Wednesday 21 January 2015

သပိတ်မှောက် ကျောင်းသားများ လမ်းကြောင်း (၂) ခုဖြင့် ရန်ကုန်သို့ ချီတက်

Photo: သပိတ်မှောက် ကျောင်းသားများ လမ်းကြောင်း (၂) ခုဖြင့် ရန်ကုန်သို့ ချီတက်
Wednesday, January 21, 2015

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက် နေသော ကျောင်းသား များသည် လမ်းကြောင်း နှစ်ခုဖြင့် ရန်ကုန်မြို့သို့ ချီတက်လာ ကြမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီထံမှ သိရသည်။ ကျောင်းသား သပိတ်တွေက စစ်ကြောင်း နှစ်ကြောင်းနဲ့ ရန်ကုန်မြို့ကို ချီတက်လာ ပါတယ်။ မန္တလေးက စစ်ကြောင်း တစ်ခု၊ ထားဝယ်က စစ်ကြောင်း တစ်ခုပါ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ မှ မဖြိုးဖြိုးအောင်က The Messenger Media သို့ ပြောသည်။ မန္တလေးမှ ကျောင်းသားသပိတ် စစ်ကြောင်းသည် မန္တလေးမြို့တွင် အိမ်တော်ရာ ဘုရားဝင်း အတွင်း စုဝေး၍ စတင် ခဲ့ပြီး ထားဝယ် ခရိုင် ကျောင်းသားသပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးဝင်း အတွင်းတွင် စုဝေးကာ စတင်ခဲ့ ကြသည်။

ကျွန်တော်တို့က ဒီနေ့ တက္ကသိုလ်တွေ လိုက်ပြီးတော့ ကျောင်းသားတွေကို ဒီသပိတ်မှာ ပါဝင်ဖို့ လိုက်ပြီး စည်းရုံး ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေ တော်တော်များများ ပါလာ ပါတယ် ဟု ထားဝယ်ခရိုင် ကျောင်းသားသပိတ် စစ်ကြောင်းမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ နည်းပညာ တက္ကသိုလ် ကျောင်းသား ကိုမင်းလွင်ဦးက The Messenger Media သို့ပြောသည်။

အဆိုပါ သပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ရှိ တက္ကသိုလ် သုံးခုလုံးသို့ ယမန်နေ့က သွားရောက် ဆန္ဒပြခဲ့ပြီး၊ ယနေ့ တွင်လည်း ထားဝယ် မြို့တွင် ဆက်လက် ဆန္ဒပြကာ ရန်ကုန်သို့ ချီတက် လာမည် ဖြစ်ကြောင်း သိရသည်။  ထို့အပြင် အမျိုးသား ပညာရေး ဥပဒေ ဆန္ဒပြပွဲ များကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့ အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြပြီး၊ ရက်ပေါင်း (၆၀) အတွင်း အစိုးရဘက်မှ ညှိနှိုင်းရန် တောင်းဆို ၍ ဆန္ဒပြပွဲများကို ရပ်နားခဲ့သည်။ သို့သော် အစိုးရဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန် ခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြခဲ့ ကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ မန္တလေး စစ်ကြောင်း မှာ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ ပါပါတယ်။ နှစ်ပတ် အတွင်းလောက်တော့ ရန်ကုန်ကို ရောက်မယ်လို့ ထင်ပါတယ် ဟု မိတ်္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုအောင်နေပိုင်က The Messenger Media သို့ ပြောသည်။ အဆိုပါ ကျောင်းသားသပိတ် စစ်ကြောင်းသည် နှစ်ပတ် အတွင်း ရန်ကုန်သို့ ရောက်ရန် ရည်မှန်း ထားကြောင်း သိရသည်။ ထိုကဲ့သို့ ကျောင်းသားများ သပိတ် မှောက်ရာတွင် ပြည်သူ လူထု အနေဖြင့် ၀ိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဇန်န၀ါရီလ (၂၀)ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်၍ မေတ္တာရပ်ခံ ထားသည်။

Messenger News Journal
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက် နေသော ကျောင်းသား များသည် လမ်းကြောင်း နှစ်ခုဖြင့် ရန်ကုန်မြို့သို့ ချီတက်လာ ကြမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီထံမှ သိရသည်။
ကျောင်းသား သပိတ်တွေက စစ်ကြောင်း နှစ်ကြောင်းနဲ့ ရန်ကုန်မြို့ကို ချီတက်လာ ပါတယ်။ မန္တလေးက စစ်ကြောင်း တစ်ခု၊ ထားဝယ်က စစ်ကြောင်း တစ်ခုပါ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ မှ မဖြိုးဖြိုးအောင်က The Messenger Media သို့ ပြောသည်။ မန္တလေးမှ ကျောင်းသားသပိတ် စစ်ကြောင်းသည် မန္တလေးမြို့တွင် အိမ်တော်ရာ ဘုရားဝင်း အတွင်း စုဝေး၍ စတင် ခဲ့ပြီး ထားဝယ် ခရိုင် ကျောင်းသားသပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးဝင်း အတွင်းတွင် စုဝေးကာ စတင်ခဲ့ ကြသည်။

ကျွန်တော်တို့က ဒီနေ့ တက္ကသိုလ်တွေ လိုက်ပြီးတော့ ကျောင်းသားတွေကို ဒီသပိတ်မှာ ပါဝင်ဖို့ လိုက်ပြီး စည်းရုံး ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေ တော်တော်များများ ပါလာ ပါတယ် ဟု ထားဝယ်ခရိုင် ကျောင်းသားသပိတ် စစ်ကြောင်းမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ နည်းပညာ တက္ကသိုလ် ကျောင်းသား ကိုမင်းလွင်ဦးက The Messenger Media သို့ပြောသည်။

အဆိုပါ သပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ရှိ တက္ကသိုလ် သုံးခုလုံးသို့ ယမန်နေ့က သွားရောက် ဆန္ဒပြခဲ့ပြီး၊ ယနေ့ တွင်လည်း ထားဝယ် မြို့တွင် ဆက်လက် ဆန္ဒပြကာ ရန်ကုန်သို့ ချီတက် လာမည် ဖြစ်ကြောင်း သိရသည်။  ထို့အပြင် အမျိုးသား ပညာရေး ဥပဒေ ဆန္ဒပြပွဲ များကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့ အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြပြီး၊ ရက်ပေါင်း (၆၀) အတွင်း အစိုးရဘက်မှ ညှိနှိုင်းရန် တောင်းဆို ၍ ဆန္ဒပြပွဲများကို ရပ်နားခဲ့သည်။ သို့သော် အစိုးရဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန် ခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြခဲ့ ကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ မန္တလေး စစ်ကြောင်း မှာ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ ပါပါတယ်။ နှစ်ပတ် အတွင်းလောက်တော့ ရန်ကုန်ကို ရောက်မယ်လို့ ထင်ပါတယ် ဟု မိတ်္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုအောင်နေပိုင်က The Messenger Media သို့ ပြောသည်။ အဆိုပါ ကျောင်းသားသပိတ် စစ်ကြောင်းသည် နှစ်ပတ် အတွင်း ရန်ကုန်သို့ ရောက်ရန် ရည်မှန်း ထားကြောင်း သိရသည်။ ထိုကဲ့သို့ ကျောင်းသားများ သပိတ် မှောက်ရာတွင် ပြည်သူ လူထု အနေဖြင့် ၀ိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဇန်န၀ါရီလ (၂၀)ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်၍ မေတ္တာရပ်ခံ ထားသည်။

Messenger News Journal 

No comments:

Post a Comment