Thursday 3 January 2013

မလေးတွင် ရခိုင်(၃) ဦး အသတ်ခံရပြီးနောက် ရခိုင်တချို့ နေရပ်ပြန်


မလေးတွင် ရခိုင်(၃) ဦး အသတ်ခံရပြီးနောက် ရခိုင်တချို့ နေရပ်ပြန်
Thursday, January 03, 2013

မလေးရှားနိုင်ငံ Alor Setar ခရိုင်တွင် ရခိုင် အလုပ်သမား (၃) ဦး အသတ်ခံရပြီးနောက်ပိုင်း အဆိုပါ ဒေသတွင် အလုပ် လုပ်ကိုင်နေသော ရခိုင်အမျိုးသား တချို့ မိမိ နေရပ် ဒေသသို့ပြန်သွားကြသည်ဟု မလေးရောက် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုမောင်သန်းနိုင်က ပြောသည်။
သတ်ဖြတ်ခံခဲ့ရသော ရခိုင် တစ်ဦး၏ အလောင်းကို တွေ့ရစဉ်။

“ ဒီဇင်္ဘာလ ၃၀ နေ့က တသုတ်ပြန်တယ်။ ဒီလ တစ်ရက်နေ့က တသုတ်ပြန်တယ်။ စုစုပေါင်း (၉) ယောက်ပါ။ မြောက်ဦးမြို့နယ်က သူတို့ရွာတွေကို ပြန်သွားကြပါတယ်” ဟု ဆိုသည်။

ကျန် ရခိုင် အမျိုးသား (၇) ဦးခန့်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ထွက်ခွာသွားကြသည်ဟု သူက ဆက်ပြောသည်။

“ အခု အလုပ် လုပ်နေတဲ့သူတွေက တရားမ၀င် လာရောက် အလုပ် လုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်ကြတော့ မလေးရဲကိုလည်း ကြောက်ရတယ်။ ကုလားတွေရဲ့ ရန်ကိုလည်း ကြောက်ရတော့ အကုန်လုံးက အဲဒီ အခင်း ဖြစ်ပွားတဲ့ နေရာက ရှောင်ထွက်သွားကြပါတယ်” ဟု ပြောသည်။

ယခုအခါ ရခိုင် အမျိုးသား (၃) ဦး အသတ်ခံရမူနှင့် ပတ်သက်ပြီး ရခိုင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မီတီ (မလေးရှား) က ရဲစခန်းတွင် အမူဖွင့် တိုင်ကြားလိုက်ပြီ ဖြစ်သည်ဟု အထွေထွေ အတွင်းရေးမှူး ကိုစောသန်းက ပြောသည်။

“ ကျွန်တော်တို့ အခု Alor Setar က ဆေးရုံကို ရောက်နေပါတယ်။ ရဲတွေနဲ့ အတူ ဆေးစစ်ချက်တွေကို လာယူပါတယ်။ ရဲစခန်းမှာတော့ ကျွန်တော်တို့ အမူဖွင့်ထားပါတယ်။ မလေးတွေကတော့ ရာဇ၀တ်မူ ဖြစ်တဲ့ အတွက် ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

မလေးရဲက ယမန်နေ့က အခင်း ဖြစ်ပွားသော နေရာကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပြီး အနီးအနားတွင် နေထိုင်သူ မြန်မာက မွတ်ဆလင် ၁၅ ဦးခန့်ကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ကိုစောသန်းက ဆိုသည်။

သေဆုံးသွားခဲ့သူ (၃) ဦး အလောင်းကို ယခု အချိန်ထိ ဆေးရုံတွင် သိမ်းဆည်းထားပြီး နောက်လာမည့် တနင်္ဂနွေနေ့မှ အလောင်းများကို သဂြိုလ်ရန် ထုတ်ပေးမည်ဟု သိရသည်။

