Wednesday 21 January 2015

ဒေါ်လာသန်း ၂၀၀ မပေးလျှင် ဂျပန်ဓားစာခံနှစ်ဦးကို သတ်မည်ဟု IS အဖွဲ့ခြိမ်းခြောက်၊ အကြမ်းဖက်မှုကို ဒူးထောက်မည်မဟုတ်ဟု ဂျပန်အစိုးရ ပြောကြား

Photo: ဒေါ်လာသန်း ၂၀၀ မပေးလျှင် ဂျပန်ဓားစာခံနှစ်ဦးကို သတ်မည်ဟု IS အဖွဲ့ခြိမ်းခြောက်၊ အကြမ်းဖက်မှုကို ဒူးထောက်မည်မဟုတ်ဟု ဂျပန်အစိုးရ ပြောကြား
Wednesday, January 21, 2015

ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရှိပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦးကို သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS က ခြိမ်းခြောက် ထားသော်လည်း ဂျပန်အစိုးရကမူ အကြမ်းဖက် ခြိမ်းခြောက်မှုကို လိုက်လျောမည်မဟုတ်ဟု ယနေ့ ပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ IS သည် ပြီးခဲ့သောနှစ် သြဂုတ်လမှ လက်ရှိအချိန်ထိ အနောက်နိုင်ငံသား ဓားစာခံ ၅ ဦးအထိ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း ဖမ်းမိထားသော ဓားစာခံအတွက် ခြိမ်းခြောက်ငွေ တောင်းသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

IS အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော ဗီဒီယိုဖိုင် တစ်ခုထဲတွင် အနက်ရောင် ဝတ်ဆင်ထားသော အကြမ်းဖက်သမား တစ်ယောက်က လိမ္မော်ရောင် ဝတ်စုံနှင့် ဓားစာခံ နှစ်ယောက်၏ ကြားတွင် ရပ်လျက်က ကင်မရာဘက်သို့ ဓားတစ်လက်ကို ဝှေ့ယမ်းရင်း “ခင်ဗျားတို့ နိုင်ငံသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ခင်ဗျားတို့အစိုးရက ဒေါ်လာသန်း ၂၀၀ ပေးလာအောင် ဖိအားပေးဖို့အတွက် ခင်ဗျားတို့ အချိန် ၇၂ နာရီရမယ်” ဟု ပြောကြားနေသည်ကို တွေ့ရသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်းတွင် IS အဖွဲ့ နှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း ထိခိုက်နစ်နာခဲ့ရသည့် နိုင်ငံများကို စစ်ရေးအရ မဟုတ်သော အကူအညီများ ပေးသွားမည်ဟု ကတိပြုခဲ့သည့်အတွက် လျော်ကြေးအနေနှင့် ယခုကဲ့သို့ ပြန်ပေးငွေတောင်းခြင်း ဖြစ်သည်ဟုလည်း ယင်းအကြမ်းဖက်သမားက ပြောကြားသည်။

သို့ရာတွင် ဂျပန်အစိုးရကမူ ၎င်းတို့အနေနှင့် အကြမ်းဖက်သမားများကို အညံ့ခံမည် မဟုတ်ဟု ပြောကြားလိုက်သည်။

“အကြမ်းဖက်မှုကို နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်သလို ဒူးထောက် အညံ့ခံသွားမှာလည်း မဟုတ်ပါဘူး” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယိုရှီဟိုက်ဆူဂါက တိုကျိုမြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြမ်းဖက်မှု ကာကွယ်ရေးဌာနမှ အရာရှိ တစ်ဦးကမူ အစိုးရအဖွဲ့သည် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသလို ယင်းဗီဒီယိုဖိုင် အစစ်အမှန် ဟုတ်၊ မဟုတ်ကိုလည်း စစ်ဆေးလျက် ရှိသည်ဟု ပြောကြားခဲ့သည်။

IS အဖွဲ့သည် ပြီးခဲ့သောနှစ် သြဂုတ်လ နောက်ပိုင်းတွင် အမေရိကန် သုံးဦးနှင့် ဗြိတိန်နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ ရက်ရက်စက်စက် ကွပ်မျက်ပုံ ဗီဒီယိုများကို အင်တာနက်မှတစ်ဆင့် ပြသခဲ့သည်။

၎င်းတို့၏ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံခဲ့ရသူများမှာ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေနှင့် စတီဗင် ဆော့လော့ဖ်၊ အမေရိကန် လူမှုကယ်ဆယ် ဝန်ထမ်း ပီတာကက်စ်ဆစ်ဂ်နှင့် ဗြိတိသျှလူမှု ဝန်ထမ်းများ ဖြစ်သည့် အလန်ဟန်းနင်းနှင့် ဒေးဗစ်ဟိန်းစ်တို့ ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဂျေရုစလင်သို့ ရောက်ရှိနေသော ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ဂျပန်လူမျိုး ဓားစာခံနှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အကြမ်းဖက်သမားများကို ပြောကြားလိုက်ပြီး ၎င်းအနေနှင့် ယခုလုပ်ရပ်မျိုးကို လုံးဝသည်းခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။

