Wednesday 21 January 2015

လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရခြင်း တွင် ပြည်သူများ နစ်နာမှုမ ရှိရန် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက် မပေး သည့် အာဏာပိုင် များကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူမည် ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

Photo: လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရခြင်း တွင် ပြည်သူများ နစ်နာမှုမ ရှိရန် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက် မပေး သည့် အာဏာပိုင် များကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူမည် ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော
Wednesday, January 21, 2015

လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်း ခံရခြင်း မှ ပြည်သူ များနစ်နာမှုမရှိ စေရန်တာဝန်ရှိသူများ၏ ညွှန်ကြား ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်မပေးသည့် အာ ဏာပိုင်များကို နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ တည်ဆဲဥပဒေများဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြည်သူ့ လွှတ်တော် တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂ဝရက်တွင် ကျင်းပ သည့်ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် အစည်း အဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့် က လယ် ယာမြေနှင့်အခြားမြေ များ သိမ်းဆည်းခံရမှုအား တာဝန်ရှိ သူများ၏ ညွှန်ကြား ချက်များကို လိုက်နာအကောင် အထည်မဖော် သည့် အချို့အာဏာ ပိုင်များအား မည်သို့ အရေးယူဆောင်ရွက်မည် ကိုသိရှိလိုခြင်း မေးမြန်းမှု အပေါ် ပြည် ထဲရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

''လယ်ယာမြေနှင့် အခြားမြေ များသိမ်းဆည်းခံရမှုကြောင့် ပြည် သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပေး ပို့လာ သော အပိုင်း အသီးသီးမှ မြေကိစ္စ များကိုစိစစ်ဖြေရှင်းဆောင်ရွက်ရာ မှာမြေအသုံးချမှု စီမံခန့်ခွဲရေးဗဟို ကော်မတီ မှချမှတ်ထား သည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာမြေအသုံးချမှု စီမံခန့်ခွဲရေးကော် မတီအဆင့်ဆင့် တို့မှ လိုက်နာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ ကော်မတီအဆင့်ဆင့် အနေဖြင့် လိုက်နာဆောင်ရွက်ရန် ပျက် ကွက် ကြောင်း စစ်ဆေးတွေ့ရှိရခြင်း၊ ခိုင် လုံသောအကြောင်းပြချက် များနှင့် တိုင်ကြားတင်ပြလာခြင်းများရှိပါက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြု လုပ်ပြီး နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူ ဆောင် ရွက်သွား မည်ဖြစ်ပြီး အခြား ပါဝင်ပတ်သက်သူများရှိပါက တည်ဆဲ ဥပဒေများနှင့် အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ် ပါတယ်''ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော် ဇံမြင့်က ပြောသည်။

ထိုကဲ့သို့ ဒုတိယဝန်ကြီး၏ပြောကြားချက် အပေါ် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ''ကျွန်တော့်ဆီမှာ ဆောင်ရွက်ပေး ရန် ပျက်ကွက် တဲ့အ တွက် ကျွန်တော့် ဆီကိုတိုင်ထားတာတွေလဲ ရှိပါတယ်။ နိုင်ငံတော်သမ္မတ အထိလဲ တိုင်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အထိလဲ တိုင်တယ်။ ကာကွယ်ရေး ဝန်ကြီးအထိလဲ တိုင်ထားတာတွေ ကျွန်တော့်ဆီမှာရှိပါတယ်။ ဒီလိုပျက် ကွက်တဲ့လူတွေကို အရေးယူတယ် ဆိုရင် ဘယ်နှမှုအထိ၊ ဘယ်နှဦး အထိ အရေးယူထားပြီးပြီလဲဆိုတာ သိချင်ပါတယ်'' ဟု လွှတ်တော်အတွင်း ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့သော် လည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိကျစွာပြန်လည် ပြောကြား ခဲ့ခြင်းမရှိကြောင်း သိရ သည်။

သက်ဆိုင်ရာအစိုးရအဖွဲ့မှ ပြည် ထောင်စုအစိုးရအဖွဲ့သို့ လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုတွင် ပြည်သူများနစ်နာမှု မရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင် ၏အစီရင်ခံစာအပေါ် အရေးယူ ဆောင်ရွက်ချက်များ တင်ပြရာ၌ မြေပြင်ပကတိအခြေအနေနှင့် ကွဲ လွဲစွာ တင်ပြလာခြင်း၊ လေ့ လာတွေ့ ရှိချက်အချို့မှာ မြေအသုံးချမှုစီမံ ခန့်ခွဲရေးဗဟိုကော်မတီ၏ ညွှန် ကြားချက်ကို ဆောင်ရွက်ခြင်း မပြုဘဲ လျှောက်ထားသူများကို တရား ဥပဒေ ကြောင်း အရ ဖြေရှင်းရန် လမ်းလွှဲ ခြင်း၊ သိမ်းဆည်းခံထားရသူ ပိုင်ရှင် များမှာ ပြန်လည် တရား စွဲဆိုခံနေရ ခြင်း၊ အဆောက်အအုံရှိသော မြေ များကို လုပ်ငန်းရှင်များကပြန်လည် မစွန့်လွှတ်ဟု သဘောထားပေးခြင်း ၊ ဒေသ ၏ပေါက်ဈေး နစ်နာကြေး ပေးရန်ဆောင်ရွက်မှုမရှိခြင်းစသည့် အချက်များ ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အောက်ခြေအဆင့် ဆင့် မှ ဆောင်ရွက်နေ မှုများသည် ပြည် ထောင်စုလွှတ်တော်၏ တိုက်တွန်း ချက်၊ အကြံပြုချက်၊ ဆုံးဖြတ်ချက်များ၊ နိုင်ငံတော်သမ္မတ ၏ မြေမူဝါဒ များ၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟို ကော်မတီတို့၏ လမ်းညွှန်ချက်များ နှင့် ကွဲလွဲနေကြောင်း ဦးဝင်းမြင့်က လွှတ်တော် အတွင်း ပြောကြားခဲ့ သည်။

YM,MP
Democracytoday
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရခြင်းမှ ပြည်သူ များနစ်နာမှုမရှိ စေရန်တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မပေးသည့် အာဏာပိုင်များကို နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ တည်ဆဲဥပဒေများဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြည်သူ့ လွှတ်တော် တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂ဝရက်တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် အစည်း အဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့် က လယ် ယာမြေနှင့်အခြားမြေ များ သိမ်းဆည်းခံရမှုအား တာဝန်ရှိ သူများ၏ ညွှန်ကြား ချက်များကို လိုက်နာအကောင် အထည်မဖော် သည့် အချို့အာဏာ ပိုင်များအား မည်သို့ အရေးယူဆောင်ရွက်မည် ကိုသိရှိလိုခြင်း မေးမြန်းမှု အပေါ် ပြည် ထဲရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

''လယ်ယာမြေနှင့် အခြားမြေ များသိမ်းဆည်းခံရမှုကြောင့် ပြည် သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပေး ပို့လာ သော အပိုင်း အသီးသီးမှ မြေကိစ္စ များကိုစိစစ်ဖြေရှင်းဆောင်ရွက်ရာ မှာမြေအသုံးချမှု စီမံခန့်ခွဲရေးဗဟို ကော်မတီ မှချမှတ်ထား သည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာမြေအသုံးချမှု စီမံခန့်ခွဲရေးကော် မတီအဆင့်ဆင့် တို့မှ လိုက်နာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ ကော်မတီအဆင့်ဆင့် အနေဖြင့် လိုက်နာဆောင်ရွက်ရန် ပျက် ကွက် ကြောင်း စစ်ဆေးတွေ့ရှိရခြင်း၊ ခိုင် လုံသောအကြောင်းပြချက် များနှင့် တိုင်ကြားတင်ပြလာခြင်းများရှိပါက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြု လုပ်ပြီး နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူ ဆောင် ရွက်သွား မည်ဖြစ်ပြီး အခြား ပါဝင်ပတ်သက်သူများရှိပါက တည်ဆဲ ဥပဒေများနှင့် အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ် ပါတယ်''ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော် ဇံမြင့်က ပြောသည်။

