Wednesday 21 January 2015

ဒီကေဘီအေမှ ပြန်လည်ခန့်အပ်လျှင် တာဝန်ထမ်းဆောင်ရန်အသင့်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ပြော

ဒီကေဘီအေမှ မိမိအားထုတ်ပယ်မှုအပေါ်တွင် အထက်လူကြီးများ၏ သဘောထားကို နားလည်ပြီး စစ်တပ် တိုင်း၌ ဖြစ်တတ်သည့်သဘောမျိုးဖြစ်သောကြောင့် မိမိအား တာဝန်ပေးအပ်ပါက ပြန်လည်ထမ်းဆောင်ရန် အသင့်ရှိသည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

ကော်သူးလေတွင် တာဝန် ထမ်းဆောင်နေသည်ဟုဆိုသော ဗျူဟာမှူးဗိုလ်မှူးကြီးစောဆန်း အောင်သည် ယခင် ဒီကေဘီအေတွင် တာဝန်ထမ်းစဉ် မြန်မာ့တပ်မ တော်နှင့် တိုက်ပွဲဖြစ်ပြီးနောက် ဒီကေဘီအေ တပ်မှ ၂၀၁၄ အောက်တိုဘာ၌ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

‘‘ကျွန်တော့်ကို အစိုးရ စစ် တပ်နဲ့ နယ်ခြားစောင့်တပ်တွေက လိုက်တိုက်နေတယ်။ ကျွန်တော် တို့ တပ်ဖွဲ့ တွေက ဘယ်သူ့ကိုမှ စမပစ်ပါဘူး။ ကျွန်တော်တို့ကို စပစ်ရင်တော့ ပြန်ပစ်မှာပဲ။ တကယ်ငြိမ်းချမ်းရေး ယူချင်တယ် ဆိုရင်တော့ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကိုသာတူညီမျှတဲ့ အခွင့်အရေးပေးသင့်တယ်’’ ဟု ဗိုလ်မှူးကြီးစောဆန်းအောင် က ဆိုသည်။

မိမိတို့အနေဖြင့် မည်သည့်တပ်ဖွဲ့ကိုမျှ စတင်တိုက်ခြင်း မရှိကြောင်း ဒေသခံ ပြည်သူများ ထောက်ပံ့မှုနှင့် မိမိတို့တပ် ရပ်တည်နေပြီး ပြည်သူများကို ကျေးဇူးဆပ်ရမည်ဟု ကော်သူးလေ တပ်မတော်တွင် တာဝန် ထမ်းဆောင်နေသော ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

‘‘အစိုးရတပ်တွေ လိုက် တိုက်နေတော့ ကျွန်တော်က သမီးကလေးကျေးရွာက လူတွေကို ကူညီနေတာရယ်၊ နောက်တစ်ခုက လက်ပံတောင်းမှာသွားပြီး ပိုက်ဆံတွေ ကူညီတယ်ဆိုပြီး တိုက်တယ်လို့ ထင်တယ်။ အမှန်က အစိုးရမလုပ်နိုင်တဲ့ ကိစ္စတွေကို ကျွန်တော်က ၀ိုင်းကူလုပ်တဲ့သဘောပါပဲ’’ ဟု ၎င်းက ဆိုသည်။

ဒီကေဘီအေတပ်ကမူ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ယင်းတို့တပ်မှ ထုတ်ပယ်ထားပြီးဖြစ် သကဲ့သို့ ၎င်း၏ ရှင်းလင်းချက်မှာ ဒီကေဘီအေနှင့် သက်ဆိုင်ခြင်းမရှိဟုသိရပြီး ကော်သူးလေတပ်မတော်ကို ယခင်နှစ်တွင် KNLA, DKBA, KNDO , KNU အဖွဲ့ များမှ ခေါင်းဆောင်အချို့က လက်မှတ်ထိုးကာ ထုတ်ပြန်ထားသော တပ်ဖွဲ့ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day DAILY 

No comments:

Post a Comment