Wednesday 21 January 2015

နိုဘယ်လ်-မြန်မာ စာပေပွဲတော်

အခုလပိုင်းအတွင်း မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာနဲ့ ပျော်ရွှင်စရာ သတင်းကောင်း တစ်ခု ကတော့ နိုဘယ်လ်- မြန်မာ စာပေပွဲတော်ကြီးကို စည်စည်ကားကား၊ အောင်အောင်မြင်မြင် ကျင်းပပြီးသွား ခဲ့တယ် ဆိုတဲ့ သတင်းပါ။ မြန်မာစာပေ သမားတွေက ကမကထပြု ဦးစီးကျင်းပတာ ဖြစ်ပြီး အစိုးရအဖွဲ့၊ နော်ဝေနိုင်ငံက အဖွဲ့အစည်းတချို့နဲ့ နော်ဝေသား မြန်မာတချို့ရဲ့ ကူညီပံ့ပိုးမှုနဲ့ ကျင်းပနိုင်ခဲ့တာပါ။ ပွဲကြီး ကို ဘယ်သူတွေက ဘယ်လို ကျင်းပခဲ့ကြသလဲ၊ ဘယ်လိုအောင်မြင်ခဲ့သလဲ၊ ဒီပွဲကြီးကနေ နောင် ဘာတွေ  မျှော်လင့်နိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

စာပေဆိုင်ရာ နိုဘယ်ဆု ဆိုတာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးဆုံး စာပေဆုပါ။ နော်ဝေနိုင်ငံကပေးတဲ့ အဲဒီ နိုဘယ်လ်ဆုနဲ့ ဆက်စပ်ပြီး နိုဘယ်လ်- မြန်မာ စာပေပွဲတော်ကို စီစဉ်ကျင်းပခဲ့တာပါ။ ပွဲကို ဦးစီး ကျင်းပသူဟာ ဆရာဖေမြင့်ပါ။ အခုနှစ် အတွက် ပွဲကိုတော့ ငြိမ်းချမ်းရေးနဲ့ စာပေကို ဆက်စပ်ထားတယ်လို့ ဆရာက ဆိုပါတယ်။ ပွဲဖြစ်မြောက်ရေးအတွက်ကြားခံ အကူအညီပေးသူကတော့ ဒီဗီဘီ သတင်းဌာန လက်ထောက်ညွှန်ကြားရေးမှူး ကိုခင်မောင်ဝင်းပါ။ နော်ဝေနိုင်ငံမှာ အနေကြာသူ ဖြစ်ပြီး နော်ဝေအဖွဲ့ အ စည်းတချို့နဲ့ ထိတွေ့ဆက်ဆံမှု ရင်းနှီးမှုရှိသူပါ။ ဒီအတွက်ပွဲ ကျင်းပလိုတဲ့ မြန်မာစာပေသမားတွေကို နော်ဝေနိုင်ငံက အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေး၊ အကူအညီ တောင်းခံပေးနိုင် ခဲ့ပါတယ်။ နိုဘယ်လ်ဆုရ တဲ့စာရေးဆရာတွေကို ဖိတ်ခေါ်ဖို့အထိ ကြိုးစားခဲ့ပေမယ့် ပြင်ဆင်ချိန် အခက်အခဲ ကြောင့်  အဆင်မပြေခဲ့ဖူးလို့ ဆိုပါတယ်။ ဒါပေမဲ့ နော်ဝေ International Coordina-tor of the Festival u Mr. Audun Aagre?  ဆွီဒင်သံရုံးက တာဝန်ရှိသူတစ်ယောက်၊ အကူအညီပေးတဲ့  Hedda Foundation  က ညွှန်ကြားရေးမှူး တို့ကို ဖိတ်ခေါ်ပြီး နိုဘယ်လ်ဆု ဘယ်လို ရွေးချယ်သလဲဆိုတာ နဲ့ စာပေဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်တွေ တင်ပြနိုင်ခဲ့ပါတယ်။

ပွဲမစတင်ခင် သုံးလလောက်ကြိုပြီး နိုဘယ်လ်စာပေဆုရ စာရေးဆရာတွေရဲ့ ဘာသာပြန်လက်ရာတွေကို စာအုပ်တိုက် တချို့က အချိန်မီ ထုတ်ဝေခဲ့ကြပြီး ဒီပွဲတ်ာကြီးမှာ ပြလည်း ပြနိုင်သလို ရောင်းလည်း ရောင်းချနိုင်ခဲ့ပါတယ်။ အများစုကတော့ အရင်ဘာသာပြန် စာရေးဆရာကြီး တွေ ဘာသာပြန်ထားတဲ့ စာ အုပ်တွေဖြစ်ပြီး အနည်းငယ်လောက်ကတော့ ဒီပွဲအတွက်ပြန်ဆိုထုတ်ဝေတာပါ။ အားလုံးပေါင်း အုပ်ရေ ၁ဝဝ နီးပါး ပြန်ထုတ်တာ၊ အသစ်ထုတ်တာ လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ နောင်ကာလအတွက် အမွေအနှစ် အဖြစ်ကျန်ရစ်မှာမျိုးဖြစ်ပါတယ်။

ပွဲရဲ့အဓိကအသည်းနှလုံးကတော့ အမျိုးသားကဇာတ်ရုံ အောက်ထပ်ခန်းမ အဝင်ဝမှာ ခင်းကျင်းထားတဲ့ နို ဘယ်လ်ဆုရ စာရေးဆရာတွေရဲ့ ဓာတ်ပုံတွေနဲ့ မူရင်း အင်္ဂလိပ်စာအုပ်တွေရဲ့ ပြခန်းပါ။ စာရေးဆရာပေါင်း  ၆ဝ ကျော်လောက်ရဲ့ စာအုပ်ပါင်း ၁၅ဝ လောက် ပြသထား ပါတယ်။ ဒီစာအုပ်တွေကို နိုင်ငံခြားကယူလာ ပြသတာ မဟုတ်ပါဘူး။ ကိုယ်တိုင်စုဆောင်းထားတဲ့ ရာပြည့်စာအုပ်တိုက်ထုတ်ဝေသူ ဦးစိုးညွန့်က သူ စုဆောင်း ထားတဲ့နိုဘယ်လ် ဆုရ စာရေးဆရာတွေရဲ့ စာအုပ်ပေါင်း ၂၅ဝ ကျော်ထဲက ရွေးနုတ်ပြီး ပြသထားတာ ပါ။ မြန်မာနိုင်ငံသားတွေ ကိုယ့်အားကိုယ်ကိုးလုပ်နိုင်တာ ဂုဏ်ယူစရာပါ။ (ဝမ်းနည်း စရာ ကောင်းတာတစ်ခုကတော့ ဘယ်အစိုးရ စာသင်ကျောင်းကမှ ကျောင်းသားတွေဒီပွဲကို ခေါ်မလာတာပါ။)

ပွဲတော်ကာလအတွင်းမှာ စာအုပ်ဆိုင် ခင်းကျင်းရောင်းချတာတွေ၊ စာပေသမားတွေ၊ ကာတွန်းဆရာ ဒီဇိုင်နာတွေရဲ့ ပြခန်းတွ၊ စာပေ၊ အနုပညာ ရသနဲ့ ဆက်စပ်တဲ့ စကားဝိုင်းတွေ၊ ညဘက်မှာဖျော်ဖြေရေးနဲ့ ပြ ဇာတ်ကပြမှုတွေ ပါဝင်ခဲ့ပါတယ်။ စာအုပ်ဆိုင် ခင်းကျင်းရောင်းချ မှုနဲ့ ပတ်သက်ရင်တော့ ဆိုင်ခန်းနေရာတွေ ကျဉ်းနေတာတွ့ရပါတယ်။ နေရာကျယ်ကျယ်ဝန်းဝန်း၊ စာအုပ်ဝယ်မယ့်သူတွေ ထိုင်ပြီး စာအုပ် မြည်းစမ်းနိုင်မယ့်နေရာတွေ ထားမပေးနိုင် တာကတော့ စိတ်မကောင်းစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုမြင့်မားသလို လာရောက်ပြီး စာအုပ်ဝယ်သူလည်း များပြားတဲ့အတွက် စာအုပ်ဆိုင်တွေ အတော်ရောင်းကောင်းခဲ့တာ ကို တွေ့ရပါတယ်။ သာမန် ဆိုင်ခန်းတစ်ခန်းပဲရှိတဲ့ စာအုပ်ဆိုင် အငယ်လေး  တစ်ဆိုင်ကတောင် တစ်နေ့ ၄-၅ သိန်းဖိုး ရောင်းရပြီး ပုံရောင်းတဲ့ တိုက်ကျ စာအုပ်ဆိုင်တွေ ကတော့ တစ်ရက် ကျပ် ၁ဝ သိန်းကျော်ဖိုးရောင်းရတယ်လို့ ဆိုပါတယ်။ စာအုပ်စုံတဲ့ စာအုပ် တိုက်ကြီးတွေကတော့ ဒီထက်အများကြီး ရောင်းချရမယ်လို့ ခန့်မှန်းရပါတယ်။

