Wednesday 21 January 2015

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသနှင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း (၄၅) ဘီလီယံကျော် ထုတ်ချေးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချောင်းဦးမြို့ ၌ သမ၀ါယမ၀န်ကြီးဌာနမှ လယ်ယာနှင့်စက်မှုလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း (၄၅) ဘီလီယံကျော်ကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစီးပွားရေးနှင့် စီမံကိန်း ၀န်ကြီးဌာနမှ သိရသည်။

ယင်းသို့ ထုတ်ချေးရာတွင် လယ်ယာ ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး၊ စက်မှုကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး တို့အပြင် လူမှု စီးပွားဘ၀ ဖွံ့ ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်ပေး သွားမည် ဖြစ်ပြီး သမ၀ါယမ ၀န်ကြီးဌာနမှ ဦးဆောင်မှုဖြင့် ကိုရီးယား နိုင်ငံ ဒယ်ဒေါင်း ကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီ များမှ ထုတ်လုပ်သည့် လယ်ယာသုံး စက်ပစ္စည်း များအား အရစ်ကျ စနစ်ဖြင့် ထုတ်ချေး သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒုတိယ အကြိမ်  ချေးမှာပါ။ သမ၀ါယမ ၀န်ကြီးဌာနက ဦးဆောင်ပြီး လုပ်သွား မယ်။ ကိုရီးယား နိုင်ငံ ဒန်ဒေါင်း ကုမ္ပဏီ ကထုတ်တဲ့ စက်ပစ္စည်းတွေ နဲ့ ပြည်တွင်း ကုမ္ပဏီက ထုတ်တဲ့ စက်ပစ္စည်း တွေကို အရစ်ကျ ပေးချေ စနစ်နဲ့ ထုတ်ချေး သွားမှာပါ။ သီးသန့်ထုတ် ချေးငွေ (၂၃) ဘီလီယံ ကျော်ကို ထုတ်ချေးမယ်။ စက်ပစ္စည်း အရေအတွက် အားဖြင့် (၆၉၃၀) မျိုးကို အရစ်ကျ စနစ်နဲ့ပေး သွားမယ်။ စက်ပစ္စည်းတွေ အနေ နဲ့ ကတော့ ကျပ်သန်းပေါင်း (၂၀) ဘီလီယံကျော်ကို ထုတ်ချေးသွား မှာပါ ဟု တိုင်းဒေသကြီး စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဦးစိန်မောင် က The Messenger Media သို့ ပြောသည်။

ယင်းသို့ ထုတ်ချေးရာတွင် တောင်သူ လယ်သမားများ ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး နှင့် လူမှုစီးပွား ဘ၀ ဖွံ့ ဖြိုး တိုးတက်ရေး အတွက် သီးသန့် ချေးငွေ အနေဖြင့် ကျပ်သန်းပေါင်း (၂၃) ဘီလီယံကျော်ကို ထုတ်ချေး ပေး သွားမည် ဖြစ်ပြီး ဒယ်ဒေါင်း ကုမ္ပဏီမှ လယ်ယာ လုပ်ငန်းသုံး စက်ပစ္စည်းများ အတွက် ကျပ်သန်းပေါင်း ( ၁၁ ဒသမ ၅၉) ဘီလီယံနှင့် ပြည်တွင်း ကုမ္ပဏီမှ အငှားဝယ် စနစ်ဖြင့် လုပ်ငန်းသုံး စက်ပစ္စည်းများ အတွက် ကျပ်သန်းပေါင်း (၁၀ ဒသမ ၂၈) ဘီလီယံအား ထုတ်ချေးပေး သွားမည် ဖြစ်ကြောင်းကို သိရသည်။

အဆိုပါ သမ၀ါယမ ၀န်ကြီးဌာန အနေ ဖြင့် ပြည်သူ များအား ချေးငွေ ပေးအပ် ရာတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ၂၀၁၄ နှစ် ကုန်ပိုင်းအထိ  ကျပ်သန်းပေါင်း (၁၄၅၈ ၁၅) သန်းကျော် ထုတ်ချေးထား ခဲ့ပြီး သိန်းပေါင်း (၅၄၂၄၅ ဒသမ ၉၁၅) သိန်းတန်ဖိုးရှိ စက်ကိရိယာ   လုပ်ငန်း သုံး  အမျိုးပေါင်း (၄၇၆၅) ခုကိုလည်း အရစ်ကျ ငွေချေ စနစ်ဖြင့် ရောင်းချပေး ခဲ့ပြီး ဖြစ်ကြောင်း ကိုလည်း သမ၀ါယမ ၀န်ကြီးဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment