Wednesday 21 January 2015

ဓာတုလက်နက်ဖျက်သိမ်းရေးသဘောတူ စာချုပ်အဖွဲ့သို့ မြန်မာအတည်ပြု ၀င်ရောက်မည်

ဓာတုလက်နက်များ ထုတ်လုပ်သိုလှောင်ခြင်းဆိုင်ရာ ဖျက်သိမ်းရေး သဘောတူစာချုပ်အဖွဲ့သို့ အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံ အတည်ပြုဝင်ရောက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၀ ရက်က ပြုလုပ်သော (၁၂) ကြိမ်မြောက် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါ စာချုပ်အဖွဲ့သို့ဝင်ရောက်ရေး လွှတ်တော်က သဘောတူ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

‘‘စာချုပ်ရဲ့ အဓိကရည်ရွယ်ချုက်ဟာ အဖွဲ့ဝင်နိုင်ငံများကအစုလိုက်၊ အပြုံလိုက်သေကျေ ပျက်စီးစေတဲ့ လက်နက်များ လုံးဝချုပ်ငြိမ်းရေး အပါအ၀င် အထွေထွေနဲ့ လုံးဝလက်နက်ဖျက်သိမ်းရေး ဦးတည် ဆောင် ရွက်သွားရန် ဖြစ်ပါတယ်’’ ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတု လက်နက်များ ထုတ်လုပ်သို လှောင်ခြင်းဆိုင်ရာ ဖျက်သိမ်းရေး သဘောတူ စာချုပ်ကို ၁၉၉၃ တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အချိန်ထိ အတည်ပြုဝင်ရောက်ခြင်းမရှိခဲ့ပေ။

ထိုကဲ့သို့ အဖွဲ့ဝင်နိုင်ငံအ ဖြစ်ဝင်ရောက်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် မလိုလားအပ်သော စွပ်စွဲပြောဆို ချက်များ ပပျောက်စေနိုင်ခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုတွင် စာချုပ်များ၊ ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကာ ကုန်သွယ်မှုအကျိုးစီးပွားများကို အပြုသဘောဖော်ဆောင်ပေးခြင်းစသည့် အကျိုးကျေးဇူး များ ရရှိမည်ဟု ၎င်းကဆိုသည်။ အဆိုပါ စာချုပ်ကို အ ကောင်အထည်ဖော်ဆောင်ရာတွင် တည်ဆဲ၊ ပြည်တွင်းဥပဒေများကို စာချုပ်နှင့် လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့် စာချုပ်ဆိုင်ရာ အမျိုးသားအဖွဲ့ အစည်းများ ဆောင်ရွက်ရမည် ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်းနှင့် ဆက်စပ်အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၃ တွင် ပြဋ္ဌာန်းပြီးဖြစ်သည်။

စာချုပ်အရ မည်သည့်အ ကြောင်းကြောင့်ဖြစ်စေ၊ ဓာတု လက်နက်ကို တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရယူ ခြင်း၊ စုပုံခြင်း၊ သိုလှောင်ခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှက်၍ဖြစ်စေ မည်သူ့ကို မဆို လွှဲပြောင်း၊ ပေး အပ်ခြင်း၊ လက်နက်အဖြစ် အသုံးပြုခြင်း အလို့ငှာအသုံးပြုရန်ပြင်ဆင်ခြင်း၊ တားမြစ်ချက်များကို ကျော်လွန် ကြိုးပမ်းသော မည်သူ့ကိုမဆို အားပေးကူညီခြင်း မပြုရန် တားမြစ်ထားကြောင်း ဦးတင်ဦးလွင်ကဆိုသည်။

ယင်းစာချုပ်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် နိုင်ငံပေါင်း ၁၉၀ ပါ ၀င် လက်မှတ်ရေးထိုးထားကာ လက်မှတ် ရေးထိုးပြီး အတည်ပြု ၀င်ရောက်ခြင်း မရှိသေးသော နိုင်ငံမှာ မြန်မာနှင့် အစ္စရေးတို့ဖြစ်ကာ လုံးဝလက်မှတ် ရေးထိုး ထားခြင်း မရှိသော နိုင်ငံများမှာ အင်ဂိုလာ၊ အီဂျစ်၊ တောင်ဆူဒန် နှင့် ကိုရီးယားပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ (မြောက်ကိုရီး ယား)တို့ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment