Wednesday 21 January 2015

လုံခြုံရေးမရသဖြင့် အောင်ဘာလေရွာသို့သွားသော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ နောက်ပြန်လှည့်

တိုက်ပွဲများကြောင့် အောင်ဘာလေကျေးရွာတွင်ပိတ် မိနေသော ဒေသခံများကို သွား ရောက်တွေ့ဆုံသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှာလုံ ခြုံရေးအခြေအနေအရ နောက် ပြန်လှည့်ခဲ့ရကြောင်း သတင်းရရှိ သည်။

ဇန်န၀ါရီ၂၀ရက်က ဖားကန့် ဒေသသို့ရောက်ရှိနေသော PCG အဖွဲ့ဝင်များမှာ အောင်ဘာလေ ကျေးရွာသို့ သွားရောက်၍ ဒေသ ခံများနှင့်တွေ့ဆုံရန်ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။ အစိုးရတပ် တပ်မ (၆၆)က ဆန္ဒရှိပါက သွားရောက်နိုင်သည်ဟုပြောသော်လည်း လုံခြုံရေး တာဝန်မယူနိုင်ကြောင်း ပြောသဖြင့် နောက်ပြန်လှည့်ခဲ့ရ ကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးလမိုင်ဂွန်ဂျာက ဆို သည်။ ‘‘တပ်မမှူးကို ခွင့်တောင်း တော့ သွားခွင့်မပြုတာတော့မ ဟုတ်ဘူး။ လုံခြုံရေးတာဝန်မယူ နိုင်ဘူးဆိုလို့။ ဒါကြောင့်မသွားရဲ တော့ဘဲ ပြန်လှည့်လာတာ’’ဟု ဦး လမိုင်ဂွန်ဂျာကပြောသည်။

အောင်ဘာလေဒေသခံများ ၏ စားဝတ်နေရေးကို စိုးရိမ်စရာ  မလိုရန်နှင့် တပ်မတော်မှကူညီ ထောက်ပံ့ ပေးမည်ဟု တပ်မမှူး ကပြောကြားခဲ့ကြောင်း၎င်းက ပြန်  လည်ပြောကြားသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သတင်းရရှိ သည်။

အစိုးရတပ်နှင့် ကေအိုင်အေတို့ ပြီးခဲ့သည့် ရက်ပိုင်း က ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ဖားကန့်ဒေသ အောင်ဘာ လေရွာအတွင်း ကျောင်းသားများ အပါအ၀င်ဒေသခံတစ်ထောင် ကျော်ပိတ်မိနေခဲ့သည်။

7Day DAILY 

No comments:

Post a Comment