Wednesday 21 January 2015

တိုက်ပွဲများကြောင့် အင်ခါဂါကျေးရွာတွင် ဒေသခံ ၁၀၀ခန့် ပိတ်မိ

အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် မချမ်းဘောမြို့နယ်၊ အင်ခါဂါကျေးရွာ ဒေသခံတစ်ရာ နီးပါးထွက်ပြေးတိမ်းရှောင်နေပြီး ယင်းရွာအတွင်း ဒေသခံအချို့ ပိတ်မိနေကြောင်း ကချင် နှစ်ခြင်း အသင်းတော်(ပူတာအိုဇုန်)မှ သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက်က အင်ခါ ဂါကျေးရွာတွင် တပ်ဖွဲ့ထားသည့် အစိုးရတပ်က ကေအိုင်အေစခန်း များသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည့် အတွက် ဒေသခံများမှာ မချမ်း ဘောမြို့သို့ တိမ်း ရှောင် နေကြခြင်းဖြစ်ကြောင်း ပူတာအိုနှစ်ခြင်း အသင်းတော်မှ ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။

‘‘အင်ခါဂါနဲ့ မပြုံးရွာတွေက တိမ်းရှောင်လာတဲ့ ဒေသခံရှစ် ဆယ်ကျော်ဟာ လမ်းမှာပဲ ရှိသေး တယ်’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အင်ခါဂါဒေသခံ ၁၁ ဦးကို ပူတာအို နှစ်ခြင်းအသင်းတော်မှ စက်လှေဖြင့် သွားရောက်ခေါ်ယူ နိုင်ခဲ့သော် လည်း လက်ရှိတွင် ဒေသခံ ၁၀ ဦးကျော် ကျန်ရှိနေသေးကြောင်း အဆိုပါအသင်းတော်မှ သတင်းရရှိသည်။

ထို့အပြင် မချမ်းဘောသို့ တိမ်းရှောင်လာသော ဒေသခံ ၈၀ ကျော်မှာလည်း လမ်းခရီးတွင် အဆက်အသွယ် ပြတ်တောက်နေ ကြောင်း နှစ်ခြင်းအသင်းတော်က ပြောကြားသည်။

၂၀၁၃ သြဂုတ်ကလည်း အစိုးရတပ်နှင့် ကေအိုင်အေတို့ အင်ခါဂါကျေးရွာဝန်းကျင်တွင် တိုက်ပွဲများဖြစ် ပွားခဲ့ပြီး ဒေသခံ များမှာ မချမ်းဘောမြို့၌ တိမ်းရှောင်ခိုလှုံနေဆဲဖြစ်သည်။

ဖားကန့်ဒေသအောင်ဘာ လေကျေးရွာတွင်လည်း အစိုးရ တပ်နှင့် ကေအိုင်အေတို့ ဇန်န၀ါ ရီ ၁၅ ရက်က တိုက်ပွဲ များဖြစ်ပွား ခဲ့မှုကြောင့် ကျောင်းသားများ အပါအ၀င် ဒေသခံတစ်ထောင် ကျော် ပိတ်မိနေခဲ့သည်။

တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ကေအိုင်အေဘက်မှ ဥပဒေချိုးဖောက်မှုကြောင့် နယ် မြေရှင်းလင်း မှုများ ပြုလုပ်ခဲ့ခြင်း သာဖြစ်ပြီး ယခုတိုက်ပွဲများနှင့် ပတ်သက်၍ မကြာမီသတင်းအ ပြည့်အစုံ ထုတ်ပြန် ပေးမည်ဟု ပြောသည်။

7Day DAILY 

No comments:

Post a Comment