Wednesday 21 January 2015

အခြေခံအလုပ်သမားများနှင့်အလုပ်ရှင်များ၏ပြသနာများကို တိကျစွာ နားထောင်ခြင်းမရှိသည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများသည် ဟန်ပြလုပ်ဆောင် ခြင်းသာဖြစ်ဟု မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဆို

Photo: အခြေခံအလုပ်သမားများနှင့်အလုပ်ရှင်များ၏ပြသနာများကို တိကျစွာ နားထောင်ခြင်းမရှိသည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများသည် ဟန်ပြလုပ်ဆောင် ခြင်းသာဖြစ်ဟု မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဆို
Wednesday, January 21, 2015

အခြေခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ ပြသနာများကို တိကျစွာနားထောင်ခြင်းမရှိဘဲ လုပ်ဆောင်နေသည့် သုံး ပွင့်ဆိုင်ဆွေးနွေးပွဲများသည် ဟန်ပြ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း မြန် မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် (MTUF) မှ ဝေဖန်ပြောကြားလိုက်ပြီး အဆိုပါသုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲ ဆွေးနွေးခဲ့သည့် (SME)လုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍကိုလည်း လုပ်ငန်းရှင်အသိုင်းအဝိုင်း မှ ဝေဖန်ထောက်ပြခဲ့ကြသည်။

ဇန်နဝါရီ ၂ဝရက်တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြု လုပ်ခဲ့သည့် အသေးစားနှင့် အလတ် စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်သမားများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်ရှင်များ၊ အလုပ်ရှင်ကိုယ်စား လှယ်များ၊ အလုပ်သမား သမဂ္ဂခေါင်း ဆောင်များ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေး နွေးပွဲများအပေါ် ထိုကဲ့သို့ ဝေဖန် ပြောကြားလိုက်ခြင်းဖြစ်သည်။

အလုပ်သမားအရေးများနှင့် ပတ်သက်၍ (MTUF) ဥက္ကဋ္ဌ ဦးအောင်လင်းက ''မြန်မာပြည်အထက် ပိုင်း စက်ရုံတွေ၊ သမဂ္ဂတွေက သူတို့ ရဲ့အခက်အခဲကို တင်ပြချင်လို့လာခဲ့ တယ်၊ တင်ပြခွင့်မရခဲ့ကြဘူး။ အလုပ်သမားတွေရဲ့ ဒုက္ခတွေကို ပြောချင်လို့ ကိုယ်စားပြုတက်လာတဲ့ အသံကို နားထောင်သင့်တယ်။ အဲ့လိုပဲ အလုပ်ရှင်တွေရဲ့အခက်အခဲကို ကျယ်ကျယ် ပြန့်ပြန့်နားထောင်သင့်တယ်။ အ လုပ်ရှင်တွေထဲမှာလဲ သူတို့ရဲ့အခက် အခဲကို ကျယ်ကျယ်ပြန့်ပြန့် ပြောချင် တဲ့သူတွေအများကြီးပဲ။ အဲလိုမှ အချိန် ပေးနားမထောင်နိုင်ရင် အလုပ်ရှင် အလုပ်သမားပြဿနာကို ဖြေရှင်းဖို့ လုံးဝမဖြစ်နိုင်ဘူး''ဟု ပြောကြားခဲ့သည်။

အလုပ်သမားများ၏အခက်အ ခဲများကို တင်ပြချင်၍ မန္တလေး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော် အစရှိသည့်နေရာများမှ တက်ရောက်ခဲ့သည့် အလုပ်သမားသမဂ္ဂများ၏အသံကို နားထောင်သင့်ကြောင်း၊ ယခုကဲ့သို့ အချိန်ပေးနားထောင်နိုင် ခြင်းမရှိဘဲ ရလဒ်မထွက်သည့် အစည်း အဝေးများ ပြုလုပ်နေခြင်းသည် နိုင်ငံ တော်ဘဏ္ဍာငွေ ဖြုန်းတီးနေခြင်း သာ ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သ မားများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေချင်ပါက အလုပ်ရှင်များ၏အသံ အလုပ် သမားများ၏အသံကို အချိန်ပေးနား ထောင်သင့်ကြောင်း ဦးအောင်လင်းက ဆိုသည်။

MTUF အဖွဲ့ဝင် ပလိပ်စက္ကူ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ဦးကျော်စိုး သန်းက''ကျွန် တော်ဆိုရင် မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ အစိုးရကနေ ပုဂ္ဂလိကကိုလွှဲ တဲ့ စက်ရုံ ၁ဝရုံကိုကိုယ်စားပြုပြီး အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ လက် ရှိဆန္ဒပြဖြစ်စဉ်တွေကို တင်ပြချင်လို့ ရောက်လာခဲ့ပေမယ့် တင်ပြခွင့်မရခဲ့ ဘူး။ ကျွန်တော်တို့ အစိုးရဝန်ထမ်း တွေက အစိုးရကနေ ပုဂ္ဂလိကကို ပြောင်းတဲ့အချိန်မှာ အလွန်ကိုဒုက္ခ ရောက်နေကြတယ်၊ အစိုးရနဲ့ ပုဂ္ဂလိ က ချုပ်ထားတဲ့စာချုပ်ကို ဘယ်စက် ရုံမှ ချမပြတဲ့အတွက် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်''ဟု ပြောသည်။

အစိုးရမှ ပုဂ္ဂလိကသို့ပြောင်းလဲသည့် စက်ရုံအတော်များများတွင် အစိုးရနှင့် ပုဂ္ဂလိက နှစ်ဖက်ချုပ်ဆို ထားသည့် စာချုပ်များကို လွှဲပြောင်းခံရသည့် ဝန်ထမ်းများ မသိရှိရသည့် အတွက် ဝန်ထမ်းအခွင့်အရေးကို လမ်းပေါ်ထွက် ဆန္ဒပြတောင်း ဆိုနေရခြင်းဖြစ်ကြောင်း ဦးကျော်စိုးသန်းက ပြောသည်။

အောက်ခြေအလုပ်သမားများ ဆန္ဒပြတောင်းဆိုနေရသည့် အကြောင်း ရင်းများကိုတင်ပြရန် ပလိပ် ချည်မျှင်နှင့် အထည်စက်ရုံ၊ ပလိပ် စက္ကူစက် ရုံ၊ မြောက်ပြင်ရွှေဝါဆပ် ပြာစက်ရုံ၊ မြောက်ပြင်ဆွာအထပ်သား စက်ရုံ၊ ရမည်းသင်းချည်မျှင်နှင့် အ ထည်စက်ရုံ၊ ရမည်းသင်းအထပ်သား စက်ရုံ၊ အုတ်ကျင်း ဂုန်နီအိတ်စက်ရုံ၊ ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံအသီးသီး မှ အလုပ်သမား သမဂ္ဂများ၊ ကုန်တင်ကုန်ချ အလုပ်သမားသမဂ္ဂများ စသည့်မြန်မာတစ်နိုင်ငံလုံးရှိ အ လုပ်သမားသမဂ္ဂများ တက်ရောက်ခဲ့သော်လည်း တင်ပြခွင့်မရရှိခဲ့ကြောင်း အဆိုပါအဖွဲ့များမှ ဆိုသည်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် ကဏ္ဍနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဝန်ကြီးဌာနအ နေဖြင့် ချေးငွေထုတ်ချေးခြင်းများကို ဆောင် ရွက်ပေးခဲ့ကြောင်း၊ စက်မှု ဝန်ကြီးဌာနမှ လက်ရှိခွင့်ပြုထားသည့် SME ပေါင်း ၄၆၀၀ဝကျော်ခန့်ရှိ ပြီး ချပေးသည့်ချေးငွေ ကျပ်ဘီလီယံ ၃ဝခန့်သည် SME ၄၆၀၀ဝကျော် ကို အချိုးကျခွဲဝေကြည့်မည်ဆိုပါက တစ်ဦးလျှင် အနည်းငယ်စီသာရရှိ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့သည်။

''အစိုးရအနေနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာ ကိုကြိုဆိုပါတယ်။ ဒါပေ မဲ့ SME တွေ ဖွံ့ဖြိုးတိုးတက်အောင် ချေးငွေတွေ ချေးပေး ခဲ့ပါတယ်။ ဘီ လီယံ ၃ဝလောက် ချေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက မြန်မာကျပ်ငွေ ပါ ဒေါ်လာမဟုတ်ပါဘူး။ အဲဘီလီယံ ၃ဝကို ခွင့်ပြုထားတဲ့ SME ၄၆၀၀၀ ကို အချိုးကျခွဲကြည့်ပါက ဆိတ်ပါး စပ် နှမ်းပက်သလိုပါပဲ'' ဟု ဦးမြင့်စိုး က ဆွေးနွေးပွဲတွင် ပြောသည်။

ZCH
Democracytoday
အခြေခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ ပြသနာများကို တိကျစွာနားထောင်ခြင်းမရှိဘဲ လုပ်ဆောင် နေသည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများသည် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF)မှ ဝေဖန်ပြောကြားလိုက်ပြီး အဆိုပါသုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲ ဆွေးနွေး ခဲ့သည့် (SME)လုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍကိုလည်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ဝေဖန် ထောက်ပြခဲ့ကြသည်။

ဇန်နဝါရီ ၂ဝရက်တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြု လုပ်ခဲ့သည့် အသေးစားနှင့် အလတ် စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်သမားများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်ရှင်များ၊ အလုပ်ရှင်ကိုယ်စား လှယ်များ၊ အလုပ်သမား သမဂ္ဂခေါင်း ဆောင်များ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေး နွေးပွဲများအပေါ် ထိုကဲ့သို့ ဝေဖန် ပြောကြားလိုက်ခြင်းဖြစ်သည်။

အလုပ်သမားအရေးများနှင့် ပတ်သက်၍ (MTUF) ဥက္ကဋ္ဌ ဦးအောင်လင်းက ''မြန်မာပြည်အထက် ပိုင်း စက်ရုံတွေ၊ သမဂ္ဂတွေက သူတို့ ရဲ့အခက်အခဲကို တင်ပြချင်လို့လာခဲ့ တယ်၊ တင်ပြခွင့်မရခဲ့ကြဘူး။ အလုပ်သမားတွေရဲ့ ဒုက္ခတွေကို ပြောချင်လို့ ကိုယ်စားပြုတက်လာတဲ့ အသံကို နားထောင်သင့်တယ်။ အဲ့လိုပဲ အလုပ်ရှင်တွေရဲ့အခက်အခဲကို ကျယ်ကျယ် ပြန့်ပြန့်နားထောင်သင့်တယ်။ အ လုပ်ရှင်တွေထဲမှာလဲ သူတို့ရဲ့အခက် အခဲကို ကျယ်ကျယ်ပြန့်ပြန့် ပြောချင် တဲ့သူတွေအများကြီးပဲ။ အဲလိုမှ အချိန် ပေးနားမထောင်နိုင်ရင် အလုပ်ရှင် အလုပ်သမားပြဿနာကို ဖြေရှင်းဖို့ လုံးဝမဖြစ်နိုင်ဘူး''ဟု ပြောကြားခဲ့သည်။

အလုပ်သမားများ၏အခက်အ ခဲများကို တင်ပြချင်၍ မန္တလေး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော် အစရှိသည့်နေရာများမှ တက်ရောက်ခဲ့သည့် အလုပ်သမားသမဂ္ဂများ၏အသံကို နားထောင်သင့်ကြောင်း၊ ယခုကဲ့သို့ အချိန်ပေးနားထောင်နိုင် ခြင်းမရှိဘဲ ရလဒ်မထွက်သည့် အစည်း အဝေးများ ပြုလုပ်နေခြင်းသည် နိုင်ငံ တော်ဘဏ္ဍာငွေ ဖြုန်းတီးနေခြင်း သာ ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သ မားများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေချင်ပါက အလုပ်ရှင်များ၏အသံ အလုပ် သမားများ၏အသံကို အချိန်ပေးနား ထောင်သင့်ကြောင်း ဦးအောင်လင်းက ဆိုသည်။

MTUF အဖွဲ့ဝင် ပလိပ်စက္ကူ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ဦးကျော်စိုး သန်းက''ကျွန် တော်ဆိုရင် မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ အစိုးရကနေ ပုဂ္ဂလိကကိုလွှဲ တဲ့ စက်ရုံ ၁ဝရုံကိုကိုယ်စားပြုပြီး အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ လက် ရှိဆန္ဒပြဖြစ်စဉ်တွေကို တင်ပြချင်လို့ ရောက်လာခဲ့ပေမယ့် တင်ပြခွင့်မရခဲ့ ဘူး။ ကျွန်တော်တို့ အစိုးရဝန်ထမ်း တွေက အစိုးရကနေ ပုဂ္ဂလိကကို ပြောင်းတဲ့အချိန်မှာ အလွန်ကိုဒုက္ခ ရောက်နေကြတယ်၊ အစိုးရနဲ့ ပုဂ္ဂလိ က ချုပ်ထားတဲ့စာချုပ်ကို ဘယ်စက် ရုံမှ ချမပြတဲ့အတွက် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်''ဟု ပြောသည်။

အစိုးရမှ ပုဂ္ဂလိကသို့ပြောင်းလဲသည့် စက်ရုံအတော်များများတွင် အစိုးရနှင့် ပုဂ္ဂလိက နှစ်ဖက်ချုပ်ဆို ထားသည့် စာချုပ်များကို လွှဲပြောင်းခံရသည့် ဝန်ထမ်းများ မသိရှိရသည့် အတွက် ဝန်ထမ်းအခွင့်အရေးကို လမ်းပေါ်ထွက် ဆန္ဒပြတောင်း ဆိုနေရခြင်းဖြစ်ကြောင်း ဦးကျော်စိုးသန်းက ပြောသည်။

အောက်ခြေအလုပ်သမားများ ဆန္ဒပြတောင်းဆိုနေရသည့် အကြောင်း ရင်းများကိုတင်ပြရန် ပလိပ် ချည်မျှင်နှင့် အထည်စက်ရုံ၊ ပလိပ် စက္ကူစက် ရုံ၊ မြောက်ပြင်ရွှေဝါဆပ် ပြာစက်ရုံ၊ မြောက်ပြင်ဆွာအထပ်သား စက်ရုံ၊ ရမည်းသင်းချည်မျှင်နှင့် အ ထည်စက်ရုံ၊ ရမည်းသင်းအထပ်သား စက်ရုံ၊ အုတ်ကျင်း ဂုန်နီအိတ်စက်ရုံ၊ ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံအသီးသီး မှ အလုပ်သမား သမဂ္ဂများ၊ ကုန်တင်ကုန်ချ အလုပ်သမားသမဂ္ဂများ စသည့်မြန်မာတစ်နိုင်ငံလုံးရှိ အ လုပ်သမားသမဂ္ဂများ တက်ရောက်ခဲ့သော်လည်း တင်ပြခွင့်မရရှိခဲ့ကြောင်း အဆိုပါအဖွဲ့များမှ ဆိုသည်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် ကဏ္ဍနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဝန်ကြီးဌာနအ နေဖြင့် ချေးငွေထုတ်ချေးခြင်းများကို ဆောင် ရွက်ပေးခဲ့ကြောင်း၊ စက်မှု ဝန်ကြီးဌာနမှ လက်ရှိခွင့်ပြုထားသည့် SME ပေါင်း ၄၆၀၀ဝကျော်ခန့်ရှိ ပြီး ချပေးသည့်ချေးငွေ ကျပ်ဘီလီယံ ၃ဝခန့်သည် SME ၄၆၀၀ဝကျော် ကို အချိုးကျခွဲဝေကြည့်မည်ဆိုပါက တစ်ဦးလျှင် အနည်းငယ်စီသာရရှိ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့သည်။

''အစိုးရအနေနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာ ကိုကြိုဆိုပါတယ်။ ဒါပေ မဲ့ SME တွေ ဖွံ့ဖြိုးတိုးတက်အောင် ချေးငွေတွေ ချေးပေး ခဲ့ပါတယ်။ ဘီ လီယံ ၃ဝလောက် ချေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက မြန်မာကျပ်ငွေ ပါ ဒေါ်လာမဟုတ်ပါဘူး။ အဲဘီလီယံ ၃ဝကို ခွင့်ပြုထားတဲ့ SME ၄၆၀၀၀ ကို အချိုးကျခွဲကြည့်ပါက ဆိတ်ပါး စပ် နှမ်းပက်သလိုပါပဲ'' ဟု ဦးမြင့်စိုး က ဆွေးနွေးပွဲတွင် ပြောသည်။

ZCH
Democracytoday‬

No comments:

Post a Comment