Wednesday 21 January 2015

အမျိုးသားပညာရေးဥပဒေ အလိုမရှိကြောင်း မုံရွာတက္ကသိုလ်ကျောင်းတွင်း ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်သုံး၍ ဟောပြောသဖြင့် ဒုပါချုပ် တားမြစ်

Photo: အမျိုးသားပညာရေးဥပဒေ အလိုမရှိကြောင်း မုံရွာတက္ကသိုလ်ကျောင်းတွင်း
ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်သုံး၍ ဟောပြောသဖြင့် ဒုပါချုပ် တားမြစ်
Wednesday, January 21, 2015

ပြည်သူ့လွှတ် တော်မှ အတည်ပြုထားသော အမျိုး သားပညာရေးဥပဒေအား အလိုမရှိ ကြောင်း ကျောင်းသားကျောင်းသူ ၃ဝခန့်က မုံရွာတက္ကသိုလ်ကျောင်း တွင်းစာသင်ဆောင်များသို့ လှည့်လည် ဟောပြောရာ အသံချဲ့စက်သုံးသဖြင့် တက္ကသိုလ်ဒုပါမောက္ခချုပ် ဒေါက် တာကျော်ထွန်း ခေါင်းဆောင်သော အုပ်ချုပ်ရေးပိုင်းမှ ဆရာ၊ ဆရာမများ က တားမြစ်ခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ ကြမ်းနှင့်ပတ်သက်၍ ကျောင်းသား များဖွဲ့စည်းထားသော ဒီမိုကရေစီ ပညာရေးလှုပ်ရှားဦးဆောင်မှုကော် မတီ၊ လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ NNER တို့ လေးပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေးရန် အစိုးရသို့ သပိတ်မှောက်ကျောင်းသားများက ရက် ၆ဝ အချိန်ပေးတောင်းဆိုခဲ့ရာလိုက်လျောမှုမရှိသဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ ကျောင်းသားထုချီတက် ပွဲပြုလုပ်ကြခြင်းကို ထောက်ခံသော အားဖြင့် မုံရွာမြို့မှ ကျောင်းသား များသည် ဇန်နဝါရီ ၂ဝရက် နံနက် ပိုင်းက မြို့ပေါ်ကျောင်းများတွင် လှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

''အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်ဖို့ ကျောင်းသား ထုအားလုံးညီရင်ရပါတယ်၊ ပညာ ရေးမူကြမ်းမှာတောင် သမဂ္ဂဆိုတဲ့ စကားလုံးတောင် မထည့်သွင်းရဲတဲ့ အထိကြောက်နေတယ်''ဟု ဆန္ဒပြ ကျောင်းသား ကိုစည်သူထွန်းက ပြော သည်။

၎င်းတို့သည် ဘူမိဗေဒဌာန သုံးထပ်စာသင်ဆောင်ရှေ့တွင် ဟော ပြောစဉ် ဓာတုဗေဒဌာနပါမောက္ခ ဒေါ်ခင်စန်းနွယ် ရောက်ရှိလာပြီး အသံ ချဲ့စက်ဖြင့်ဟောပြောခြင်းကို တားမြစ် စဉ် ဒုပါချုပ်နှင့်မော်ကွန်းထိန်းဆရာ မတို့ ထပ်မံရောက်လာပြီး စာသင်နေ သော ကျောင်းသားများအား ထိခိုက် မည် စိုးသောကြောင် အသံချဲ့စက် မသုံး ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ဒုတိယပါမောက္ခချုပ် ဒေါက် တာကျော်ထွန်းက ''ဘာမှကြိုတင် ပြောမထားဘူး၊ လာပြောရင်၊ လာညှိ ရင်နေရာသတ်မှတ်ပြီး ပြောခွင့်ပေး မယ်၊ ခုဟာစာသင်ဆောင်တွေရှေ့လာ အော်တော့ စာသင်နေတဲ့ကျောင်း သားတစ်သောင်းကျော်ရှိတယ်၊ သမဂ္ဂ ဆိုပြီးစည်းကမ်းမရှိလုပ်လို့မရဘူး၊ ဒီမိုကရေစီနည်းကျဆိုရင်စာသင်ချင် တဲ့ ကလေးတွေမှာလဲ စာသင်ဖို့အခွင့် အရေးရှိတယ်၊ ကြိုက်တဲ့သူ လာနား ထောင်လိမ့်မယ်ပေါ့၊ အရေးယူဖို့ မဟုတ်ဘူး၊ ညှိနှိုင်းဖို့ပါပဲ'' ဟု မီဒီယာ များသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သူကျောင်းသား များသည် မုံရွာမြို့ပေါ်ရှိ မုံရွာတက္က သိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်များသို့လည်း သွား ရောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ် ကြောင်း သိရသည်။

KTS
Yangon Media Group
ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း ကျောင်းသား ကျောင်းသူ ၃ဝခန့်က မုံရွာတက္ကသိုလ်ကျောင်း တွင်းစာသင်ဆောင်များသို့ လှည့်လည် ဟောပြောရာ အသံချဲ့စက်သုံးသဖြင့် တက္ကသိုလ်ဒုပါမောက္ခချုပ် ဒေါက် တာကျော်ထွန်း ခေါင်းဆောင်သော အုပ်ချုပ်ရေး ပိုင်းမှ ဆရာ၊ ဆရာမများ က တားမြစ်ခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ ကြမ်းနှင့်ပတ်သက်၍ ကျောင်းသား များဖွဲ့စည်းထားသော ဒီမိုကရေစီ ပညာရေး လှုပ်ရှားဦးဆောင်မှုကော် မတီ၊ လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ NNER တို့ လေးပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေးရန် အစိုးရသို့ သပိတ်မှောက်ကျောင်းသားများက ရက် ၆ဝ အချိန်ပေးတောင်းဆိုခဲ့ရာ လိုက်လျောမှု မရှိသဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ ကျောင်းသားထုချီတက် ပွဲပြုလုပ်ကြခြင်းကို ထောက်ခံ သော အားဖြင့် မုံရွာမြို့မှ ကျောင်းသား များသည် ဇန်နဝါရီ ၂ဝရက် နံနက် ပိုင်းက မြို့ပေါ်ကျောင်းများတွင် လှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

''အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်ဖို့ ကျောင်းသား ထုအားလုံးညီရင်ရပါတယ်၊ ပညာ ရေးမူကြမ်းမှာတောင် သမဂ္ဂဆိုတဲ့ စကားလုံးတောင် မထည့်သွင်းရဲတဲ့ အထိကြောက်နေတယ်''ဟု ဆန္ဒပြ ကျောင်းသား ကိုစည်သူထွန်းက ပြော သည်။

၎င်းတို့သည် ဘူမိဗေဒဌာန သုံးထပ်စာသင်ဆောင်ရှေ့တွင် ဟော ပြောစဉ် ဓာတုဗေဒဌာနပါမောက္ခ ဒေါ်ခင်စန်းနွယ် ရောက်ရှိလာပြီး အသံ ချဲ့စက်ဖြင့်ဟောပြောခြင်းကို တားမြစ် စဉ် ဒုပါချုပ်နှင့်မော်ကွန်းထိန်း ဆရာ မတို့ ထပ်မံရောက်လာပြီး စာသင်နေ သော ကျောင်းသားများအား ထိခိုက် မည် စိုးသောကြောင် အသံ ချဲ့စက် မသုံး ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ဒုတိယပါမောက္ခချုပ် ဒေါက် တာကျော်ထွန်းက ''ဘာမှကြိုတင် ပြောမထားဘူး၊ လာပြောရင်၊ လာညှိရင် နေရာ သတ်မှတ်ပြီး ပြောခွင့်ပေး မယ်၊ ခုဟာစာသင်ဆောင်တွေရှေ့လာ အော်တော့ စာသင်နေတဲ့ကျောင်း သားတစ်သောင်းကျော်ရှိတယ်၊ သမဂ္ဂ ဆိုပြီးစည်းကမ်းမရှိလုပ်လို့မရဘူး၊ ဒီမိုကရေစီနည်းကျဆိုရင် စာသင် ချင် တဲ့ ကလေးတွေမှာလဲ စာသင်ဖို့အခွင့် အရေးရှိတယ်၊ ကြိုက်တဲ့သူ လာနား ထောင်လိမ့်မယ်ပေါ့၊ အရေး ယူဖို့ မဟုတ်ဘူး၊ ညှိနှိုင်းဖို့ပါပဲ'' ဟု မီဒီယာ များသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သူကျောင်းသား များသည် မုံရွာမြို့ပေါ်ရှိ မုံရွာတက္က သိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များသို့လည်း သွား ရောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ် ကြောင်း သိရသည်။

KTS
Yangon Media Group 

No comments:

Post a Comment