The Voice Weekly
ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရှိပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး ကို သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS က ခြိမ်းခြောက် ထားသော်လည်း ဂျပန်အစိုးရကမူ အကြမ်းဖက်ခြိမ်းခြောက်မှုကို လိုက်လျောမည်မဟုတ်ဟု ယနေ့ ပြောကြားလိုက်ကြောင်း CNA သတင်း ဌာန တွင် ဖော်ပြထားသည်။

အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ IS သည် ပြီးခဲ့သောနှစ် သြဂုတ်လမှ လက်ရှိအချိန်ထိ အနောက်နိုင်ငံသား ဓားစာခံ ၅ ဦးအထိ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း ဖမ်းမိထားသော ဓားစာခံ အတွက် ခြိမ်းခြောက်ငွေ တောင်းသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

IS အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော ဗီဒီယိုဖိုင် တစ်ခုထဲတွင် အနက်ရောင် ဝတ်ဆင်ထားသော အကြမ်းဖက်သမား တစ်ယောက်က လိမ္မော်ရောင် ဝတ်စုံနှင့် ဓားစာခံ နှစ်ယောက်၏ ကြားတွင် ရပ်လျက်က ကင်မရာဘက်သို့ ဓားတစ်လက်ကို ဝှေ့ယမ်းရင်း “ခင်ဗျားတို့ နိုင်ငံသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ခင်ဗျားတို့အစိုးရက ဒေါ်လာသန်း ၂၀၀ ပေးလာအောင် ဖိအားပေးဖို့အတွက် ခင်ဗျားတို့ အချိန် ၇၂ နာရီ ရမယ်” ဟု ပြောကြားနေသည်ကို တွေ့ရသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်းတွင် IS အဖွဲ့ နှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း ထိခိုက်နစ်နာခဲ့ရသည့် နိုင်ငံများကို စစ်ရေးအရ မဟုတ်သော အကူအညီများ ပေးသွား မည်ဟု ကတိပြုခဲ့သည့်အတွက် လျော်ကြေးအနေနှင့် ယခုကဲ့သို့ ပြန်ပေးငွေတောင်းခြင်း ဖြစ်သည် ဟု လည်း ယင်းအကြမ်းဖက်သမားက ပြောကြားသည်။

သို့ရာတွင် ဂျပန်အစိုးရကမူ ၎င်းတို့အနေနှင့် အကြမ်းဖက်သမားများကို အညံ့ခံမည် မဟုတ်ဟု ပြောကြား လိုက်သည်။

“အကြမ်းဖက်မှုကို နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်သလို ဒူးထောက် အညံ့ခံသွားမှာလည်း မဟုတ်ပါဘူး” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယိုရှီဟိုက်ဆူဂါက တိုကျိုမြို့ ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြမ်းဖက်မှု ကာကွယ်ရေးဌာနမှ အရာရှိ တစ်ဦးကမူ အစိုးရအဖွဲ့ သည် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသလို ယင်းဗီဒီယိုဖိုင် အစစ်အမှန် ဟုတ်၊ မဟုတ်ကိုလည်း စစ်ဆေးလျက် ရှိသည်ဟု ပြောကြားခဲ့သည်။

IS အဖွဲ့သည် ပြီးခဲ့သောနှစ် သြဂုတ်လ နောက်ပိုင်းတွင် အမေရိကန် သုံးဦးနှင့် ဗြိတိန်နှစ်ဦးကို သတ်ဖြတ် ခဲ့ပြီး ၎င်းတို့ ရက်ရက်စက်စက် ကွပ်မျက်ပုံ ဗီဒီယိုများကို အင်တာနက်မှတစ်ဆင့် ပြသခဲ့သည်။

၎င်းတို့၏ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံခဲ့ရသူများမှာ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေနှင့် စတီဗင် ဆော့လော့ဖ်၊ အမေရိကန် လူမှုကယ်ဆယ် ဝန်ထမ်း ပီတာကက်စ်ဆစ်ဂ်နှင့် ဗြိတိသျှလူမှု ဝန်ထမ်းများ ဖြစ်သည့် အလန်ဟန်းနင်းနှင့် ဒေးဗစ်ဟိန်းစ်တို့ ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဂျေရုစလင်သို့ ရောက်ရှိနေသော ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ဂျပန် လူမျိုး ဓားစာခံနှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အကြမ်းဖက်သမားများကို ပြောကြားလိုက်ပြီး ၎င်းအနေနှင့် ယခုလုပ်ရပ်မျိုးကို လုံးဝသည်းခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။

The Voice Weekly 

No comments:

Post a Comment