိုသည့် တစ် လသားအရွယ် ရှိသားငယ် တစ်ဦး ကျန်နေခဲ့သည်။ ကျောက် တော်ဇာတိဖြစ်သည်။ 

သူသည်ဖားကန့်မြို့နယ်တွင် တာ ဝန်ထမ်းဆောင်နေသည်မှာ တစ်နှစ်ကျော်ကာလတစ်ခု ကိုပင်ရောက်ရှိလာသည့်အချိန်တွင် ယခုကဲ့သို့ကြုံတွေ့ လိုက်ရသည့်အတွက် သူလိုမျိုးမည့်သည့် ဝန်ထမ်းမှ ယင်း ကဲ့သို့ဖြစ်စဉ်မျိုးကိုမကြုံတွေ့စေရန်ကိုလည်း သူကထပ် ခါတစ်လဲလဲပြောနေသည်။ 

မမျှော်လင့်ဘဲဖဖ်းဆီးခံလိုက် ရသည့်အချိန်တွင် စိုးရိမ်ပူပင်မှုက အမြင့်ဆုံး အခြေအနေကို ရောက် ရှိခဲ့သည့်နည်းတူ မမျှော့်လင့်ဘဲပြန် လည်လွတ် မြောက်လာသည့်အချိန်တွင်လည်း အတိုင်းမသိဝမ်းသာ ခဲ့ရကြောင်းဆိုသည်။ ယင်းနှင့်ပတ်သက်ခဲ့သည်များကို လည်း ''အဲဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် ကုန်လွန် လာတာ တစ်ရက်တစ်ရက် ကိုတော်တော်နေ လိုက်ရသလို ခံစားရ တယ်။ သူတို့ကတော့ အားလုံးအေး အေးဆေးဆေး ဖြစ် သွားမှာပါ လို့တော့ပြောတဲ့အတွက် တပည့်တွကေို လဲ ပြောထားတယ်။ သူတို့ကတော့ စဖမ်းခံရတဲ့ပထမရက် ကတည်းက ဘာမှမပူနဲ့ပြန်လွတ်မှာပါလို့တော့ ပြောခဲ့ပါ တယ်။ ဒါပေမဲ့လို့ မထင်မိဘူးပေါ့လေ။

သူတို့က အခြေအနေကပြောင်းသွားပြီဗျာလို့တော့ပြောတယ်။ အဆင့် ဆင့်တင်ပြညှိနှိုင်း ရတော့မယ့် အခြေ အနေကို ရောက် သွားပြီ လို့တော့ပြောတယ်။

အဲဒီလိုနဲ့ဇန်နဝါရီ ၁၈ရက် ညက ကျွန်တော်တို့ ကိုပြန်လွတ်ပေး ဖို့ဆိုပြီး ပြောလာ တဲ့ အချိန်မှာ အတိုင်းမသိဝမ်းသာမှုတွဖြေစ်ခဲ့ရ ပါတယ်။ကျေးဇူး လဲအထူး တင်ရှိခဲ့ပါတယ်။ နေထိုင်ခဲ့ရတဲ့အချိန် ကလဲ ငါးရက်ခြောက် ရက်ကြီးဆိုတော့ သူတို့ကိုကြောက် တော့ကြောက်တာပေါ့။ ဒါပေမဲ့ သူတို့ပြောဆို မှုတွကေကြောက်စိတ် ကိုအတိုင်း အတာ တစ်ခု ထိတော့ လျှော့ခဲ့ ရပါတယ်။ မိတ်ဆွေ စိတ်တွတောင် တစ်ခါဝင်လာမိပါ တယ်။ သူတို့ကိုလဲ မိတ်ဆွပေဲဆိုပြီး သဘော ထား လာမိ ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုလိုကျွန်တော်တို့ကိုဘေးမသိရန်မခ ပြန်လွှတ်ပေး လိုက်တဲ့အတွက် တစ်ဖက်က အဖွဲ့ကို ရော လွတ်မြောက် ဖို့ကြိုးစားပေး ခဲ့ကြတဲ့တာဝန် ရှိသူတွနေဲ့၊ ပဋိပက်ခညှိနှိုင်းရေးအဖွဲ့ရဲ့ အကျိုးတော် ဆောင် အဖွဲ့က တာဝန်ရှိသူတွကေို အထူး ကျေးဇူး တင်ရှိပါတယ်'' ဟု ဝမ်းသာသော အသံဖြင့် ပြောကြား နေသည်။

ဆက်လက်ပြီးလည်း သူက ''ဒီလိုမျိုးဒုက္ခကို ဘယ် ဝန်ထမ်းကိုမှ မရောက်စေ ချင်ပါဘူး။ မြန်မာနိုင်ငံကဘယ် နေရာမှာပဲ တာဝန် ထမ်းဆောင်ရ ပါစေ။ တာဝန်ထမ်း ဆောင် ချင် ပါတယ်။ ဒါပေမဲ့ တာဝန် ထမ်းဆောင် ရင်း နောက်နောင်ဒီလိုမျိုးအဖြစ်အပျက်တွလေဲ ထပ်မကြုံ တွချေ့င်တော့ပါဘူး။ ငြိမ်းချမ်းရေးလဲ အမြန်ဆုံးရ ပါစေ တော့လို့ ကျွန်တော် ဆုတောင်း ပါတယ်ဗျာ''ဟု ဆိုခဲ့သည်။

Democracytoday

No comments:

Post a Comment