Wednesday 21 January 2015

မြန်မာပြည်ဖြတ် တရုတ်ရေနံပိုက်လိုင်း ဇန်နဝါရီလကုန်တွင် ဖွင့်မည်


တရုတ်သို့ ပို့သည့် ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းတို့ကို ဇန်နဝါရီလကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းမှာ တရုတ်ပြည်၏ သွင်းကုန်များကို မြန်မာနိုင်ငံမှတစ်ဆင့် သယ်ယူရန်ဖြစ်သည်။ သို့ရာ တွင် တရုတ်ပြည်၌တည်ဆောက်နေသည့် ရေနံချက်စက်ရုံမှာ ပြီးစီးရန် လများစွာလိုသေးသည်ဟုဆိုသည်။

ပိုက်လိုင်းသွယ်တန်းရယူခြင်း လုပ်ငန်းစတင်ကာ တရုတ်၏မလက်ကာ ရေ လက်ကြားဖြတ်၍ သင်္ဘော ဖြင့် စွန့်စားသယ်ယူနေရမှုများကို လျော့ပါးစေ မည်ဖြစ်သည်။ ယခုအ ခါ တရုတ်၏ နိုင်ငံခြားမှ တင်သွင်းသည့် ရေနံများ၏ ၈၀ ရာခိုင်နှုန်းကို မလက် ကာမှ ဖြတ်၍ သယ်နေရဆဲဖြစ်သည်။

မြန်မာ့ရေနံပိုက်လိုင်း တည် ဆောက်သည့် ပက်ထရိုချိုင်းနားက ယူနန်ပြည် နယ်၌ ရေနံချက်စက်ရုံ တည်ဆောက်မှု ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟုဆိုသည်။

အဆိုပါ စက်ရုံမှာ မြန်မာပြည်ဖြတ်ပိုက်လိုင်းမှ တင်ပို့သည့် ရေနံများ ချက်လုပ်ရန်ဖြစ် ကြောင်း အစိုးရပိုင်စွမ်းအင်လုပ်ငန်းမှ ပြောရေးဆိုခွင့်ရသူ ကဆိုသည်။ စက်ရုံမှာ ယခုနှစ်နောက်ပိုင်းမှ ပြီးမည်ဟု ဆိုသည်။

တစ်နေ့လျှင် ရေနံစည် ၂၀၀၀၀၀ ချက်နိုင်သည့် စက်ရုံဖွင့်မည်။ ပိုက် လိုင်းအသစ်က တရုတ်သို့ ရေနံများ နေ့စဉ်ပေးပို့မည်။ ပေးပို့နိုင်မှုမှာ တစ် နေ့လျှင် စည် ၄၄၀၀၀၀ ဖြစ်သည်။

တရုတ်အမျိုးသား ရေနံကော်ပို ရေးရှင်း (CNPC) ၏ လက်အောက်ခံ အရှေ့တောင်အာရှပိုက်လိုင်း ကုမ္ပဏီ က ဤပိုက်လိုင်းတည်ဆောက်မှုကို ကြီးကြပ်သည်။ ယခုလကုန်၌ ကီလို မီတာ ၂၄၀၀ (မိုင် ၁၅၀၀) ရှိ ပိုက် လိုင်းကို ဖွင့်လှစ်မည်ဟုဆိုသည်။ ဤ ဖွင့်ပွဲကို မြန်မာစွမ်းအင်အာဏာပိုင်များက အတည်ပြုခဲ့သည်။ အားလုံး အဆင်သင့်ဖြစ်နေပြီး ဇန်နဝါရီ ၃၀ရက် ကို ပြင်ဆင်ထားသည်ဟုဆိုသည်။ ရေနံချက် စက်မဖွင့်မီ ရေနံစိမ်းများကို ဂွန်ရှီဒေသရှိ ရေနံလှောင်ကန်များ၌ သို လှောင်ထားမည်။ မြန်မာနိုင်ငံ၌ လည်း ရေနံလှောင်ကန်များ တည်ဆောက် သွားမည်ဟု CNPC က ဆိုသည်။ ၂၀၁၃ ခုနှစ်က ဖွင့်ခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်းက ယခုနှစ်တွင် ဓာတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၈ရ ဘီလီယံပို့ပေးခဲ့ကြောင်း သိရသည်။


Ref : Reuters

No comments:

Post a Comment