Wednesday 21 January 2015

ဖမ်းဝရမ်းထုတ်ခံထားရသည့် စောဆန်းအောင်လုပ်ရပ် ဒီကေဘီအေနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ခဲ့၍ ဒီကေဘီအေမှ ဗိုလ်မှူး ကြီးရာထူးဖြင့် ထုတ်ပယ်ခံရသူက ကော့ကရိတ် မြို့တွင် ဇန်န၀ါရီ ၁၉ ရက်၌ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး တစ်ချိန်တည်းတွင် ဒီကေဘီအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်ကလည်း ထိုသတင်းစာရှင်းလင်းပွဲမှာ ဒီကေဘီအေအဖွဲ့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်သည်။

ဒီကေဘီအေမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်မှာ ၂၀၁၃ စက်တင်ဘာက အစိုးရတပ်မတော် နှင့် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒီကေဘီအေခေါင်းဆောင်ပိုင်းက ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ကလည်း ၎င်းကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေ ကာ လေးလခန့်အကြာတွင် ပထမဆုံးအကြိမ်ပြန်ထွက်ပေါ်လာခြင်း ဖြစ်သည်။

‘‘သူလုပ်တာ ကျွန်တော်တို့ နဲ့ မဆိုင်ပါဘူး။ မဆိုင်ဘူးဆိုတာ က အခု သူလုပ်တာက ဒီကေဘီ အေက သူ့ကို ထုတ်လိုက်လို့ ခံစားနေရတဲ့ ခေါင်းစဉ်လည်းပါတယ်လေ။ အဲဒါကြောင့်’’ဟု ဒီကေဘီအေ၏ ဆက်ဆံ ရေးအရာရှိ ဗိုလ်မှူးကြီး အောင်လေးက ပြောသည်။ သို့သော် ကရင်ပြည်နယ် တွင် လက်နက်ကိုင်ဆောင် ထား သည့် စောဆန်းအောင်နှင့် အဖွဲ့၏လုပ်ရပ်များကို စောင့်ကြည့်လေ့ လာနေမည် ဖြစ်ကြောင်း ပြော သည်။

‘‘သီးခြားအဖွဲ့လို့ လုပ်မယ် ဆိုရင်လည်း ဒါက သူဘယ်လို ဆက်လုပ်မလဲဆိုတာပေါ့။ စောင့်ကြည့်နေတဲ့ အပိုင်းတော့ရှိနေပါ တယ်’’ဟု ဗိုလ်မှူးကြီး အောင်လေးက ပြောသည်။

ဒီကေဘီအေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုးရှေးကလည်း စောဆန်းအောင်အဖွဲ့၏ လက်ရှိ လုပ်ရပ်များမှာ ဒီကေဘီ အေနှင့် လုံးဝမသက်ဆိုင်ကြောင်း ပြတ်ပြတ်သားသား ပြောကြားသည်။

စောဆန်းအောင်က ကော့ ကရိတ်မြို့နယ်တွင် ရန်ကုန်အခြေ စိုက် သတင်းထောက်များအား ခေါ်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လက်ပံတောင်းတောင် အရေး၊ အစိုးရ၏ အင်အားသုံးဖြေ ရှင်းသည့် အရေး၊ ကိုပါကြီးသေ ဆုံးမှုနှင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ခဲ့၍ ဒီကေဘီအေမှ ထုတ်ပယ် ခံရသည့် အကြောင်း အရာများကို ရှင်းလင်းသွားခဲ့သည်။

‘‘သတင်းစာ ရှင်းလင်းပွဲ တော့ လုပ်လိုက်တယ်။ ဒါပေမဲ့ အ ချိန်တော့ လုံလောက်အောင် မရ လိုက်ဘူး။ လက်ပံ တောင်းတောင် ကိစ္စ၊ ကိုပါကြီးကိစ္စနဲ့ ကျိုက်မရောကိစ္စတွေကိုပဲ ရှင်းပြတာပါ’’ ဟု စောဆန်းအောင် က ပြောကြားသည်။

ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ် ထားသည့် စောဆန်းအောင်၏ သတင်းစာရှင်းလင်းပွဲသို့ လာ သည့် သတင်း ထောက်များကိုအစိုးရစစ်တပ်က ခေတ္တတားဆီး ခဲ့သော်လည်း နောက်ပိုင်းသွားခွင့် ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် ဒေသတွင်း အခြေစိုက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (၁၂) မှ တပ်မ တော်သားများ ကားသုံးစီး ဖြင့် ရောက်လာသဖြင့် နာရီဝက်ခန့် သာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ ရကြောင်း စောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့်နှစ်က အစိုးရတပ် နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ တင်းမာမှုဖြစ်ပြီး နောက် ဒီကေဘီအေအပါအ၀င် ကရင်တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ကော်သူးလေ တပ်မတော် မှာလည်း ရာထူးအဆင့်အတန်း သတ်မှတ်မထားရသေးသောကြောင့် ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး အောင်လေးက ပြော ကြားသည်။

7Day DAILY 

No comments:

Post a Comment