Wednesday 21 January 2015

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု တပ်မတော်က မဟုတ်နိုင်ဟု ဒေသခံများမှယူဆ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကြူကုတ်မြို့နယ်ခွဲ၊ နမ့်တောင်းကျေး ရွာနှင့်မုံးပေါ်ကျေးရွာကြားရှိ ကောင်းခါး ကျေးရွာခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်း နေထိုင်သော စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး ဇန်န၀ါရီ ၁၉ ရက် နေ့၌ သတ်ဖြတ်ခံရမှုတွင် အွန်လိုင်းပေါ်၌ စွပ်စွဲရေး သားနေသော တပ်မတော် သားများ ပါဝင်ပတ်သက်မှု သတင်းမှာ မဟုတ် မှန်နိုင်ကြောင်း ယင်းဒေသခံများမှ ယူဆလျက်ရှိကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြူကုတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကျော်၊ မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မင်းထွဋ်၊ မူဆယ် ကချင်နှစ်ခြင်း အသင်းတော်မှ ဓမ္မဆရာ ဦးနော်တောင်၊ မုံးပေါ် ပြည်သူ့စစ် အဖွဲ့နှင့် ဦးအောင်ဂျာ၊ မုံးပေါ်ကျေးရွာ ဆယ်အိမ်ခေါင်း ဦးမာလတို့ ပါဝင်လျက် မုံးပေါ်အခြေပြု နည်းဗျူဟာမှူးမှ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် မြေပြင်သွားရောက်စစ်ဆေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

``အခင်းဖြစ်တဲ့ အိမ်ရဲ့ တောင်ဘက် ပေ ၃၀ လောက်အကွာမှာ ထင်းပုံတစ်ပုံ ရှိတယ်။ ဆရာမတွေကို သတ်တဲ့နေရာ မှာ ထင်းချောင်း တစ်ချောင်း တွေ့ တဲ့အတွက် ထင်းပုံနားကို စစ်ဆေးတဲ့အခါ ဖိနပ်ရာတွေ တွေ့တယ်။ ဖိနပ်ရာတွေကို သေချာ စစ်ဆေးကြည့်တော့ တောစီးဖိနပ်နဲ့ တရုတ်ကင်း ဘတ်ဖိနပ်တွေ မဟုတ်ဘဲ Aerosoft ကွင်းထိုးစီးဖိနပ်ရာ ဖြစ်နေတယ်´´ ဟု ယင်းဒေသခံ ဦးမရန်ဘောက်က ပြောသည်။

အခင်းဖြစ်ပွားရာ နေအိမ်သည့်ကောင်းခါးရွာနှင့် အနည်းငယ်အ လှမ်းဝေးသောကြောင့် ရွာထဲတွင် အခြေပြု နေထိုင်သော တပ်မတော်စစ်ကြောင်းမှ အရာရှိ၊ စစ်သည်များအနေဖြင့် ယင်းနေရာသို့ လာရန်မဖြစ်နိုင် ကြောင်း၊ အရာရှိ၊ စစ်သည် များသည် တောစီးဖိနပ်နှင့် တရုတ်ကင်းဘတ်ဖိနပ်များကို စီးသဖြင့် တွေ့ရှိသော ဖိနပ်ရာမှာ Aerosoft ကွင်းထိုးစီး ဖိနပ် ဖြစ်နေခြင်းကြောင့် တပ်မတော်သားများ ပါဝင် ပတ်သက်မှု မရှိနိုင်ကြောင်း ယင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင် သော ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့ သည်။

``အခင်းဖြစ်တဲ့နေရာကို စစ်ဆေးကြည့်တော့ အိမ်တံခါးက အကောင်းကြီး ရှိနေတယ်၊ အဲဒီတံခါးကို အတွင်းကနေ ကလန့်နဲ့ ပိတ်ထားတာဖြစ်တဲ့အတွက် အပြင်ကနေ ဖွင့်လို့မရဘူး၊ အထဲက ဖွင့်ပေးမှရမှာ၊ ဆရာမတွေဆီကို လာတဲ့လူ ဟာ သူတို့နဲ့ ရင်းနှီးပြီးသားလူဖြစ်မှာပါ၊ ဒါ့ကြောင့် သူတို့ကိုယ်တိုင် အထဲကနေ ဖွင့်ပေးလိုက်တာဖြစ်မှာပါ၊ တကယ်လို့ တပ်မတော်သားတွေသာ အဖွဲ့လိုက်လာရင် အပြင်ကနေ တံခါးကို ရိုက်ဖွင့်မှာပေါ့။ ပြီးတော့ ဆရာမတွေကလည်း သူတို့နဲ့ မသိတဲ့ တပ်မတော်သားတွေကို မြင်တာ နဲ့ အော်မှာပေါ၊ ဒ့ါကြောင့် တပ်မတော်က မဖြစ်ဘူးလို့ ပြောနိုင်တာပါ´´ ဟု မုံးပေါ် ပြည်သူ့စစ်အဖွဲ့မှ ဦးအောင်ဂျာက ရှင်းလင်းပြောပြသည်။

အဆိုပါဖြစ်စဉ်နှင့် ဆက်စပ်နေသော ထင်းပုံအနီးတွင်တွေ့ရှိရသည့် ခြေရာ၏ လားရာအရပ်မှာ တပ်မတော် စစ်ကြောင်း အခြေပြုနေသည့် ရွာဘက်မှ လာခြင်းမဟုတ်ဘဲ လျှိုအတွင်း ပြောင်းခင်းဘက်မှ တက်လာ သည်ကို တွေ့ ရှိရသဖြင့် နယ်မြေခံတစ်ယောက်သာဖြစ်နိုင်ကြောင်း မုံးပေါ်ကျေးရွာမှ အုပ်ချုပ်အဖွဲ့ဝင် ဦးမာလက ပြောသည်။

``သေဆုံးသူဆရာမ မရန်ဘောင်ရန်ခေါန်နောင်ဆန်ရဲ့ လက်ထဲမှာတွေ့တဲ့ ဆံပင်တွေက အရှည်တစ်ထွာ ကျော် လောက်ရှိတယ်၊ ရွာထဲကို မနေ့တစ်နေ့ကမှ ရောက်လာတဲ့ တပ်မတော်စစ်ကြောင်း ကလည်း ရှေ့တန်းထွက်လာတာ မကြာသေးဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် စစ်သည်တွေရဲ့ ဆံပင်တွေက အဲ့ဒီ လောက် မရှည် နိုင်သေးပါဘူး၊ အလွန်ဆုံး ရှိမှ စစ်သည်တွေရဲ့ ဆံပင်ဟာ ၃ လက်မ ထက် ပိုမရှည်နိုင်ပါ ဘူး။ ရွာထဲမှာ ရှိနေသေးတဲ့ စစ်ကြောင်းက စစ်သည်တွေ ကို လက်တွေ့သွားကြည့်တော့လည်း အဲဒီ အတိုင်း မြင်ရတယ်၊ ၃ လက်မထက် ရှည်တဲ့ဆံပင် ဘယ်စစ်သည်မှာမှ မတွေ့ ရပါဘူး။ ဒါ့ကြောင့် ဆရာမ နှစ်ဦးကို သတ်တဲ့အမှုမှာ စစ်သည်တွေ ပါဝင်ပတ်သက်မှု မရှိသလို ဖြစ်လည်းမဖြစ်နိုင်ဘူးလို့ ပြောနိုင် ပါတယ်´´ ဟု ကောင်းခါးကျေးရွာနေ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယင်းစစ်ဆေးတွေ့ရှိချက်များရ ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှုတွင် KIA အဖွဲ့ အား ထောက်ခံပေး နေသော Facebok Account များမှ စွပ်စွဲရေး သားနေသော တပ်မတော်သားများမှ သတ်ဖြတ်ခြင်းမှာ မဟုတ်နိုင်ကြောင်း၊ ကောင်း ခါးကျေးရွာသို့ ရောက်ရှိလာသော တပ်ရင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များမှ စစ် ဆေးနေပြီး ယင်းအမှုမှန် မပေါ်မချင်း လက်ရှိနေရာ၌ ဆက်လက်နေုထိုင်ရန် ညွှန်ကြားထားမှု ရှိကြောင်းနှင့် သိမ်းဆည်းရမိသော ဆံပင်များအား DNA စစ်ဆေးပြီးပါက တရားခံအား ဖော်ထုတ် အရေးယူနိုင်မည် ဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှူးမှ ပြောကြားသွားသည်။

ဇော်ဆိုင်း
Credit >>> Kachin Daily News

No comments:

Post a Comment