Wednesday 21 January 2015

ဝစီပိတ်ကျင့်ရတော့မည် ဖြစ်သောကြောင့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး ခုနှစ်ရက် နားမည်ဟု ဦးကျော်ဝင်း ပြော

Photo: ၀စီပိတ်ကျင့်ရတော့မည် ဖြစ်သောကြောင့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး
ခုနှစ်ရက် နားမည်ဟု ဦးကျော်ဝင်း ပြော
Wednesday, January 21, 2015 

ရန်ကုန်မြစ်အတွင်း သန်လျင် ရေနံချက်စက်ရုံအနီးတွင် ရှာဖွေနေသော ဓမ်္မ စေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းစဉ် အတွက် ၇ ရက် ၀စီပိတ် နေထိုင်ရတော့ မည်ဖြစ်သောကြောင့် ရှာဖွေရေးလုပ်ငန်း များ ခုနှစ်ရက်ရပ်နားထားမည်ဖြစ်ကြောင်း ရှာဖွေသူဦးကျော်ဝင်းက ဇန်န၀ါရီ ၂၀ ရက်တွင် ပြည်မြန်မာသို့ ပြောသည်။
““ဒီနေ့ကနောက်ဆုံးပေါ့ဗျာ၊ နောက် ရက်ကစလို့ ကျွန်တော်ဘာသတင်းမှပြောလို့ရတော့မှာမဟုတ်ဘူး၊ ၇ ရက် ၀စီပိတ် နေရတော့မယ်၊ ဒါကြောင့် နောက် ၇ ရက် ကြာမှပြန်ဆက်သွယ်ပါ ““ဟု ၎င်းကပြော သည်။ခေါင်းလောင်းရှိသည်ဟု ၄င်းခန့်မှန်း ထားသောနေရာသည် ဖြစ်နိုင်ချေရှိသော နေရာဟု ထင်မြင်ကြောင်း သြစတေးလျ ရေငုပ်သမားတစ်ဦးကလည်း မှတ်ချက် ပြုခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဇန်န၀ါရီ ၁၂ ရက်တွင်စတင်ခဲ့ပြီး ၎င်းသည်ရေအောက်တိုင်းတာရှာဖွေရေးစက် တစ်လုံး စက်လှေတစ်စင်းဖြင့် ရှာဖွေနေ ခြင်းဖြစ်သည်။
၎င်း၏အဆိုအရ ဇန်န၀ါရီ၁၈ ရက် က ပုံရိပ်ဖမ်းစက်တွင်တွေ့ရှိသော ဓမ္မစေ တီခေါင်းလောင်းဟုထင်ရသော အရာကို တွေ့ရှိခဲ့သည် ဆိုသော်လည်း အဆိုပါနေရာအား ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းတွင် ရေငုပ်သမားများက ဦးကျော်ဝင်းညွှန်ပြ သောနေရာကို ရေငုပ်ရှာဖွေစဉ်ခေါင်း လောင်းနှင့်တူသောအရာကိုမတွေ့ခဲ့ရဘဲကျောက်တုံးများနှင့်ရေအောက်ကမ်းပါးယံများ သာတွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ခေါင်းလောင်းရှာဖွေခွင့်ရက်နှင့်ပတ် သက်၍၄င်းကိုအစိုးရမှ မကန့်သတ်ထား ဘဲ ရှာဖွေခွင့်ပေးထားကြောင်း ဦးကျော် ၀င်းကပြောခဲ့သည်။
ထို့ပြင် ရေငုပ်ခ တစ်နေ့လျှင် ကျပ် နှစ်သိန်းခွဲပေးရသဖြင့် ပြန်လည်စဉ်စားဦး မည်ဟုလည်း ဇန်န၀ါရီ ၁၉ ရက်က ပြော ကြားခဲ့သည်။ ဆယ်ယူရေးလုပ်ငန်းကို နိုင်ငံတော်က တာဝန်ပေးပါကချက်ချင်းလုပ်ဆောင်မည်ဖြစ်ပြီးလောလောဆယ်အစိုးရအဖွဲ့အား အသိမပေးရသေးကြောင်းလည်း ထိုစဉ်က ပြောကြားခဲ့သည်။
၎င်းသည်ငါးဖမ်းသင်္ဘောများတွင်အသုံးများသောရေအောက်ရှာဖွေတိုင်းတာ ရေး
စက် (Samyung N 800GPS LCD ColorPlotter) ဖြင့် ရှာဖွေနေခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်က ခေါင်းလောင်းအားအမှန်တကယ်တွေ့ရှိပြီဟုလည်း ပြော ကြားခဲ့သေးသည်။လွန်ခဲ့သော နှစ်ပေါင်းလေးရာခန့်ကနစ်မြုပ်ခဲ့သည်ဆိုသော အဆိုပါဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လပိုင်းက ဦးစံလင်းဦးဆောင် သောအဖွဲ့ ၀ိဇ္ဇာဦးစားပေးအစီအစဉ်များ ဖြင့်ရှာဖွေခဲ့ရာတွင် ခေါင်းလောင်းကို အ မှန်တကယ်မတွေ့ရှိခဲ့ဘဲ နောက်ဆုံးတွင် ရှာဖွေမှုကို ရပ်နားခဲ့သည်။
ဦးကျော်ဝင်းက ၎င်းင်းအနေဖြင့် ယခု ရှာဖွေမှုတွင် ၀ိဇ္ဇာလိုင်းအား မပစ်ပယ် သကဲ့သို့ သိပံ္ပလိုင်းကို ပိုမိုဦးစားပေးမည် ဟုလည်းဆက်လက်ပြောကြားခဲ့ပြီးနောက် တွင် ယခုကဲ့သို့ ၀စီပိတ် ၇ ရက်နေရမည် ဟူ၍ဖြစ်လာခဲ့ခြင်းဖြစ်သည်။

Pyimyanmar
ရန်ကုန်မြစ်အတွင်း သန်လျင် ရေနံချက်စက်ရုံအနီးတွင် ရှာဖွေနေသော ဓမ်္မ စေတီခေါင်းလောင်း ရှာဖွေရေး လုပ်ငန်းစဉ် အတွက် ၇ ရက် ၀စီပိတ် နေထိုင်ရတော့ မည်ဖြစ်သောကြောင့် ရှာဖွေရေးလုပ်ငန်းများ ခုနှစ်ရက်ရပ်နားထားမည်ဖြစ်ကြောင်း ရှာဖွေသူဦးကျော်ဝင်းက ဇန်န၀ါရီ ၂၀ ရက်တွင် ပြည်မြန်မာသို့ ပြောသည်။

““ဒီနေ့ကနောက်ဆုံးပေါ့ဗျာ၊ နောက် ရက်ကစလို့ ကျွန်တော်ဘာသတင်းမှပြောလို့ရတော့မှာမဟုတ်ဘူး၊ ၇ ရက် ၀စီပိတ် နေရတော့မယ်၊ ဒါကြောင့် နောက် ၇ ရက် ကြာမှပြန်ဆက်သွယ်ပါ ““ဟု ၎င်းကပြော သည်။ခေါင်းလောင်းရှိသည်ဟု ၄င်းခန့်မှန်း ထားသောနေရာသည် ဖြစ်နိုင်ချေရှိသော နေရာဟု ထင်မြင် ကြောင်း သြစတေးလျ ရေငုပ်သမားတစ်ဦးကလည်း မှတ်ချက် ပြုခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဇန်န၀ါရီ ၁၂ ရက်တွင် စတင်ခဲ့ပြီး ၎င်းသည်ရေအောက်တိုင်းတာရှာဖွေရေးစက် တစ်လုံး စက်လှေတစ်စင်းဖြင့် ရှာဖွေနေ ခြင်းဖြစ် သည်။

၎င်း၏အဆိုအရ ဇန်န၀ါရီ၁၈ ရက် က ပုံရိပ်ဖမ်းစက်တွင်တွေ့ရှိသော ဓမ္မစေ တီခေါင်းလောင်းဟု ထင်ရ သော အရာကို တွေ့ရှိခဲ့သည် ဆိုသော်လည်း အဆိုပါနေရာအား ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းတွင် ရေငုပ် သမားများက ဦးကျော်ဝင်းညွှန်ပြ သောနေရာကို ရေငုပ်ရှာဖွေစဉ်ခေါင်း လောင်းနှင့်တူသော အရာကို မတွေ့ခဲ့ရဘဲကျောက်တုံးများနှင့်ရေအောက်ကမ်းပါးယံများ သာတွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။ 

ခေါင်းလောင်းရှာဖွေခွင့်ရက်နှင့်ပတ် သက်၍၄င်းကိုအစိုးရမှ မကန့်သတ်ထား ဘဲ ရှာဖွေခွင့်ပေးထားကြောင်း ဦးကျော် ၀င်းကပြောခဲ့သည်။ 

ထို့ပြင် ရေငုပ်ခ တစ်နေ့လျှင် ကျပ် နှစ်သိန်းခွဲပေးရသဖြင့် ပြန်လည်စဉ်စားဦး မည်ဟုလည်း ဇန်န၀ါရီ ၁၉ ရက်က ပြော ကြားခဲ့သည်။ ဆယ်ယူရေးလုပ်ငန်းကို နိုင်ငံတော်က တာဝန်ပေးပါကချက်ချင်း လုပ် ဆောင်မည် ဖြစ်ပြီးလောလောဆယ်အစိုးရအဖွဲ့အား အသိမပေးရသေးကြောင်းလည်း ထိုစဉ်က ပြောကြား ခဲ့သည်။

၎င်းသည်ငါးဖမ်းသင်္ဘောများတွင် အသုံးများသောရေအောက်ရှာဖွေတိုင်းတာ ရေးစက် (Samyung N 800GPS LCD ColorPlotter) ဖြင့် ရှာဖွေနေခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်က ခေါင်းလောင်းအား အမှန်တကယ်တွေ့ရှိပြီဟုလည်း ပြောကြားခဲ့သေးသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးရာခန့်က နစ်မြုပ် ခဲ့သည် ဆိုသော အဆိုပါဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လပိုင်းက ဦးစံလင်းဦးဆောင် သောအဖွဲ့ ၀ိဇ္ဇာဦးစားပေးအစီအစဉ်များ ဖြင့်ရှာဖွေခဲ့ရာတွင် ခေါင်းလောင်းကို အ မှန်တကယ်မတွေ့ရှိခဲ့ဘဲ နောက်ဆုံးတွင် ရှာဖွေမှုကို ရပ်နားခဲ့သည်။ 

ဦးကျော်ဝင်းက ၎င်းင်းအနေဖြင့် ယခု ရှာဖွေမှုတွင် ၀ိဇ္ဇာလိုင်းအား မပစ်ပယ် သကဲ့သို့ သိပံ္ပလိုင်းကို ပိုမိုဦးစားပေးမည် ဟုလည်းဆက်လက်ပြောကြားခဲ့ပြီးနောက် တွင် ယခုကဲ့သို့ ၀စီပိတ် ၇ ရက်နေရမည် ဟူ၍ဖြစ်လာခဲ့ခြင်းဖြစ်သည်။

Pyimyanmar 

No comments:

Post a Comment