သတ်ဖြတ်ခံရသူများမှာ ကျောက်တော် မြို့နယ် ပေါက်တော ပလောင် ကျေးရွာမှ (ဘ) ဦးဖိုးသာနှင့် (မိ) ဒေါ်ဦးမျှသိန်း တို့၏ သား မောင်ခိုင်သောင်း(၃၈)နှစ်၊ မြောက်ဦးမြို့နယ် စေတီတောင်ရွာမှ (ဘ) မောင်လှယဉ်၏ သားလှရှင်မောင်(၂၁) နှစ်နှင့် (ဘ )မောင်စံအေး၏သား မောင်သန်းရွှေ (၂၁) တို့ ဖြစ်ကြသည်။

လွှတ်မြောက်လာသူ တစ်ဦးမှာ အထွီးချေ(၄၈)နှစ် ဖြစ်သည်။

ကိုအထွီးချေကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက သူတို့ကို သတ်ဖြတ်သူများမှာ ရခိုင်ဘက်က လာသော မွတ်ဆလင်များ ဖြစ်သည်ဟု ပြောသည်။

“ သူတို့က ညဥ့် ၁၁ နာရီကျော်မှာ ကျွန်တော်တို့ အိပ်နေတဲ့ တဲထဲကို ၀င်လာပြီး လည်ပင်းကို ဓါးနဲ့ထောက်ပြီး ကြိုးနဲ့ တုတ်ပါတယ်။ ပထမတော့ သူတို့က မလေးလို ပြောတယ်။ သူတို့အချင်းချင်းကျတော့ နောက်တစ်မျိုး ပြောတယ်။ ကျွန်တော်လည်း သူတို့ ပြောတာလောက်တော့ ရိပ်မိပါတယ်။ လူပေါင်းက ၁၂ ဦး၊ ၁၃ ဦးခန့်ပါ ပါတယ်။ သူက ရခိုင်ပြည်က လာတဲ့ မွတ်ဆလင်တွေ ဆိုတာကို ကျနော် အတိအကျ ပြောနိုင်ပါတယ်” ဟု ဆိုသည်။

ယခုအခါ ကိုအထွီးချေမှာ လုံခြုံသော နေရာတစ်ခုကို ရောက်ပြီး ရခိုင်အမျိုးသားများက စောင့်ရှောက်ထားကြောင်း သူက ပြောသည်။

ရခိုင် အမျိုးသား (၃) ဦး အသတ်ခံရမူကို မလေးရှား Channel – 3 တီဗွီမှ ထုတ်လွှင့်ပြသွားသည်ဟု သိရသည်။

Narinjara
သတ်ဖြတ်ခံခဲ့ရသော ရခိုင် တစ်ဦး၏ အလောင်းကို တွေ့ရစဉ်။
မလေးရှားနိုင်ငံ Alor Setar ခရိုင်တွင် ရခိုင် အလုပ်သမား (၃) ဦး အသတ်ခံရပြီးနောက်ပိုင်း အဆို ပါ ဒေသ တွင် အလုပ်လုပ်ကိုင်နေသော ရခိုင်အမျိုးသား တချို့မိမိ နေရပ် ဒေသသို့ပြန်သွားကြသည်ဟု မလေးရောက် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုမောင်သန်းနိုင်က ပြောသည်။


“ ဒီဇင်္ဘာလ ၃၀ နေ့က တသုတ်ပြန်တယ်။ ဒီလ တစ်ရက်နေ့က တသုတ်ပြန်တယ်။ စုစုပေါင်း (၉) ယောက် ပါ။ မြောက်ဦးမြို့နယ်က သူတို့ရွာတွေကို ပြန်သွားကြပါတယ်” ဟု ဆိုသည်။

ကျန် ရခိုင် အမျိုးသား (၇) ဦးခန့်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ထွက်ခွာသွားကြသည်ဟု သူက ဆက်ပြောသည်။

“ အခု အလုပ်လုပ်နေတဲ့သူတွေက တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်ကြတော့ မလေးရဲကိုလည်း ကြောက်ရတယ်။ ကုလားတွေရဲ့ရန်ကိုလည်း ကြောက်ရတော့အကုန်လုံးက အဲဒီ အခင်း ဖြစ်ပွားတဲ့ နေရာကရှောင်ထွက်သွားကြပါတယ်” ဟု ပြောသည်။

ယခုအခါ ရခိုင်အမျိုးသား (၃)ဦး အသတ်ခံရမူနှင့် ပတ်သက်ပြီး ရခိုင်ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မီတီ (မလေးရှား) က ရဲစခန်းတွင် အမူဖွင့်တိုင်ကြားလိုက်ပြီ ဖြစ်သည်ဟု အထွေထွေ အတွင်းရေးမှူး ကိုစောသန်းက ပြောသည်။

“ ကျွန်တော်တို့ အခု Alor Setar က ဆေးရုံကို ရောက်နေပါတယ်။ ရဲတွေနဲ့ အတူ ဆေးစစ်ချက်တွေကို လာယူပါတယ်။ ရဲစခန်းမှာတော့ ကျွန်တော်တို့ အမူဖွင့်ထားပါတယ်။ မလေးတွေကတော့ ရာဇ၀တ် မူ ဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

မလေးရဲက ယမန်နေ့က အခင်း ဖြစ်ပွားသော နေရာကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပြီး အနီး အနား တွင် နေထိုင်သူ မြန်မာက မွတ်ဆလင် ၁၅ ဦးခန့်ကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ကိုစောသန်းက ဆို သည်။

သေဆုံးသွားခဲ့သူ (၃) ဦး အလောင်းကို ယခု အချိန်ထိ ဆေးရုံတွင် သိမ်းဆည်းထားပြီး နောက်လာမည့် တနင်္ဂနွေနေ့မှ အလောင်းများကို သဂြိုလ်ရန် ထုတ်ပေးမည်ဟု သိရသည်။

သတ်ဖြတ်ခံရသူများမှာ ကျောက်တော် မြို့နယ် ပေါက်တော ပလောင် ကျေးရွာမှ (ဘ) ဦးဖိုးသာနှင့် (မိ) ဒေါ်ဦးမျှသိန်း တို့၏ သား မောင်ခိုင်သောင်း(၃၈)နှစ်၊ မြောက်ဦးမြို့နယ် စေတီတောင်ရွာမှ (ဘ) မောင်လှယဉ်၏ သားလှရှင်မောင်(၂၁) နှစ်နှင့် (ဘ )မောင်စံအေး၏သား မောင်သန်းရွှေ (၂၁) တို့ ဖြစ်ကြ သည်။

လွှတ်မြောက်လာသူ တစ်ဦးမှာ အထွီးချေ(၄၈)နှစ် ဖြစ်သည်။

ကိုအထွီးချေကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက သူတို့ကို သတ်ဖြတ်သူများမှာ ရခိုင်ဘက်က လာသော မွတ်ဆလင်များ ဖြစ်သည်ဟု ပြောသည်။

“ သူတို့က ညဥ့် ၁၁ နာရီကျော်မှာ ကျွန်တော်တို့ အိပ်နေတဲ့တဲထဲကိုဝင်လာပြီး လည်ပင်းကို ဓါးနဲ့ ထောက်ပြီး ကြိုးနဲ့ တုတ်ပါတယ်။ ပထမတော့ သူတို့က မလေးလို ပြောတယ်။ သူတို့အချင်းချင်း ကျတော့ နောက်တစ်မျိုး ပြောတယ်။ ကျွန်တော်လည်း သူတို့ ပြောတာလောက်တော့ ရိပ်မိပါတယ်။ လူပေါင်းက ၁၂ ဦး၊ ၁၃ ဦးခန့်ပါ ပါတယ်။ သူက ရခိုင်ပြည်ကလာတဲ့ မွတ်ဆလင်တွေဆိုတာကို ကျနော် အတိအကျ ပြောနိုင်ပါတယ်” ဟု ဆိုသည်။

ယခုအခါ ကိုအထွီးချေမှာ လုံခြုံသော နေရာတစ်ခုကို ရောက်ပြီး ရခိုင် အမျိုးသား များက စောင့်ရှောက် ထားကြောင်း သူက ပြောသည်။

ရခိုင် အမျိုးသား (၃) ဦး အသတ်ခံရမူကို မလေးရှား Channel – 3 တီဗွီမှ ထုတ်လွှင့်ပြသွားသည်ဟု သိရသည်။

Narinjara

No comments:

Post a Comment