Wednesday 21 January 2015

ဂျပန်နိုင်ငံ မှ ချေးငွေ ဂျပန်ယန်း ၁၀.၅၀၀ ဘီလီယံ ချေးယူရန် အတွက် လွှတ်တော်တွင် တင်ပြ

ဆယ်သွယ်နည်းပညာ ၀န်ကြိးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာ့ဆက်သွယ်ရေး ကွန် ရက် ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA ) ထံမှ ဂျပန်ယန်း ၁၀.၅၀၀ ချေးယူနိုင်ရန် သဘောတူညီချက်ရရှိပြိး ဖြစ်ကာ ပြည်ထောင်စု လွှတ် တော် မှအတည်ပြုချက်ရယူနိုင်ရန် ယခု ၂၀ ရက်နေ့ ကကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ဆက် သွယ်ရေးနှင့် နည်းပညာဝန်ကြိးဌာန ဒုတိယ၀န်ကြိး ဦးသောင်းတင်မှ လာရောက်ရှင်းလင်း တင်ပြခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဌာန်းပေးလိုက်သော ဆက်သွယ်ရေး နှင့် ဆက်သွယ်ရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ မိုဘိုင်းဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုများကို ပုဂ္ဂလိက အော်ပရေတာ မျာမှ စတင် ဆောင်ရွက်လျက်ရှိပါတယ် ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်လုံခြုံရေး နှင့်ပက်သက်သည့် ကိစ္စရပ် များ ကြိုးဖုန်း နှင့် ဖက်စ် လိုင်းများ အထူးလုံခြုံမှုလိုအပ်တဲ့ ဘဏ်စနစ် Network နဲ့ လုပ်ငန်းသဘာဝအရ သိးခြား လုပ်ဆောင်ရတဲ့ အထူးစီးပွားရေးဇုန်လုပ်ငန်းများ အင်တာနက် နှင့်ဆိုင်သော ဆိုက်ဘာ လုံခြုံရေး နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်သွယ်တဲ့ စနစ်တွေမှာတော့ နိုင်ငံတော်ကသာဆောင်ရွက်ရမှာ ဖြစ်ပါတယ် ယခုချေးယူခွင်ရရှိခဲ့ရင် အဆိုပါ ကိစ္စရပ်များအဆွက် အသုံးပြုသွားမှာဖြစ်ပါတယ် ဒီချေးငေါနဲ့ အဆိုပြုထားတဲ့ စမံကိန်းများတည်ဆောက်ပြိးစီးသွားပါကလည်း အော်ပရေတာ နှင့် အခြားငှားရမ်း အသုံးပြုသူများကို ပြန်လည် ငှားရမ်းအသုံးပြုခြင်းဖြင့် ၀င်ငွေပြန်လည်ရရှိသွားမှာ ဖြစ်ပါသဖြင့် ပြန်လယ် ပေးဆပ်ရာ အခက်အခဲ မရှိကြောင်းတွေ့ ရှိရ ပါတယ် ” ဒုဝန်ကြိးက လာရောက်ရှင်းလင်းတင်ပြသည်။

ချေးငွေ၏ အတိုးနှုန်းမှာ ၀.၀၁ ဖြစ်ပြိး ဆိုင်းငံကာလ ၁၀ နှစ် ပြန်ဆပ်ကာလ နှစ် ၃၀ ဖြင့် သက်တမ်းကာလ ၄၀ နှစ်ဖြစ်ပြိး သတ်မှတ်ကာလအမီ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ထားပြိး လွှတ်တော်မှ ခွင့်ပြုပါက အလေအလွင့် မရှိစေရန် စိစစ်သုံးစွဲ သွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို နာခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ချေးငွေဖြင့် ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေး မြို့ များကို ဆက်သွယ်ထားသော ပင်မဖိုင်ဘာ ဆက်ကြောင်း အတွက် စက်ပစ္စည်းများတပ်ဆင်ခြင်း ၊ ရန်ကုန်မြို့ တွင်း ဆက်သ်ွရေးကွန်ယက် အခြေခံ အဆောက်အအုံများတညိဆောက်ခြင်း နှင့် မြန်နှုန်းမြင့် ဖိုင်ဘာ ကေဘယ်နှင့် စက်ပစ္စည်းများတပ်ဆင်ခြင်း ၊နေပြည်တော်နှင့် ရန်ကုန်မြို့ တို့ တွင် National Getway များအဆင့်မြှင့်တင်ခြင်း ၊ ရန်ကုန်မြို့ တွင် ISP 2 အဆင့်မြှင့်တင်ခြင်း နှင့် IPV 6 စနစ် စတင်သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်း ၊ သိလ၀ါ အထူးစီးပွားရေး ဇုန်တွင် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ကို ဆောက်လုပ် သွား မည်ဖြစ်ကြောင်း သိရသည်။

The Street View 

No comments:

Post a Comment