Wednesday 21 January 2015

အကယ်ဒမီအတွက် အလှူအတန်းလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတဲ့ ၀တ်မှုန်ရွှေရည်

Photo: အကယ်ဒမီအတွက် အလှူအတန်းလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတဲ့ ၀တ်မှုန်ရွှေရည်
Wednesday, January 21, 2015

ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ကို အကယ်ဒမီရစေချင်နေတဲ့ ပရိသတ်အချို့လဲ ရင်ထဲက ဆန္ဒတွေ ပြည့်ဝသွားပြီမို့ အကယ်ဒမီပိုင်ရှင် ၀တ်မှုန်ရွှေရည်က ၂၀ နောက်ပိုင်းမှာ အကယ်ဒမီနဲ့ပတ်သတ်တဲ့ အလှူအတန်းတွေ လုပ်ဖို့ရှိတဲ့အကြောင်း သိရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော၊ အကယ်ဒမီရသွားတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို သူမကို မေးမြန်းကြည့်လိုက်တော့ “အကယ်ဒမီရပြီးသွားတဲ့ စိတ်ခံစားချက်ကတော့ အရင်ကနဲ့မတူပဲ အရင်ကထက် ပိုကြိုးစားရမယ်ဆိုတဲ့ စိတ်ဖြစ်လာတယ်။ ပရိသတ်တွေကလဲ ကစ်ကို အရမ်းအားပေးတာ မြင်ရတော့ ပရိသတ်ကို အရမ်းတန်ဖိုးထားပြီး ကစ်ဖန်တီးသမျှ ၊ ပေးဆပ်သမျှ အရာအားလုံးက ပရိသတ်အတွက် လုပ်နေတယ် ဆိုတာလေး တစ်ခုတော့ ဖြစ်လာတယ်။ ပိုသေချာလာတယ်။ အကယ်ဒမီနဲ့ ပတ်သတ်ပြီး လှူဖို့တန်းဖို့က ၂၀ကျော်ရင် စီစဉ်ထားတာ လေးတော့ ရှိတယ်။ မှော်ဘီက ဘုန်းကြီးကျောင်းမှာ လုပ်မှာပါ။ ရက်ညှိနေတုန်းမို့လို့ သေချာသွားရင် ထပ်ပြောပါ့မယ်။”လို့ သူမက ပြောပါတယ်။

ဒီကြားထဲမှာက ခရီးတွေ ဆက်တိုက်သွားဖြစ်နေတာကိုလည်း သူမက “ကစ် နိုင်ငံခြားကို အသွားအပြန် ၂ ခေါက် လုပ်လိုက်ရတော့ နဲနဲပန်းပြီး ဖျားနေလို့ပါ။ ပထမတစ်ခေါက်က စင်ကာပူမှာ Construction ကြော်ငြာသွားရိုက်တာ။ နောက်တစ်ခေါက်က ဖူးခတ်မှာ သူငယ်ချင်း မင်္ဂလာဆောင်ကို သွားပြီး ပြန်လာတာ။ ခုကားရိုက်က တန်းဝင်တော့ နည်းနည်းပင်ပန်းပြီး ဖျားနေတာပါ”တဲ့။

ခုလိုဖျားနေပေမယ့် အနုပညာကို ချစ်တဲ့သူမက ကားရိုက်တွေ မဖျက်ပဲ သူမရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေသူလေးပါ။ “ခုရိုက်နေတဲ့ကားလေးက ပုံပြင်လေးကတော့ ဒါပါပဲကွယ်တဲ့။ ၀ိဇ္ဇာကာတွန်းကို ပြန်ရိုက်ထားတာပေါ့။ မင်းသားက ဇေရဲထက်၊ ဒါရိုက်တာက ကျော်ဇောလင်း။ ဟာသကားမှာမှ ကစ်က အကျောတင်းလေးပေါ့။ ဂျွတ်ဆပ်ဆပ်ပုံစံလေး သရုပ်ဆောင်ထားပါတယ်”လို့ သူမက ပြောပြပေးသွားပါတယ်။