ထိုကဲ့သို့ ဒုတိယဝန်ကြီး၏ပြောကြားချက် အပေါ် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ''ကျွန်တော့်ဆီမှာ ဆောင်ရွက်ပေး ရန် ပျက်ကွက် တဲ့အ တွက် ကျွန်တော့် ဆီကိုတိုင်ထားတာတွေလဲ ရှိပါတယ်။ နိုင်ငံတော်သမ္မတ အထိလဲ တိုင်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အထိလဲ တိုင်တယ်။ ကာကွယ်ရေး ဝန်ကြီးအထိလဲ တိုင်ထားတာတွေ ကျွန်တော့်ဆီမှာရှိပါတယ်။ ဒီလိုပျက် ကွက်တဲ့လူတွေကို အရေးယူတယ် ဆိုရင် ဘယ်နှမှုအထိ၊ ဘယ်နှဦး အထိ အရေးယူထားပြီးပြီလဲဆိုတာ သိချင်ပါတယ်'' ဟု လွှတ်တော်အတွင်း ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့သော် လည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိကျစွာပြန်လည် ပြောကြား ခဲ့ခြင်းမရှိကြောင်း သိရ သည်။

သက်ဆိုင်ရာအစိုးရအဖွဲ့မှ ပြည် ထောင်စုအစိုးရအဖွဲ့သို့ လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုတွင် ပြည်သူများနစ်နာမှု မရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင် ၏အစီရင်ခံစာအပေါ် အရေးယူ ဆောင်ရွက်ချက်များ တင်ပြရာ၌ မြေပြင်ပကတိအခြေအနေနှင့် ကွဲ လွဲစွာ တင်ပြလာခြင်း၊ လေ့ လာတွေ့ ရှိချက်အချို့မှာ မြေအသုံးချမှုစီမံ ခန့်ခွဲရေးဗဟိုကော်မတီ၏ ညွှန် ကြားချက်ကို ဆောင်ရွက်ခြင်း မပြုဘဲ လျှောက်ထားသူများကို တရား ဥပဒေ ကြောင်း အရ ဖြေရှင်းရန် လမ်းလွှဲ ခြင်း၊ သိမ်းဆည်းခံထားရသူ ပိုင်ရှင်များမှာ ပြန်လည်တရားစွဲဆိုခံနေရခြင်း၊ အဆောက်အအုံရှိသော မြေ များကို လုပ်ငန်းရှင်များက ပြန်လည် မစွန့်လွှတ်ဟု သဘောထားပေးခြင်း ၊ ဒေသ ၏ပေါက်ဈေး နစ်နာကြေး ပေးရန်ဆောင်ရွက်မှု မရှိခြင်းစသည့် အချက်များ ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အောက်ခြေအဆင့် ဆင့် မှ ဆောင်ရွက်နေ မှုများသည် ပြည် ထောင်စုလွှတ်တော်၏ တိုက်တွန်း ချက်၊ အကြံပြုချက်၊ ဆုံးဖြတ်ချက်များ၊ နိုင်ငံတော် သမ္မတ ၏ မြေမူဝါဒ များ၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟို ကော်မတီတို့၏ လမ်းညွှန်ချက်များ နှင့် ကွဲလွဲနေ ကြောင်း ဦးဝင်းမြင့်က လွှတ်တော် အတွင်း ပြောကြားခဲ့ သည်။

YM,MP
‎Democracytoday‬

No comments:

Post a Comment