Wednesday 21 January 2015

ထိုင်းငါးဖမ်းလှေတွင် လုပ်အားခေါင်းပုံဖြတ်ခံရပြီး အင်ဒိုနီးရှားရေတပ်စခန်း၌ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာ

Photo: ထိုင်းငါးဖမ်းလှေတွင် လုပ်အားခေါင်းပုံဖြတ်ခံရပြီး အင်ဒိုနီးရှားရေတပ်စခန်း၌ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာ
Wednesday, January 21, 2015

ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင် စဉ်တစ်နှစ်ခွဲခန့် လုပ်ခ ခေါင်းပုံဖြတ်ခံရပြီးနောက် အင်ဒိုနီးရှားရေတပ်စခန်းတွင် ကိုးလခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာ သူများက ပြောသည်။

အဆိုပါလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများသည် အင်ဒိုနီးရှားနိုင်ငံ တရားမဝင်နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများမှ အဖွဲ့အစည်းအသီးသီး၏ အကူအညီဖြင့် ဇန်နဝါရီ ၁၃ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၁၉ဦးဖြစ်ကာ ပြန်လည် လွတ်မြောက်လာ မှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၂ဝရက်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း အတတ်သင်ကျောင်းတွင် ရှင်းလင်း ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးမှ လူ ကုန်ကူးခံရသူ အမျိုးသားတစ်ဦးက ''ထိုင်းနိုင်ငံကိုရောက်တာ ငါးနှစ် လောက်ရှိပါပြီ၊ ဟိုမှာအလုပ်ရှိတယ် ဆိုလို့သွားတာ။ ဟိုရောက်မှ ရောင်း စားခံရမှန်းသိတာ၊ ဟိုမှာပွဲစားတွေ အများကြီးပဲ၊ လှေမှာမြန်မာချည်း ပဲအယောက် ၅ဝလောက်ရှိတယ်။ ထိုင်းနိုင်ငံက စက်လှေမှာလုပ်ရတာ ပါ။ တစ်လကို ဘတ် ၅၀၀ဝလောက် ပဲရတယ်။ ပွဲစားခဘတ် ၃၀၀၀၀ လောက်ပေးရတယ်။ လှေပေါ်မှာ ၂၄နာရီ အလုပ်လုပ်ရတယ်၊ လှေတစ် ခေါက်ထွက်ရင် လေး၊ ငါးလလောက် ကြာတယ်၊ ပွဲစားယူသွားလို့လစာ တစ်နှစ်ခွဲလောက်မရဘူး။ အိမ်မှာ အဖေ၊ အမေရှိမှန်းတောင် မသိ တော့ဘူး။ အင်ဒိုနီးရှားရေပိုင်နက် ထဲကိုဝင်လို့ ရေတပ်ကဖမ်းခဲ့တာ ပါ၊ အားလုံးအဖမ်းခံရတာ၊ လှေပါ အသိမ်းခံရတာ၊ အင်ဒိုမှာ ထိန်းသိမ်း ခံရတာ ကိုးလလောက်ကြာပါတယ်'' ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရေတပ်စခန်းများတွင် ၎င်းတို့နည်းတူထိန်းသိမ်းခံ ထားရသည့် မြန်မာနိုင်ငံသားများ ကျန်ရှိနေသေးကြောင်းလည်း ပြန် လည်လွတ်မြောက်လာသူများမှ သိရသည်။

ပွဲစားများ၏လိမ်လည်ပို့ဆောင်မှုများကို မြန်မာအလုပ်သမားများအနေဖြင့် အများဆုံးခံနေရကြောင်း ပွဲစားခများပေးဆောင်ရသည့်အပြင် လုပ်အား ခများလည်း အလုပ်ရှင်ထံ မှပွဲစားများကာ ကြိုတင်ထုတ်ယူ ကာ ခေါင်းပုံဖြတ်ခံနေရခြင်းသည် ထိုင်း ငါးဖမ်းစက်လှေများပေါ်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအားလုံး ကြုံတွေ့ ခံစားနေရကြောင်းလည်း ပြန်လည် လွတ်မြောက်လာသူများ၏ပြောပြချက်အရ သိရသည်။

TTA
Democracytoday
ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင် စဉ်တစ်နှစ်ခွဲခန့် လုပ်ခခေါင်းပုံဖြတ်ခံရပြီးနောက် အင်ဒိုနီးရှား ရေတပ်စခန်းတွင် ကိုးလခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာ သူများ က ပြောသည်။

အဆိုပါလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများသည် အင်ဒိုနီးရှားနိုင်ငံ တရားမဝင်နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများမှ အဖွဲ့အစည်းအသီးသီး၏ အကူအညီဖြင့် ဇန်နဝါရီ ၁၃ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၁၉ဦးဖြစ်ကာ ပြန်လည် လွတ်မြောက်လာ မှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၂ဝရက်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း အတတ်သင်ကျောင်းတွင် ရှင်းလင်း ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးမှ လူ ကုန်ကူးခံရသူ အမျိုးသားတစ်ဦးက ''ထိုင်းနိုင်ငံကိုရောက်တာ ငါးနှစ် လောက် ရှိပါပြီ၊ ဟိုမှာအလုပ်ရှိတယ် ဆိုလို့သွားတာ။ ဟိုရောက်မှ ရောင်း စားခံရမှန်းသိတာ၊ ဟိုမှာပွဲစားတွေ အများကြီးပဲ၊ လှေမှာမြန်မာချည်း ပဲအယောက် ၅ဝလောက်ရှိတယ်။ ထိုင်းနိုင်ငံက စက်လှေမှာလုပ်ရတာ ပါ။ တစ်လကို ဘတ် ၅၀၀ဝလောက် ပဲရတယ်။ ပွဲစားခဘတ် ၃၀၀၀၀ လောက်ပေးရတယ်။ လှေပေါ်မှာ ၂၄နာရီ အလုပ်လုပ်ရတယ်၊ လှေတစ် ခေါက်ထွက်ရင် လေး၊ ငါးလလောက် ကြာတယ်၊ ပွဲစားယူသွားလို့ လစာ တစ်နှစ်ခွဲလောက်မရဘူး။ အိမ်မှာ အဖေ၊ အမေရှိမှန်းတောင် မသိ တော့ဘူး။ အင်ဒိုနီးရှားရေပိုင်နက် ထဲကိုဝင်လို့ ရေတပ်ကဖမ်းခဲ့တာ ပါ၊ အားလုံးအဖမ်းခံရတာ၊ လှေပါ အသိမ်းခံရတာ၊ အင်ဒိုမှာ ထိန်းသိမ်း ခံရတာ ကိုးလလောက်ကြာပါတယ်'' ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရေတပ်စခန်းများတွင် ၎င်းတို့နည်းတူထိန်းသိမ်းခံ ထားရသည့် မြန်မာနိုင်ငံသားများ ကျန်ရှိနေသေးကြောင်းလည်း ပြန် လည်လွတ်မြောက်လာသူများမှ သိရသည်။

ပွဲစားများ၏လိမ်လည်ပို့ဆောင်မှုများကို မြန်မာအလုပ်သမားများအနေဖြင့် အများဆုံးခံနေရကြောင်း ပွဲစားခများ ပေးဆောင်ရသည့်အပြင် လုပ်အား ခများလည်း အလုပ်ရှင်ထံ မှပွဲစားများကာ ကြိုတင်ထုတ်ယူ ကာ ခေါင်းပုံဖြတ်ခံနေရခြင်းသည် ထိုင်း ငါးဖမ်းစက်လှေများပေါ်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအားလုံး ကြုံတွေ့ ခံစားနေရကြောင်းလည်း ပြန်လည် လွတ်မြောက် လာသူများ၏ပြောပြချက်အရ သိရသည်။

TTA
Democracytoday‬

No comments:

Post a Comment