Wednesday 21 January 2015

အကြမ်းဖက်ဝါဒကို အညံ့ခံအရှုံးပေးမည်မဟုတ်ဟု ပြောကြားပြီး ဂျပန်ဓားစာခံ များကို ချက်ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို

Photo: အကြမ်းဖက်ဝါဒကို အညံ့ခံအရှုံးပေးမည်မဟုတ်ဟု ပြောကြားပြီး ဂျပန်ဓားစာခံ များကို ချက်ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို
Wednesday, January 21, 2015

ဖမ်းထားသည့် ဂျပန်ဓားစာခံ များကို ဘေးမသီရန်မခစေဘဲချက် ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကှု အုပ်စုကိုဇန် နဝါရီ ၂ဝ ရက်၌တောင်းဆိုလိုက် ကြောင်း၊ ဂျပန်ဓားစာခံများကို သတ် ပစ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီ ယိုကို ဂျီဟတ်များကထုတ်ပြပြီး နောက် အာဘေးက အထက်ပါအ တိုင်း တောင်းဆိုလိုက်ခြင်းဖြစ် သည်။

''ဂျပန်ဓားစာခံတွေကို အထိအ ခိုက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျုပ် တောင်းဆိုတယ်။ ဂျီဟတ်တွေရဲ့ ဒီ လိုအပြုအမူကို ကျုပ်အလွန့်အလွန် ခံပြင်းတယ်။ ဒေါသလဲထွက်တယ်'' ဟု ရှင်ဇိုအာဘေးက ဂျေရုဆလင် သို့ရောက်စဉ် ပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက် သည်။

ဂျပန်ဓားစာခံနှစ်ဦးကို အ မေရိကန်ဒေါ်လာသန်း ၂ဝဝ ဖြင့် မရွေးလျှင်သတ်ပစ်မည်ဟု ဗီဒီ ယိုပြခြိမ်းခြောက်ပြီးနောက် အကြမ်း ဖက်ဝါဒကို အရှုံးပေးအညံ့ခံမည်မ ဟုတ်ဟု ဂျပန်အစိုးရက ဇန်နဝါရီ ၂ဝ ရက်၌ပြောကြားလိုက်သည်။

''ကျုပ်တို့ဂျပန်နိုင်ငံရေးမူက အကြမ်းဖက်ဝါဒကို တိုက်သာတိုက် မယ်၊ အညံ့ခံအရှုံးပေးမှာမဟုတ်ဘူး၊ ဒီသဘောထားနဲ့ ရပ်တည်ချက်ကို လဲ ဘယ်တော့မှပြောင်းမှာမဟုတ် ဘူး''ဟု အာဘေး၏ ပြောရေးဆိုခွင့် ရှိသူ ယိုရှီဟီဒေးဆူဂါက တိုကျိုတွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲ၌ ပြောကြားလိုက်သည်။

AFP
Yangon Media Group
ဖမ်းထားသည့် ဂျပန်ဓားစာခံများကို ဘေးမသီရန်မခစေဘဲချက် ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကှု အုပ်စုကိုဇန် နဝါရီ ၂ဝ ရက်၌တောင်းဆိုလိုက် ကြောင်း၊ ဂျပန်ဓားစာခံများကို သတ်ပစ် မည်ဟု ခြိမ်းခြောက်သည့် ဗီဒီ ယိုကို ဂျီဟတ်များကထုတ်ပြပြီး နောက် အာဘေးက အထက်ပါအ တိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

''ဂျပန်ဓားစာခံတွေကို အထိအ ခိုက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျုပ် တောင်းဆိုတယ်။ ဂျီဟတ်တွေရဲ့ ဒီ လိုအပြုအမူကို ကျုပ်အလွန့်အလွန် ခံပြင်းတယ်။ ဒေါသလဲထွက်တယ်'' ဟု ရှင်ဇိုအာဘေးက ဂျေရုဆလင် သို့ရောက်စဉ် ပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက် သည်။

ဂျပန်ဓားစာခံနှစ်ဦးကို အ မေရိကန်ဒေါ်လာသန်း ၂ဝဝ ဖြင့် မရွေးလျှင်သတ်ပစ်မည်ဟု ဗီဒီ ယိုပြခြိမ်း ခြောက် ပြီးနောက် အကြမ်း ဖက်ဝါဒကို အရှုံးပေးအညံ့ခံမည်မ ဟုတ်ဟု ဂျပန်အစိုးရက ဇန်နဝါရီ ၂ဝ ရက်၌ပြောကြားလိုက်သည်။

''ကျုပ်တို့ဂျပန်နိုင်ငံရေးမူက အကြမ်းဖက်ဝါဒကို တိုက်သာတိုက် မယ်၊ အညံ့ခံအရှုံးပေးမှာမဟုတ်ဘူး၊ ဒီ သဘောထားနဲ့ ရပ်တည်ချက်ကို လဲ ဘယ်တော့မှပြောင်းမှာမဟုတ် ဘူး''ဟု အာဘေး၏ ပြောရေးဆိုခွင့် ရှိသူ ယိုရှီဟီဒေးဆူဂါက တိုကျိုတွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲ၌ ပြောကြားလိုက်သည်။

AFP
Yangon Media Group

No comments:

Post a Comment