Wednesday 21 January 2015

ပညာရေး ဥပဒေကို သပိတ်မှောက်သည့် ကျောင်းသား များအား ထောက်ခံသည့် အနေဖြင့် မုံရွာတွင် ဆန္ဒထုတ်ဖော်

Photo: ပညာရေး ဥပဒေကို သပိတ်မှောက်သည့် ကျောင်းသား များအား ထောက်ခံသည့် အနေဖြင့် မုံရွာတွင် ဆန္ဒထုတ်ဖော်
Wednesday, January 21, 2015

 ဒီမိုကရေစီ ပညာရေး စနစ် ပေါ်ပေါက်စေရေး အတွက် ကျောင်းသားထု တစ်ရပ်လုံးမှ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကြီး ဆင်နွှဲနေသည်ကို ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃၀) ခန့် တို့သည် ယမန်နေ့က မုံရွာမြို့ရှိ တက္ကသိုလ် အသီးသီး၌ ဆန္ဒ ထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။ ယင်းသို့ အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်မှုကို ကျောင်းသားထု တစ်ရပ်လုံးမှာ မန္တလေး မြို့မှ တစ်ဆင့် ရန်ကုန် မြို့သို့ ချီတက် လမ်းလျှောက်ကာ ဆန္ဒပြပွဲကြီး ဆင်နွှဲ နေစဉ်တွင် ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားများ ကလည်း မုံရွာ တက္ကသိုလ်၊ မုံရွာ စီးပွားရေး တက္ကသိုလ်နှင့် မုံရွာ နည်းပညာ တက္ကသိုလ် ကျောင်းဝင်း အတွင်းသို့ အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်သည့် အနေဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။

အစိုးရကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ပညာရေး ဥပဒေကို ကန့်ကွက်နေ တာပါ။ ကျောင်းမတက်ချင်လို့ အခုလို လုပ်နေ တာလည်း မဟုတ်ပါဘူး။ ကျွန်ပညာရေး စနစ်ကို အလို မရှိလို့ပါ။ ကျောင်းသား ဆန္ဒပြပွဲကြီး ကိုလည်း ထောက်ခံတယ်။ ဒါကြောင့် အခုလို တက္ကသိုလ်ဝင်း ထဲမှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြ တာပါ ဟု မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဝေမိုးနိုင်က The Messenger Media သို့ ပြောသည်။

ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက်သည့် ဆန္ဒပြပွဲ ကြီးအား ထောက်ခံသည်ကို ဆန္ဒ ထုတ်ဖော်ခဲ့သည့် ကျောင်းသား များအား မုံရွာ တက္ကသိုလ်ဝင်း အတွင်း၌ တားဆီးမှုများ တွေ့ကြုံခဲ့ရပြီး အချိန် ကန့်သတ်ချက် များဖြင့် လုပ်ဆောင်ရန် အတွက် ဖိအားပေး ပြောဆိုခြင်းများရှိ ခဲ့ကြောင်း ကိုလည်း သိရသည်။

အသံချဲ့စက်တွေနဲ့ မအော်ဖို့ ကိုဘဲ ပြောတာပါ။ စာသင်ချိန် တွေလည်းရှိ နေတော့လေ။ ပြီးတော့ အချိန် ကိုလည်း ကန့်သတ်ပြီး ဆန္ဒပြကြ ဖို့ကို ပြောခဲ့တာပါ။ တခြား ဘာမှတော့ တားဆီးတာ မဟုတ်ပါဘူး ဟု မုံရွာ တက္ကသိုလ် ဒုတိယ ပါမောက်္ခချူပ် ဒေါက်တာ ကျော်ထွန်းက The Messenger Media သို့ ပြောသည်။

Messenger News Journal
 ဒီမိုကရေစီပညာရေးစနစ် ပေါ်ပေါက်စေရေး အတွက် ကျောင်းသားထု တစ်ရပ်လုံးမှ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကြီး ဆင်နွှဲနေသည်ကို ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃၀) ခန့် တို့သည် ယမန်နေ့က မုံရွာမြို့ရှိ တက္ကသိုလ် အသီးသီး၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့ အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်မှုကို ကျောင်းသားထု တစ်ရပ်လုံးမှာ မန္တလေး မြို့မှ တစ်ဆင့် ရန်ကုန် မြို့သို့ ချီတက် လမ်းလျှောက်ကာ ဆန္ဒပြပွဲကြီး ဆင်နွှဲ နေစဉ်တွင် ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားများ ကလည်း မုံရွာ တက္ကသိုလ်၊ မုံရွာ စီးပွားရေး တက္ကသိုလ်နှင့် မုံရွာ နည်းပညာ တက္ကသိုလ် ကျောင်းဝင်း အတွင်းသို့ အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်သည့် အနေဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။

အစိုးရကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ပညာရေး ဥပဒေကို ကန့်ကွက်နေ တာပါ။ ကျောင်းမတက်ချင်လို့ အခုလို လုပ်နေ တာလည်း မဟုတ်ပါဘူး။ ကျွန်ပညာရေး စနစ်ကို အလို မရှိလို့ပါ။ ကျောင်းသား ဆန္ဒပြပွဲကြီး ကိုလည်း ထောက်ခံတယ်။ ဒါကြောင့် အခုလို တက္ကသိုလ်ဝင်း ထဲမှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြ တာပါ ဟု မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဝေမိုးနိုင်က The Messenger Media သို့ ပြောသည်။

ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက်သည့် ဆန္ဒပြပွဲ ကြီးအား ထောက်ခံသည်ကို ဆန္ဒ ထုတ်ဖော် ခဲ့သည့် ကျောင်းသား များအား မုံရွာ တက္ကသိုလ်ဝင်း အတွင်း၌ တားဆီးမှုများ တွေ့ကြုံခဲ့ရပြီး အချိန် ကန့်သတ် ချက် များဖြင့် လုပ်ဆောင်ရန် အတွက် ဖိအားပေး ပြောဆိုခြင်းများရှိ ခဲ့ကြောင်း ကိုလည်း သိရသည်။

အသံချဲ့စက်တွေနဲ့ မအော်ဖို့ ကိုဘဲ ပြောတာပါ။ စာသင်ချိန် တွေလည်းရှိ နေတော့လေ။ ပြီးတော့ အချိန် ကိုလည်း ကန့်သတ်ပြီး ဆန္ဒပြကြ ဖို့ကို ပြောခဲ့တာပါ။ တခြား ဘာမှတော့ တားဆီးတာ မဟုတ်ပါဘူး ဟု မုံရွာ တက္ကသိုလ် ဒုတိယ ပါမောက်္ခချူပ် ဒေါက်တာ ကျော်ထွန်းက The Messenger Media သို့ ပြောသည်။

Messenger News Journal 

No comments:

Post a Comment