Wednesday 21 January 2015

နုနယ်သည့်မြန်မာတွင် အားကောင်းသောစစ်တပ်ရှိရန်လိုဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် လွှတ်တော် တွင်းမှ စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချရန် အဆင်သင့်မဖြစ်သေး ကြောင်း မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က စင်ကာပူ အခြေ စိုက်ချန်နယ်နယူးစ်အေးရှားရုပ် သံနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားလိုက်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အတွင်း စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်း မရှိမဖြစ်ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်သောအမတ် ၇၅ ရာခိုင်နှုန်းမှာ အခြေခံဥပဒေ ပါသည့် မည်သည့်အချက်ကိုမဆို ပြင်ဆင်လိုသည်ဖြစ်စေ စစ်တပ် က တစ်ချက်လွှတ်အာဏာဖြင့် အတည်ပြုမှသာ လုပ်ဆောင်နိုင် သည်။
မြန်မာအတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများနှင့် အတူ ၂၀၁၅ နှစ်ကုန်ပိုင်း၌ ကျင်းပ မည့်ရွေးကောက်ပွဲမတိုင်မီ အခြေ ခံဥပဒေပြင်ဆင်ရန် တောင်းဆို နေသည်။

သို့ရာတွင် သမ္မတလောင်း ဟု အလားအလာရှိသော စစ် တပ်၏ ဩဇာအရှိဆုံးကာကွယ် ရေးဦးစီးချုပ်၏ ယခုလိုပြောကြား ချက်အရ စစ်တပ်အနေဖြင့် နိုင်ငံ ကိုချုပ်ကိုင်ထားခြင်းမှ ဖြေလျှော့ပေးပါ့မလားဆိုသည့် သံသယ များ ပို၍အားကောင်းလာပါ သည်။
‘‘အခုမှ လေးနှစ်ပဲရှိပါသေး တယ်။ ကျွန်တော်တို့ ဒီမိုကရေစီ က နုနယ်ပါသေးတယ်။ ကျွန် တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေ စီစနစ်ကိုသွားတဲ့နေရာမှာ အား ကောင်းတဲ့စနစ်ဖြစ်ဖို့လိုပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။
အခြေခံဥပဒေပါပုဒ်မ ၄၃၆ ကို မကြာတော့မည့်အနာဂတ် တွင် ပြင်ဆင်ရေးသည်လည်း ဖြည်းနှေးနေဦးမည့်ပုံစံ ၎င်းက ပြောကြားခဲ့သည်။
‘‘အဲဒါကတော့ တိုင်းပြည်ရဲ့ ညီညွတ်မှုငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးအပေါ်မူတည်ပါတယ်။ အချိန်အတိအကျပြောဖို့ခက်ပါ တယ်’’ဟု ၎င်းကဆိုသည်။
မြန်မာအစိုးရတပ်များနှင့် လူမျိုးစုံတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြားက အပစ် အခတ်ရပ်စဲရေးအလားအလာကို မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအုပ်စု များအနေဖြင့် ပြည်တွင်းစစ်ပွဲပြီး ဆုံးရန် အပြည့်အဝကတိပေးခြင်း ရှိချင်မှရှိမည်ဟု ဆိုပါသည်။
‘‘အဲဒါကတော့ လက်နက် ကိုင်တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာမူတည်တယ်။ သူတို့ တကယ်ငြိမ်းချမ်းရေးရချင်လား။ ဒါဆို ကျွန်တော်တို့က မငြင်းပါ ဘူး။ အခုလို အငြင်းပွားတာတွေ က တိုင်းပြည်တိုးတက်ရေးကို အဟန့်အတားဖြစ်စေပါတယ်’’
ယခုအချိန်တွင် အသက် (၅၉)နှစ်ရှိနေပြီဖြစ်သော သမ္မတ လောင်းရွေးချယ်ခံမည့်သူဟု နာမည်ထွက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ ၎င်းအနားယူမည့် အသက် (၆၀) အချိန် အနာဂတ်မှာ မြန်မာနိုင်ငံ ရေးကို ဝင်ရောက်မည်ဆိုသည်နှင့် ပတ်သက်၍ စဉ်းစားဦးမည်ဟု ဆိုပါသည်။
‘‘သမ္မတလုပ်ဖို့အတွက် အခြေအနေ အချိန်အခါပေါ်မူ တည်ပြီး ကျွန်တော်ဆုံးဖြတ်မှာပါ။ အခုအချိန်မှာ နိုင်ငံရေးကို စိတ် ဝင်စားရင် ကျွန်တော်လုပ်နေတဲ့ အလုပ်တွေအားနည်းလိမ့်မယ်။ အခုအချိန်မှာတော့ ဆုံးဖြတ်ဖို့နဲ့ ပြောပြဖို့ အရမ်းစောလွန်းနေပါ သေးတယ်’’
မြန်မာနိုင်ငံသည် အနှစ် ငါးဆယ်ကြာအောင် စစ်အစိုးရ၏ အုပ်ချုပ်ခံခဲ့ရပြီး ၂၀၁၁ မတ်လ မှစတင်၍ ဦးသိန်းစိန်ဦးဆောင် သည့် အရပ်သားအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
(The Diplimat စာစောင်ပါ 'Young'Myanmar Still Needs Strong Military Role, Says Army Chief ကို ထားထားမြင့် ဘာသာပြန်ဆိုသည်။
7Day Daily

No comments:

Post a Comment