Wednesday 21 January 2015

မြန်မာနိုင်ငံတွင် တရားခံပြေးတစ်သောင်းကျော် လွတ်မြောက်လျက်ရှိ ======= တရားခံပြေးအများဆုံးတိုင်းဒေသကြီးအဖြစ် ရန်ကုန်တိုင်းဒေသကြီးက ထိပ်ဆုံးတွင်ရှိနေ စာရင်းများအရ ပဲခူး၊ မန္တလေတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့နောက်ကလိုက်နေဟုဆို

Photo: မြန်မာနိုင်ငံတွင် တရားခံပြေးတစ်သောင်းကျော် လွတ်မြောက်လျက်ရှိ
======================================

တရားခံပြေးအများဆုံးတိုင်းဒေသကြီးအဖြစ် ရန်ကုန်တိုင်းဒေသကြီးက ထိပ်ဆုံးတွင်ရှိနေ စာရင်းများအရ ပဲခူး၊ မန္တလေတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့နောက်ကလိုက်နေဟုဆို

Wednesday, January 21, 2015

ရန်ကုန်၊ ဇန်နဝါရီ ၂၀-မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီး တွင် တရားခံပြေးတစ်သောင်းကျော် (၁၁၇၀၈ဦး) လွတ်မြောက်နေကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

ဇန်နဝါရီ ၂၀ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်၏ မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး စာရင်းနှင့် တရားခံပြေးများကို ဖမ်းဆီးရမိရန် မည်သို့ဆောင်ရွက် လို ကြောင်း မေးမြန်းမှုအပေါ် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖမ်းဆီးရန် ကျန်တရားခံပြေးအရေ အတွက်မှာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၅၂၄ဦး၊ ကချင်ပြည် နယ်တွင် ၇၀၉ဦး၊ ကယားပြည် နယ်တွင် ၃၈ဦး၊ ကရင်ပြည်နယ်တွင် ၃၅၄ဦး၊ ချင်းပြည်နယ်တွင် ၂၁ဝဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၅ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၇၇ဝဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇၉ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၀၉ဦး၊ မွန်ပြည်နယ်တွင် ၇၂ဝဦး၊ ရခိုင်ပြည်နယ်တွင် ၁၁၆၁ဦး၊ ရန်ကုန် တိုင်းဒေသကြီးတွင်၂၄၃၆ဦး၊ ရှမ်းပြည်နယ်တွင် ၃၃၈ဦးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတွင် ၆၂၅ဦးစုစု ပေါင်း ၁၁၇၀၈ဦးဖမ်းဆီးရန် ကျန် ရှိလျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

''ဖမ်းဆီးရန်ကျန်ရှိတဲ့တရားခံ ပြေးများကို ဖော်ထုတ်ဖမ်းဆီးရယူ နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရေးဆွဲထားသည့်စီမံချက်များနှင့်အညီ တိုင်းဒေသကြီးနဲ့ပြည်နယ် ရဲတပ်ဖွဲ့ဝင်များရဲ့ကြီးကြပ်မှုနဲ့ ခရိုင်၊ မြို့နယ်များမှာ တရားခံပြေးဖမ်းဆီး ရေးအထူးအဖွဲ့များ ဖွဲ့စည်းပြီးတော့ ဟော့စပေါ့ဧရိယာများ သတ်မှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ လူထုများအနေနဲ့လဲ သတင်းပေး ပါ ဝင်စေခြင်းဖြင့် တရာခံပြေးများကို ပိုမိုဖမ်းဆီးနိုင်မှာဖြစ်ပါတယ်''ဟု ယင်းကပြောသည်။

''ကျွန်မတို့ အခုတလောမကြာခဏကြားနေရတဲ့ စိတ်မချမ်းမြေ့ဖွယ် ရာမှုခင်းသတင်းတွေကတော့ သက် ကြီးရွယ်အိုများကို နေအိမ်မှာတစ်ဦး တည်းရှိနေစဉ်သတ်ဖြတ်ပြီး ရွှေငွေ ပစ္စည်းတို့ကို ယူဆောင်သွားကြ တဲ့ ဖြစ်စဉ်တွေနဲ့ လူမဆန်စွာရက်ရက် စက်စက်သတ်ဖြတ်တဲ့မှုခင်းတွေကို သတင်းစာတွေထဲမှာ သတင်းတွေ ထဲမှာကြားနေရပါတယ်။ ၎င်းအပြင် လုယက်မှုနဲ့ဓားပြမှုတွေကလဲ နေရာ အနှံ့အပြားမှာဖြစ်ပွားနေကြောင်း လဲကြားသိရပါတယ်။ ဒါကြောင့် နိုင်ငံ တော်အေးချမ်းတည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ထိန်းသိမ်း ရေး၊ပြည်သူများ၏ဘဝလုံခြုံရေးနှင့် စိတ်သောကရောက်မှုနဲ့ စိုးရိမ်ပူပန် မှုများရှိနေတဲ့အတွက်ကြောင့် ဒီမေး ခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

MP, YM
Democracytoday
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးတွင် တရားခံပြေးတစ်သောင်းကျော် (၁၁၇၀၈ဦး) လွတ်မြောက် နေကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

ဇန်နဝါရီ ၂၀ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးစာရင်းနှင့် တရားခံပြေးများကို ဖမ်းဆီးရမိရန် မည်သို့ဆောင်ရွက် လို ကြောင်း မေးမြန်းမှုအပေါ် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖမ်းဆီးရန် ကျန်တရားခံပြေးအရေ အတွက်မှာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၅၂၄ဦး၊ ကချင်ပြည် နယ်တွင် ၇၀၉ဦး၊ ကယားပြည် နယ်တွင် ၃၈ဦး၊ ကရင်ပြည်နယ်တွင် ၃၅၄ဦး၊ ချင်းပြည်နယ်တွင် ၂၁ဝဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၅ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၇၇ဝဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇၉ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၀၉ဦး၊ မွန်ပြည်နယ်တွင် ၇၂ဝဦး၊ ရခိုင်ပြည်နယ်တွင် ၁၁၆၁ဦး၊ ရန်ကုန် တိုင်းဒေသကြီးတွင်၂၄၃၆ဦး၊ ရှမ်းပြည်နယ်တွင် ၃၃၈ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၆၂၅ဦးစုစု ပေါင်း ၁၁၇၀၈ဦးဖမ်းဆီးရန် ကျန်ရှိလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြား ချက် အရ သိရသည်။

''ဖမ်းဆီးရန်ကျန်ရှိတဲ့တရားခံ ပြေးများကို ဖော်ထုတ်ဖမ်းဆီးရယူ နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရေးဆွဲထားသည့်စီမံချက်များနှင့်အညီ တိုင်းဒေသကြီးနဲ့ပြည်နယ် ရဲတပ်ဖွဲ့ဝင်များရဲ့ကြီးကြပ်မှုနဲ့ ခရိုင်၊ မြို့နယ်များမှာ တရားခံပြေးဖမ်းဆီး ရေးအထူးအဖွဲ့များ ဖွဲ့စည်းပြီးတော့ ဟော့စပေါ့ဧရိယာများ သတ်မှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ လူထုများအနေနဲ့လဲ သတင်းပေး ပါ ဝင်စေခြင်းဖြင့် တရာခံပြေးများကို ပိုမိုဖမ်းဆီးနိုင်မှာဖြစ်ပါတယ်''ဟု ယင်းကပြောသည်။

''ကျွန်မတို့ အခုတလောမကြာခဏကြားနေရတဲ့ စိတ်မချမ်းမြေ့ဖွယ် ရာမှုခင်းသတင်းတွေကတော့ သက် ကြီးရွယ်အိုများကို နေအိမ်မှာတစ်ဦး တည်းရှိနေစဉ်သတ်ဖြတ်ပြီး ရွှေငွေ ပစ္စည်းတို့ကို ယူဆောင်သွားကြ တဲ့ ဖြစ်စဉ်တွေနဲ့ လူမဆန်စွာရက်ရက် စက်စက်သတ်ဖြတ်တဲ့မှုခင်းတွေကို သတင်းစာတွေထဲမှာ သတင်းတွေ ထဲမှာကြားနေရပါတယ်။ ၎င်းအပြင် လုယက်မှုနဲ့ဓားပြမှုတွေကလဲ နေရာ အနှံ့အပြားမှာဖြစ်ပွားနေကြောင်း လဲကြားသိရပါတယ်။ ဒါကြောင့် နိုင်ငံ တော်အေးချမ်းတည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ထိန်းသိမ်း ရေး၊ပြည်သူများ၏ဘဝလုံခြုံရေးနှင့် စိတ်သောကရောက်မှုနဲ့ စိုးရိမ်ပူပန် မှုများရှိနေတဲ့အတွက်ကြောင့် ဒီမေး ခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

MP, YM
‎Democracytoday‬

No comments:

Post a Comment