Wednesday 21 January 2015

ပဲဆီ အတုများ ပေါ်နေ သော်လည်း ထိရောက်စွာ စစ်ဆေးမှု မရှိသေး

ပြည်တွင်း ဈေးကွက်တွင် ပဲဆီ အတုများ ထွက်ပေါ်နေ သော်လည်း ထိရောက်စွာ စစ်ဆေးမှုများ မရှိသေးကြောင်း မန္တလေး တိုင်းဒေသကြီး၊ ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စုံစမ်း သိရသည်။ ပြည်တွင်းမှာ ပဲဆီ အတုတွေပေါ် နေပြီ။ စားအုန်းဆီ ထဲကို ပဲဆီအနံ့ ထည့်ပြီး ရောင်းနေတာ။ ပဲဆီ အတုနဲ့ အစစ်ကို အနံ့နဲ့ ခွဲကြည့် ရုံနဲ့ သိနိုင်တယ် ဟု မန္တလေးတိုင်းဒေသကြီး၊ ဆီကုန်သည် များနှင့် ဆီ လုပ်ငန်းရှင်များ အသင်းမှ ဦးသန်းလွင်က ပြောသည်။

ပဲဆီ စားသုံးရာ တွင်လည်း စားအုန်းဆီထဲတွင် အနံ့ထည့် ထားသော ပဲဆီ အတု ကိုသာ လူသုံးများ နေပြီး ပဲဆီအတု ပေါ်ခြင်းမှာ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အရေးယူ ဆောင်ရွက် နိုင်ခြင်း မရှိသေးကြောင်း ဦးသန်းလွင်က ဆိုသည်။ ဆီနဲ့ ပတ်သက်လို့ မန္တလေး မှာတော့ မစစ်ဆေးဖူး သေးဘူး။ စစ်ဆေးဖို့ အတွက်လည်း နမူနာတွေ ယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်ဖို့ ဓာတ်ခွဲခန်း အခက်အခဲရှိ နေတယ်။ အဲဒီ အတွက်ကြောင့် ဆီကုန်သည်တွေ အနေနဲ့ ဆီအတု လုပ်တာမျိုး တွေကို သိရင် တိတိကျကျ သတင်းပေးပါ။ သတင်းပေးတဲ့ သူကို ထုတ်ဖော် မပြောပါဘူး။ တိတိကျကျ သတင်း ရရင် စားသုံးသူ ကာကွယ်ရေး ဥပဒေ အရ ဆောင်ရွက် သွားမယ်။ ဒါ့အပြင် ဆီနဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် စစ်ဆေးဖို့ လက်ရှိမှာ စီစဉ် နေပါတယ် ဟု မန္တလေးတိုင်း ဒေသကြီး၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောသည်။ပြည်တွင်းတွင် ပဲဆီကုန် အမှတ် တံဆိပ် (၂၀) ကျော်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment