Wednesday 21 January 2015

ဒုက္ခသည်စခန်းတွင် လုပ်အားပေးနေသော ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရ

ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာရှိ ကချင်စစ်ဘေးဒုက္ခသည်စခန်းတွင် လုပ်အားပေး စာသင် နေသည့်ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ကာ အသတ်ခံရကြောင်းသတင်းရရှိ သည်။

ဇန်နဝါရီ ၂၀ ရက် နံနက် အစောပိုင်းက ကောင်းခါးကျေး ရွာအနီးတွင် စေတနာ့ ဝန်ထမ်း ဆရာမနှစ်ဦး စလုံး သေဆုံးလျက်တွေ့ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ဒုတိယပြည်နယ် ရဲတပ် ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘စစစ်နေပြီ။ ပိတ်ဆို့ဖမ်းဆီးဖို့လုပ်နေပြီ။ ရုပ်အလောင်းတွေကို အခုပဲမူဆယ်ဆေး ရုံမှာရင်ခွဲ စစ်နေတယ်’’ ဟု ပြောသည်။ တရားခံတစ်ဦးထက်ပိုနိုင်ကြောင်း သုံးသပ်ပေးသော်လည်း စစ်ဆေး နေဆဲဖြစ်သောကြောင့် ဖြစ်စဉ် အသေးစိတ်ကိုမပြောနိုင်သေး ကြောင်း ပြောသည်။

ကျောင်းဆရာမလေးနှစ်ဦးမှာ အသက် (၂၀)ဝန်းကျင်သာရှိသေးပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) က ဒုက္ခသည်စခန်းတွင်စာသင်ရန် ခန့်အပ် ထားခြင်းဖြစ်သည်။ တစ်ဦးမှာ ဝိုင်းမော်မြို့ ဇာတိဖြစ်ပြီး ကျန်တစ်ဦးမှာ မြစ်ကြီး နားမြို့မှ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ကျောင်းဆရာမနှစ်ဦး ယခုကဲ့သို့ ကျူးလွန်ခြင်း ခံရသည့်အပေါ် စိတ်မကောင်းဖြစ်မိပြီးအမှုမှန်အမြန် ဖော်ထုတ်ပေးစေလိုကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်(KBC) တာဝန်ရှိ သူတစ်ဦးကပြောသည်။ ဒေသခံ ဦးစိုင်းအေးက ပန်ဆိုင်းမြို့နှင့် အနီးတစ်ဝိုက်တွင် မူးယစ်ဆေးကြောင့် လေလွင့်ပျက်စီးနေသူ များစွာရှိနေပြီး လုံခြုံမှုမ ရှိကြောင်း ပြောသည်။

7Day DAILY 

No comments:

Post a Comment