ဒီပွဲတော်ကြီးကို အသက်ဝင်စေတာကတော့ ပွင်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ ဆွေးနွေးဝိုင်းတွေပါ။ ရသ စာပေကိစ္စတွေ၊ ရသနဲ့ သတင်းပညာ အဆက်အစပ်၊ စာပေ နဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အဆက်အစပ်စတဲ့ အကြောင်းအရာပေါင်းများစွာကို စာရေးဆရာပေါင်းများစွာ၊ ကဗျာဆရာပေါင်းများစွာနဲ့ နိုင်ငံရေးသမား တွေပါ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ စိတ်ဝင်တစားနဲ့ အားပေးတဲ့ ပရိသတ်လည်းအလွန်များပြားတာတွေ့ ရပါ တယ်။ ဒီဆွေးနွေးချက်တွေကို ပုံနှိပ်စာတွေနဲ့ဖြစ်စေ၊ အသံသွင်းဖိုင်နဲ့ဖြစ်စေ၊ ဗီဒီယို ရုပ်သံဖိုင်အနေနဲ့ဖြစ်စေ ပြန်ပြီး ဖြန့်ချိရောင်းချ ရင် ပြည်သူတွေအတွက် အကျိုးရှိစေနိုင်ပါတယ်။

နောက်ထပ် ပွဲတော်ကြီးရဲ့ဝိဥာဉ်တစ်ခုကတော့ ဖျော်ဖြေရေးပြဇာတ်ကပြနိုင်ခဲ့ခြင်းပါ။ စာပေသမားတွေနဲ့ ဇာတ် သဘင် ပညာရှင်တွေ အနုပညာရှင်တွေ ပေါင်းပြီး အောင်အောင်မြင်မြင် ဖျော်ဖြေတင်ဆက်နိုင်တာ တွေ့ရပါတယ်။ ကနေတဲ့ ကမ္ဘာလို့ နာမည်ပေးထား တဲ့ အော်ပရာ၊ စာရေးဆရာ ကြီး မောင်ထင်ရဲ့ 'အာဇာနည် မိခင်' ပြဇာတ်၊ မန္တလေးသိန်းဇော်ရဲ့ နတ်ရှင်နောင် တေးသရုပ်ဖော်၊ ဒါရိုက်တာ စာရေးဆရာ ချစ်ဦးညို၊ ကူညီသူ နန်းဝင်း တင်ဆက်ပြီး စာပေအနုပညာသမားတွေ ကိုယ်တိုင် ဝင်ရောက်ကပြတဲ့ ဆရာကြီး ဇော်ဂျီရဲ့ မဟာဆန်ချင်သူ ပြဇာတ်စသဖြင့် ကပြခဲ့တာ တွေ့ရပါတယ်။

ခြုံငုံပြီးပြောရရင် အလွန်အောင်မြင်တဲ့ ပွဲတော်တစ်ခုပါ။ ပြောရရင် အရင်စစ်အာဏာရှင်တွေ လက်ထက် တုန်းက မြန်မာစာပေဟာ အကြီးအကျယ်ဖိနှိပ်ခံခဲ့ရပြီး ဘာမှ ကောင်းကောင်းရေးသား ထုတ်ဝေလို့ မရခဲ့ပါဘူး။ မြန်မာစာပေအဆင့်အတန်း ကျဆင်းသွားခဲ့ပြီး အကျိုးဆက်အဖြစ်ပြည်သူတွေဟာ ကောင်းမွန် တဲ့ရ သစာပေ နဲ့ ဝေးသွားခဲ့သလို ဖန်တီးသူအနုပညာရှင် တွေကိုယ်တိုင်ရဲ့ အရည်အသွေးလည်း ကျဆင်းခဲ့ရ ပါတယ်။ တစ်ဆက်တည်း ရသစာပေထုတ်ဝေရေးစီးပွားရေးလုပ်ငန်းလည်း အကျ ဘက်ရောက်ခဲ့ရပါတယ်။

ပညာရေးနိမ့်ပါးခဲ့ရလို့လည်း မျိုးဆက်နဲ့ချီတဲ့လူတွေဟာ စာဖတ်ရကောင်းမှန်း မသိသလို ရသစာပေ ဖတ်ဖို့ စိတ်ဝင်စားမှုလည်း နည်းသွား ခဲ့ပါတယ်။ ယဉ်ကျေးမှုမြင့်တဲ့နိုင်ငံက ပြည်သူတွေလို ဖြစ်လာဖို့ကတော့ဘက်  ပေါင်းစုံကနေအများကြီး ကြိုးစားကြဖို့ လိုပါသေးတယ်။ ဒီလိုအခြေအနေမှာ နိုဘယ်လ်-မြန်မာ စာပေ ပွဲတော်  ကျင်းပနိုင်ခြင်းဟာ မြန်မာစာပေလောကအတွက် ပြည်သူတွေအတွက် တိုင်းပြည်အတွက် အလွန် အကျိုးရှိခဲ့ပါကြောင်း၊ နောက်ထပ်နယ်မြို့တွေမှာ၊ နောင်နှစ်တွေမှာ ဆက်ပြီးကျင်းပကြဖို့ သင့်ပါကြောင်းသုံး သပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese 

No comments:

Post a Comment