Trend Myanmar
ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ကို အကယ်ဒမီရစေချင်နေတဲ့ ပရိသတ်အချို့လဲ ရင်ထဲက ဆန္ဒတွေ ပြည့်ဝသွားပြီမို့ အကယ်ဒမီပိုင်ရှင် ၀တ်မှုန်ရွှေရည်က ၂၀ နောက်ပိုင်းမှာ အကယ်ဒမီနဲ့ ပတ် သတ် တဲ့ အလှူအတန်းတွေ လုပ်ဖို့ရှိတဲ့အကြောင်း သိရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော၊ အကယ်ဒမီ ရသွားတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို သူမကို မေးမြန်းကြည့် လိုက်တော့ “အကယ်ဒမီရပြီးသွားတဲ့ စိတ်ခံစားချက်ကတော့ အရင်ကနဲ့မတူပဲ အရင်ကထက် ပိုကြိုးစား ရမယ် ဆိုတဲ့ စိတ်ဖြစ်လာတယ်။
ပရိသတ်တွေကလဲ ကစ်ကို အရမ်းအားပေးတာ မြင်ရတော့ ပရိသတ်ကို အရမ်းတန်ဖိုးထားပြီး ကစ်ဖန်တီးသမျှ ၊ ပေးဆပ်သမျှ အရာအားလုံးက ပရိသတ်အတွက် လုပ်နေတယ် ဆိုတာလေး တစ်ခုတော့ ဖြစ်လာတယ်။ ပိုသေချာလာတယ်။ အကယ်ဒမီနဲ့ ပတ်သတ်ပြီး လှူဖို့တန်းဖို့က ၂၀ကျော်ရင် စီစဉ်ထားတာ လေးတော့ ရှိတယ်။ မှော်ဘီက ဘုန်းကြီးကျောင်းမှာ လုပ်မှာပါ။ ရက်ညှိနေ တုန်းမို့လို့ သေချာသွားရင် ထပ်ပြောပါ့မယ်။”လို့ သူမက ပြောပါတယ်။
ဒီကြားထဲမှာက ခရီးတွေ ဆက်တိုက်သွားဖြစ်နေတာကိုလည်း သူမက “ကစ် နိုင်ငံခြားကို အသွားအပြန် ၂ ခေါက် လုပ်လိုက်ရတော့ နဲနဲပန်းပြီး ဖျားနေလို့ပါ။ ပထမတစ်ခေါက်က စင်ကာပူမှာ Construction ကြော်ငြာသွားရိုက်တာ။ နောက်တစ်ခေါက်က ဖူးခတ်မှာ သူငယ်ချင်း မင်္ဂလာဆောင်ကို သွားပြီး ပြန်လာတာ။ ခုကားရိုက်က တန်းဝင်တော့ နည်းနည်းပင်ပန်းပြီး ဖျားနေတာပါ”တဲ့။

ခုလိုဖျားနေပေမယ့် အနုပညာကို ချစ်တဲ့သူမက ကားရိုက်တွေ မဖျက်ပဲ သူမရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေသူလေးပါ။ “ခုရိုက်နေတဲ့ကားလေးက ပုံပြင်လေးကတော့ ဒါပါပဲကွယ်တဲ့။ ၀ိဇ္ဇာကာတွန်းကို ပြန်ရိုက်ထားတာပေါ့။ မင်းသားက ဇေရဲထက်၊ ဒါရိုက်တာက ကျော်ဇောလင်း။ ဟာသကားမှာမှ ကစ်က အကျောတင်းလေးပေါ့။ ဂျွတ်ဆပ်ဆပ်ပုံစံလေး သရုပ်ဆောင်ထားပါတယ်”လို့ သူမက ပြောပြပေးသွား ပါတယ်။

Trend Myanmar 

No comments:

Post a Comment