Wednesday 21 January 2015

ကမ္ဘ့ာအမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား ထိန်းသိမ်းမှု ဌာနများခွဲ၍ လုပ်ဆောင်မည်

Photo: ကမ္ဘ့ာအမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား ထိန်းသိမ်းမှု ဌာနများခွဲ၍ လုပ်ဆောင်မည်
Wednesday, January 21, 2015

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ဘုရားရှိ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံရသဖြင့် ထိန်းသိမ်းမှုများကို နည်းပညာ များအသုံးပြု ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှုဌာနစိတ်များ လုပ်ဆောင် သွားမည် ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကုသိုလ်တော် ဘုရားနဲ့ ဘုရားရှိ ကျောက်စာ ၇၂၉ ချပ်ကို ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပြင်ဆင်ဖို့လိုအပ် တဲ့ ကျောက်စာတွေကိုလည်း နည်းပညာတွေ အသုံးပြုပြင်ဆင်မယ်၊ ဌာန စိတ်တွေထားရှိပြီးလည်း ကျန်တဲ့ စောင့်ရှောက်မှုပိုင်းတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ" ဟု ၎င်းက ပြောသည်။

ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "နိုင်ငံခြားသားတွေ လာရောက် လေ့လာမှုကတော့ တစ်ရက်ကို နှစ် ဆယ်ဝန်းကျင်ကနေ များတဲ့ရက်ဆို ငါးဆယ်နီးပါးထိ ရှိတယ်၊ ဒါကြောင့် ထိန်းသိမ်းမှုအပြင် ဘုရားပရဝဏ်အတွင်း အမြင်မတင့်တယ်တာတွေကိုလည်း ဖယ်ရှားမှာ ဖြစ်တယ်" ဟု ပြောသည်။

ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ရာတွင် ရွှေကျောင်းကြီး ထိန်းသိမ်းစောင့်ရှောက်မှု ဌာနစိတ်ကို ဖွဲ့စည်းထားရှိပြီးကုသိုလ်တော် ဘုရားဝန်းကျင်ရှိ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားများနှင့် အတူပူးပေါင်း လုပ် ဆောင်လျက် ရှိသည်။

အဆိုပါ ကုသိုလ်တော်ဘုရားမှာ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းက သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်တွင် စတင်တည်ထားခဲ့ပြီး ကျောက်စာအရေအတွက်အဖြစ် ဝိနည်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာကျောက်စာ ၂ဝ၈ ချပ်နှင့် သုတ္တန်ကျောက်စာ ၄၁ဝ ချပ် စုစုပေါင်း ၇၂၉ ချပ်နှင့် မင်းတုန်းမင်းတရား ကုသိုလ်တော်စာရင်းပါ ကျောက်စာတစ်ချပ် စုစုပေါင်း ၇၃ဝ ကို ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသားများ လာရောက်ကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသားများ လာရောက် ကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ဘုရားရှိ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ဟု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံရသဖြင့် ထိန်းသိမ်းမှုများကို နည်းပညာ များအသုံးပြု ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှုဌာနစိတ်များ လုပ်ဆောင် သွားမည် ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကုသိုလ်တော် ဘုရားနဲ့ ဘုရားရှိ ကျောက်စာ ၇၂၉ ချပ်ကို ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပြင်ဆင်ဖို့လိုအပ် တဲ့ ကျောက်စာတွေကိုလည်း နည်းပညာတွေ အသုံးပြုပြင်ဆင်မယ်၊ ဌာန စိတ်တွေထားရှိပြီးလည်း ကျန်တဲ့ စောင့်ရှောက်မှုပိုင်းတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ" ဟု ၎င်းက ပြောသည်။

ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "နိုင်ငံခြားသားတွေ လာရောက် လေ့လာမှုကတော့ တစ်ရက်ကို နှစ် ဆယ်ဝန်းကျင်ကနေ များတဲ့ရက်ဆို ငါးဆယ်နီးပါးထိ ရှိတယ်၊ ဒါကြောင့် ထိန်းသိမ်းမှုအပြင် ဘုရားပရဝဏ် အတွင်း အမြင်မတင့်တယ်တာတွေကိုလည်း ဖယ်ရှားမှာ ဖြစ်တယ်" ဟု ပြောသည်။

ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ရာတွင် ရွှေကျောင်းကြီး ထိန်းသိမ်းစောင့်ရှောက်မှု ဌာနစိတ်ကို ဖွဲ့စည်း ထားရှိပြီးကုသိုလ်တော် ဘုရားဝန်းကျင်ရှိ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားများနှင့် အတူပူးပေါင်း လုပ် ဆောင်လျက် ရှိသည်။

အဆိုပါ ကုသိုလ်တော်ဘုရားမှာ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းက သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်တွင် စတင်တည်ထားခဲ့ပြီး ကျောက်စာအရေအတွက်အဖြစ် ဝိနည်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာကျောက်စာ ၂ဝ၈ ချပ်နှင့် သုတ္တန်ကျောက်စာ ၄၁ဝ ချပ် စုစုပေါင်း ၇၂၉ ချပ်နှင့် မင်းတုန်းမင်းတရား ကုသိုလ်တော်စာရင်းပါ ကျောက်စာတစ်ချပ် စုစုပေါင်း ၇၃ဝ ကို ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment